AD
AD
AD
play

 

ပရိသတ်တွေရဲ့ အချစ်တော် မိတ်ကပ်ပညာရှင်လည်းဖြစ်၊ အနုပညာအလုပ်တွေလည်း လုပ်နေရတဲ့ ခင်စန်းဝင်းတစ်ယောက် ၁၅၀၀ နဲ့ ချစ်နိုင်မယ့် အချစ် မရှိတော့ဘူးလို့ဆိုပါတယ်။ ၅၂၈ ဆန်တဲ့ အယူအဆတွေ၊ နားလည်နိုင်အောင်၊ ခွင့်လွှတ်နိုင်အောင်၊ စောင့်ရှောက် နိုင်အောင် စိတ်ကို ပြင်ဆင်ထားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' မကြီးအချစ်ရေးက ဘိုးဘွားရိပ်သာ သွားရမယ်ဆိုတော့ အချစ်မရှိတော့ဘူး။ စိတ်ကုန်တာတော့မဟုတ်ပါဘူး လူတိုင်းမှာတော့ အချစ်ရှိပါ တယ်။ ဒီအသက်အရွယ်မှာတော့ မိဘနဲ့ သားသမီးအချစ်မျိုး၊ ကိုယ့်ရဲ့ မောင်ငယ်တွေကို ချစ်တဲ့အချစ်မျိုး ၁၅၀၀ အချစ်မှာမှ ၅၂၈ ဆန်တဲ့ အယူအဆလေးတွေ၊ မကြီးနားလည်ခွင့်လွှတ်နိုင်အောင်၊ စောင့်ရှောက်နိုင်အောင် အဲ့ဒီစိတ်ကိုတော့ ပြင်ဆင်ထားပါတယ်'' လို့ ဆိုပါတယ်။

play

 

အမြဲတမ်းအလိုလို တစ်ယောက်တည်းနေတတ်တဲ့ ခင်စန်းဝင်းက ပြည်ပခရီးစဉ်တွေသွားရင်တောင် တစ်ယောက်တည်း သွားတတ်သူပါတဲ့။ ဒါပေမယ့် သက်ဆိုင်သူရဲ့ စိုးရိမ်မှုကြောင့် အခုဆိုရင်တော့ တပည့်တွေနဲ့ အတူ အပြင်သွားဖြစ်တယ်လို့ ခင်စန်းဝင်းက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

''မကြီးက Single Life ပုံစံတော့ မဟုတ်ဘူး။ မကြီးရဲ့ ပုံစံက အရင်ကတည်းကတစ်ယောက်တည်းပဲနေတာများပါတယ်။ ပွဲတွေ ဘာတွေ သွားရင်တော့ လူကြားထဲရောက်တယ် တော်ရုံဆို လူကြားထဲ သိပ်မသွားဖြစ်ဘူး။အရင်ကဆိုရင် နိုင်ငံခြားသွားရင်တောင် တစ်ယောက် တည်းသွားတာ အခုဆိုရင်တော့ တစ်ခုခုဖြစ်မှာစိုးလို့ မကြီးရဲ့ သက်ဆိုင်သူက တပည့်တွေကို ခေါ်သွားစေချင်တယ်ပေါ့။ အဲ့ဒီနောက်ပိုင်း မှာတော့ တပည့်တွေပါတယ်။ စိတ်မြန်လက်မြန်နဲ့ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းအားကိုးတဲ့လူဆိုတော့လေ ဘယ်သူရှိမှ ဖြစ်မယ် ဆိုတာမျိုးလည်း မကြီးဘဝမှာ မရှိဘူး။ ကိုယ့်ကိုယ်ကို အားကိုးတဲ့သူဖြစ်တဲ့အတွက် တစ်ယောက်တည်းနေဖြစ်တာများပါတယ်'' လို့ သူကဆိုပါတယ်။

play

 

တစ်ချိန်က လူသိရှင်ကြား အသည်းကွဲခဲ့ဖူးတယ်ဆိုတဲ့ ခင်စန်းဝင်းဟာ အဲ့ဒီအချိန်တုန်းက သူသာလျှင် ကိုယ့်ဘဝမှာ တစ်ယောက်တည်း ရှိတယ်ဆိုတဲ့ အတွေးနဲ့ ဘဝပျက်သလို အခြေအနေအထိ ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ အသည်းကွဲတာ ၅နှစ်ကျော် သက်တမ်း ရှိပြီဆိုတော့ ပတ်ဝန်းကျင်မှာ ပျော်ရွှင်အောင် နေတတ်သွားပြီလို့ ဆိုပါတယ်။

'' အဲ့ဒီတုန်းကတော့ မကြီးဘဝမှာ လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်တယ်။ သူသာလျှင်ကိုယ့်ဘဝမှာ တစ်ယောက်တည်းရှိခဲ့တယ် ဆိုပြီးတော့ ဘဝပျက်သလို အခြေအနေအထိတော့ဖြစ်သွားဖူးပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူ့လိုလူမျိုးတွေအများကြီးရှိပါတယ်။ သူ့ကိုပဲ ကိုယ့်ကို ချစ်တဲ့သူတွေ၊ မေတ္တာရှိတဲ့သူတွေ အများကြီးရှိပါတယ်ဆိုတာ မြင်လာရတယ်။ မကြီးက တစ်ယောက်တည်းနေတတ်တဲ့သူဆိုတော့ ကိုယ် သံယောဇဉ် ဖြစ်မိတဲ့သူ၊ ချစ်မိတဲ့သူအပေါ်မှာ တွယ်တာမိတာပေါ့။ ယုံကြည်တာရောပေါ့။ ယုံကြည်မှုအပေါ်မှာ သစ္စာဖောက်ခံ လိုက်ရတဲ့ အတွက် တစ်မျိုးပဲ မရပ်တည်နိုင်ဘူး၊ အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘူး။ အဲ့ဒီလိုမျိုး ၂ နှစ်လောက်ဖြစ်သွားတယ်။ အခုဆိုရင်တော့ ကွဲသွားတာ ၅ နှစ်ကျော်သက်တမ်းတော့ ရှိတာပေါ့။ အခုတော့ နေနိုင်သွားပြီ ပတ်ဝန်းကျင်မှာ ပျော်ရွှင်အောင်နေတတ်သွားပြီ'' လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

play

 

မိတ်ကပ် ခင်စန်းဝင်းရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို သတင်းတွေထွက်လေ့ရှိပါတယ်။ ဇာတ်ကားတွေရိုက်နေရင်တောင်မှ ဇာတ်ဝင်ခန်းမှာ ကောင်လေးတွေနဲ့ တွဲပြီး မြင်ရတဲ့ ဓာတ်ပုံတွေကနေတဆင့် သတင်းအမှားဖန်တီးသူတွေအများကြီးရှိခဲ့ပါတယ်။ အခုချိန်မှာ တော့ ခင်စန်းဝင်းမှာ ချစ်သူရှိပါတယ်လို့ အင်တာဗျူးတချို့မှာ ဖြေဆိုခဲ့ပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတော့ အခုချိန်ထိ ထုတ်ဖော် ပြောပြထားခြင်း မရှိသေးပါဘူး။

Postby

 

Photo: ခင်စန်းဝင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD