AD
AD
AD
play

 

Rap အဆိုတော် စုံတွဲလေး လွှမ်းပိုင် နဲ့ Bobby Soxer(ထက်ထက်) တို့ဟာ မကြာခင်ကမှ ချစ်သူသက်တမ်း ၉ နှစ် ပြည့်သွားခဲ့ပါတယ်။ အရမ်းချစ်ကြတဲ့ သူတို့နှစ်ဦးက တစ်ယောက်နဲ့ တစ်ယောက် သဘောမကျတာလေးတွေလည်း ရှိတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' အရမ်းကြီးတော့ ထူးထူးခြားခြားမရှိပါဘူး၊ ဘယ်နှနှစ်ထိတော့ ငါတို့နေကြမယ်ဆိုတာလည်း ရည်ရွယ်ချက်မရှိတော့ အချိန်တွေက ကုန်သွားတာပေါ့။'' လို့ လွှမ်းပိုင်ကဖြေပြီးတဲ့နောက် ချစ်သူကောင်မလေး Bobby Soxer ထက်ထက်ကလည်း '' ဟာ .. ၉နှစ်ပြည့်သွားပြီ၊ ၁၀ နှစ်ပြည့်သွားပြီဆိုတာကလည်း တစ်နှစ်နဲ့ တစ်နှစ်က အလုပ်ဆိုလည်းအတူတူလုပ်တယ်၊ အချိန်တွေကုန်လာတာကလည်း တစ်နှစ်ပြီးတစ်နှစ်မြန်တယ်'' လို့ ဆိုပါတယ်။

play

 

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေအများကြီးနဲ့တည်ဆောက်ခဲ့တဲ့ အချစ်ရေးမှာ ထက်ထက် ကတော့ ခေါင်းမာတာ အမြင်ကပ်ဖို့ ကောင်းတယ်လို့ လွှမ်းပိုင်က ပြောပါတယ်။ အဲ့ဒီနောက် ထက်ထက်ကလည်း လွှမ်းပိုင် ဒေါသထွက်လာရင် ခပ်ဝေးဝေးမှာ သွားနေလေ့ရှိတဲ့ အကြောင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ကောင်းပါတယ်၊ တစ်ခါတလေကျရင် အမြင်ကပ်ဖို့ကောင်းတယ် ခေါင်းမာတယ် အဲ့ဒီလောက်ပါဘဲ။ ''ဆိုပြီးတော့ ချစ်သူလေး ထက်ထက်ရဲ့ အကြောင်းကို လွှမ်းပိုင်က ပြောခဲ့တာပါ။

ဒေါသကြီးရင် ကြောက်စရာကောင်းတယ်ဆိုတဲ့ လွှမ်းပိုင်အကြောင်းကိုလည်း ထက်ထက်က ပြောပြခဲ့ပါသေးတယ်။

''သူကျတော့ ဒေါသထွက်ရင် နောက်လူတစ်ယောက်ပြောင်းသွားတာပေါ့နော်၊ ခပ်အေးအေးပုံစံမဟုတ်တော့ဘူး အရမ်းကြောက်ဖို့ ကောင်းတယ်။ သူဒေါသတွေထွက်လာပြီ ဆိုရင် ညီမ ဘာစကားမှမပြောတော့ဘူး ပါးစပ်ပိတ်ပြီးတော့ ခပ်ဝေးဝေးမှာ သွားနေနေ တယ်''လို့ဆိုပါတယ်။

play

 

စတူဒီယိုမှာ သီချင်းတွေလုပ်ရင်း စတင်တွေ့ဆုံခဲ့ကြတဲ့ လွှမ်းပိုင်နဲ့ Bobby  Soxer(ထက်ထက်) တို့ဟာပရိသတ်တွေ အားကျရတဲ့ အနုပညာစုံ တွဲတစ်တွဲဆိုရင်လည်းမမှားပါဘူး။ သူတို့နှစ်ယောက်စလုံးက အရပ်လည်းပုတယ်၊ သဘောကျစရာလည်းကောင်းလို့ လိုက်ဖက်တယ်လို့ မြင်တဲ့အကြောင်း လွှမ်းပိုင်ကပြောပါတယ်။

'' ကျွန်တော်ကတော့ လိုက်တယ်လို့ထင်တယ်၊ နှစ်ယောက်စလုံးက အရပ်ပုတယ်၊ သဘောကျဖို့ကောင်းတယ်'' လို့ဆိုပါတယ်။

၉ နှစ်ကြာ ချစ်သူသက်တမ်းရှိပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ ထက်ထက်တို့ အတွဲဟာ အနုပညာအလုပ်တွေလုပ်ရင်း မိဘတွေကို လုပ်ကျွေးပြုစုချင်သေး တဲ့ ဆန္ဒတွေရှိတဲ့အတွက် လက်ထပ်ဖို့က အဝေးကြီးလိုသေးတယ်လို့ Bobby Soxer(ထက်ထက်) ကပြောပါတယ်။

'' ညီမကကျတော့ လက်ထပ်ဖို့ဆိုတာကို အရမ်းကိုစိတ်ကူးယဉ်သိပ်မဆန်တဲ့ အထဲမှာပါတာပေါ့နော်။ အဓိက ကတော့ ကိုယ်တွေ လိုအပ်တာတွေဖြည့်မယ်။ နောက်ပြီးကျရင် ကိုယ်တွေအနုပညာအလုပ်တွေထက် မိဘတွေကို လုပ်ကျွေးဖို့လည်း အများကြီးရှိတယ်။ ကိုလွှမ်းပိုင်ကိုလည်း သူ့မိဘတွေကို လုပ်ကျွေးစေချင်သေးတယ်၊ ဒီလိုပဲ ညီမလည်း ညီမမိဘတွေဘက်ကိုအများကြီးကြည့်ချင်သေးတယ်။ အဲ့ဒီတော့ လက်ထပ်ဖို့ဆိုတာတော့ အဝေးကြီးလိုပါသေးတယ်'' လို့ ဆိုပါတယ်။

play

 

အောင်မြင်လျှက်ရှိတဲ့ Rap အဆိုတော် စုံတွဲတစ်တွဲဖြစ်တဲ့ လွှမ်းပိုင် နဲ့ Bobby Soxer တို့ အတွဲဟာ အခုချိန်မှာ ဖျော်ဖြေရေးတွေ ဆိုနေရတယ်လို့ သိရပါတယ်။ ဂီတအလုပ်တွေလည်း လုပ်နေသလို နှစ်ယောက်သားပိုင်တဲ့ စီးပွားရေးလေးလည်း လုပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ High Skool Fashion Shop လို့ အမည်ပေးထားတဲ့ ဆိုင်လေးပဲဖြစ်ပါတယ်။ High Skool Fashion ဆိုင်ကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Postby

Photo: လွှမ်းပိုင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD