AD
AD
AD
play

 

Rap အဆိုတော် ဖြိုးလေး(Snare) နဲ့ ဝါဆိုမိုးဦးတို့ရဲ့ အချစ်ရေးကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါဘဲတဲ့။ ပုံစံချင်းမတူဘဲ လက်တွဲခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးက ညှိနှိုင်းရင်းနဲ့ဘဲ ချစ်သူသက်တမ်း ၂ နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်။ ကိုဖြိုးလေးနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တဲ့ စာသားအပေါ် ဝါဆိုမိုးဦးက Duwun Media ကနေ ပြောပြခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ဦးပြန်အဆင်ပြေသွားပါပြီတဲ့။

'' အချစ်ရေးကတော့အဆင်ပြေသွားပါပြီ။ Status ကတော့ သူနဲ့ ကိုယ့်ကြားမှာ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ဖောက်ပြန်တာ၊ သဝန်တိုတာ မျိုး မရှိဘူး။ လူမှုရေး ကိစ္စ။ စကြိုက်ကတည်းကလည်း Type မှမတူတာလေ သူကလည်း သူ့ပုံစံနဲ့သူ ဝါဆိုကလည်း ဝါဆို့ပုံစံနဲ့ ဝါဆို ဆိုတော့ ကြားထဲမှာ ညှိရင်း ညှိရင်းနဲ့ ၂ နှစ်ကျော်သွားတယ်။ တစ်ခါတလေကျရင် သေးသေးလေးတွေကအစ တေးထားတာလေးတွေများပြီးတော့ စိတ်တိုသွားတာပေါ့။ ကိုယ်က ဒီဟာ လုပ်ချင်တယ်၊ သူကဟိုဟာလုပ်ချင်တယ်ပေါ့ ဒါဆိုလဲ ပြတ်ပြီဟာ ဆိုပြီးတော့ပေါ့'' လို့ ပြောခဲ့ပါတယ်။

play

 

ဖြိုးလေးနဲ့ လမ်းခွဲလိုက်ပြီလို့ ဖေ့စ်ဘွတ်ကနေ ရင်ဖွင့်လိုက်မိတာကလည်း ရင်ထဲမှာ ခံစားနေရတာတွေ ပေါ့သွားအောင်၊ ပရိသတ်တွေပေးတဲ့ Comment လေးတွေဖတ်ပြီး စိတ်ကြည်လင်အောင် ရေးသားခဲ့တာလို့လည်း ဝါဆိုမိုးဦးက ပြောပါတယ်။ ဖေ့စ်ဘွတ်ဆိုတာကလည်း အနုပညာရှင်တွေနဲ့ ပရိသတ်တွေ တိုက်ရိုက်ထိတွေ့ပြီး စကားပြောလို့ရမယ်၊ ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ပရိသတ်သိအောင် ရင်ဖွင့်ဖို့ အတွက် သုံးဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့တုန်းက စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ဝါဆိုမိုးဦးက ပြန်လည်တောင်းပန်ခဲ့ပါတယ်။ သူတို့နှစ်ဦး ပြန်အဆင်ပြေခဲ့ကြတာကလည်း တွဲလာတဲ့ ချစ်သူသက်တမ်းလည်း ၂နှစ်ရှိပြီဖြစ်တဲ့အတွက် ပြန်လည်ညှိနှိုင်းရင်းနဲ့ဘဲ အဆင်ပြေသွားခဲ့တယ်လို့ သူကဆိုပါတယ်။

'' တကယ်တောင်းပန်ပါတယ်၊ ပြတ်ပြီလို့ပဲ တကယ်ယူဆတာပါ ဝါဆို့အနေနဲ့ကလည်း တကယ်ယူဆခဲ့တာပါ ပြတ်ပြီပေါ့နော်။ ဆုံးဖြတ်ချက် ချပြီးတော့ရေးလိုက်တာ သူ့ကိုလည်း ရေးကာနီးပြောတယ်၊ သူကတကယ်မရေးဘူးလို့ ထင်ထားတာ ပြတ်ပြီလို့ပြောလိုက်တော့မှ တကယ် ကြီးလားပေါ့။ ကိုယ်ကတော့ ရေးပြီးတော့ ပရိသတ်တွေနဲ့စကားတွေပြော Message တွေ ပို့ပြီး အိပ်ပျော်သွားတာ၊ ပြန်နိုးလာတော့ ဖုန်းတွေ ခေါ်ထားတာ အများကြီးပဲ၊ အဲ့ဒီတုန်းကလည်း တကယ်ပြတ်ပြီ အင်တာဗျူးတွေလည်း မဖြေဘူး၊ ကိုယ်လည်း စိတ်ထဲမှာ မကောင်းဘူးပေါ့နော်။ နောက်နေ့ကျတော့ ညှိမယ် ဆိုပြီးတော့ လာချော့တယ်၊ တတ်နိုင်သမျှလည်း ညှိကြမယ် ကြိုက်လာတာလည်း ကြာလှပြီဆိုတော့ ညှိရင်းနဲ့ ပြန်အဆင်ပြေသွားတာပါ'' လို့ ဝါဆိုမိုးဦးက ပြောပါတယ်။

play

 

ချစ်သူဖြစ်တဲ့ ဖြိုးလေး(Snare) က အလုပ်ကြိုးစားပြီိး လူကြီးဆန်တဲ့ အပိုင်းလေးတွေကို အဓိက သဘောကျတယ်လို့ ဝါဆိုမိုးဦးကပြောပါတယ်။ သူတို့ချစ်သူနှစ်ဦးမှာလည်း တစ်ယောက်နဲ့တစ်ယောက် လိုချင်တဲ့ ပန်းတိုင်တွေရှိတာကြောင့် လက်ထပ်ဖို့ကိစ္စ မဖြစ်လာနိုင်သေးဘူးလို့ သိရပါတယ်။

'' ကိုဖြိုးလေးက သူ့အသက်အရွယ်အလိုက် အလုပ်အရမ်းကြိုးစားတယ်၊ လူကြီးလည်းဆန်တယ် အဲ့ဒါကို အဓိက ဝါဆိုသဘောကျတယ်။ စိတ်ထားလေးလည်းကောင်းတယ်။ ဘာပြဿနာတွေဖြစ်လာဦးမလဲဆိုတာ သေချာမသိသေးဘူး။ ကြားထဲမှာ ကိုယ်ကလည်း ငယ်သေးတယ်။ ကိုဖြိုးလေးလည်း ကိုဖြိုးလေးလိုချင်တဲ့ ပန်းတိုင်ဆိုတာရှိတယ်၊ ဝါဆိုလည်း ဝါဆိုလိုချင်တဲ့ ပန်းတိုင်ဆိုတာ ရှိသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပန်းတိုင်ကို ရောက်ပြီဆိုမှ လက်ထပ်ကြမယ်။ အခုချိန်မှာတော့ လက်ထပ်ဖို့ထက် တစ်ယောက် ပန်းတိုင် တစ်ယောက် ကြိုးစားနေကြတဲ့ အချိန်ဆိုတော့ လက်ထပ်ဖို့ ကိစ္စကို မပြောသေးဘူး'' လို့ ဆိုပါတယ်။

play

 

ပြီးခဲ့တဲ့ မေလ ၅ရက်နေ့က သူတို့နှစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်း ဝါဆိုမိုးဦးက သူမရဲ့ အကောင့်ကနေ ကြေညာခဲ့ပါတယ်။ အဲ့သတင်းနဲ့ ပတ်သက် သူတို့နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်သွားခဲ့ပါသေးတယ်။

ဒါပေမယ့် မေလ(၇)ရက်နေ့မှာ ဖြိုးလေး အဖြူရောင်ပန်းစည်းလေးနဲ့ ဝါဆိုမိုးဦးကို ပြန်ချော့ခဲ့ပါတယ်။ အခုချိန်မှာတော့ ဖြိုးလေးနဲ့ ဝါဆိုတို့ရဲ့ အချစ်ရေးက ပုံမှန်အတိုင်း ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။

Postby

 

Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD