AD
AD
AD
play

 

သရုပ်ဆောင်စံရတီမိုးမြင့်တစ်ယောက် ဇွန်လထဲမှာ အသက် ၂၄ နှစ်ပြည့်တော့မယ်လို့ သိရပါတယ်။ သူ့ရဲ့မွေးနေ့ အမှတ်တရလေးမှာတော့ ထုံးစံအတိုင်း အလှူအတန်းတွေ လုပ်ဖို့ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' နောက်လဆို သဲသဲမွေးနေ့ ၂၄ နှစ်လည်းပြည့်တော့မယ်ဆိုတော့ သူ့နေရာနဲ့သူ အဆင်ပြေမယ့် ဝတ်စုံလေးတွေ၊ ကိုယ့်ကိုကြည့်လိုက်တာနဲ့ စမတ်ဖြစ်နေမယ့် ပုံစံမျိုးလေးတွေကို ပိုပြီးတော့ သဘောကျလာတယ်။ မွေးနေ့မှာတော့ ပွဲလမ်းသဘင်တွေလိုမလုပ်ပဲ သဲသဲ လှူနေကြ ဂေဟာတွေကိုလည်း အလှူငွေကို အခါတိုင်းပို့သလိုပဲ ပို့ရမှာပါ။ကိုယ်တိုင်တော့ တိုက်ရိုက်မလှူဖြစ်ပါဘူး။ သူတို့လိုအပ်တာလေး တွေ ဆိုရင်တော့ လွှဲပို့ပေးလိုက်တာ များပါတယ်။ အရင်ကတော့ တိရစ္ဆာန်ဂေဟာလေးတွေ လှူဖြစ်တယ်။ အခုတော့ ထပ်တိုး လှူဖို့စဉ်းစားထား တာကတော့ ဘိုးဘွားရိပ်သာတို့မှာ လှူရင်ကောင်းမလားလို့ သဲသဲစဉ်းစားနေတာ'' လို့ ဆိုပါတယ်။

play

 

စံရတီမိုးမြင့်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ကျန်းမာရေးချုချာမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်နေရ သလို ခဏတာဖျားနာတာမျိုးမဟုတ်ဘဲ တစ်သက်လုံး ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုတစိုက်နေရမယ့်အပိုင်းမျိုးလေးတွေလည်း ရှိတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူ ဝိတ်ကျသွားတာကလည်း အစားအသောက်နဲ့ထိန်းတာထက် ကျန်းမာရေးကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

'' ရှေ့နှစ်ပိုင်းကတော့ နည်းနည်းလေးချူချာတဲ့နှစ်တွေလိုဖြစ်သွားတယ်။ အခုတော့ပြန်အဆင်ပြေနေပါပြီ။ ကျန်းမာရေးဆေးစစ်ချက်တွေက တော့ အမြဲတမ်းလုပ်ဖြစ်ပါတယ်၊ ဝိတ်ကတော့ အစားအသောက်နဲ့ပဲထိန်းတယ်။ နေမကောင်းလို့ဝိတ်ကျသွားတာလည်းပါတယ်။ Gym လည်းဆော့ဖြစ်တယ် အရမ်းကြီးတော့ မဆော့ဖြစ်ဘူး သဲသဲကျန်းမာရေးအရ အရမ်းကြီး အပြင်းအထန်လုပ်လို့မရဘူးဆိုတဲ့အတွက် အစားအသောက်နဲ့ပဲ ထိန်းတယ်။ ဥပမာ တစ်ရက် နှစ်ရက်မှာ အစားပြန်စားဖြစ်တယ်ဆိုရင် ၂ ပေါင် ၃ ပေါင်လောက်က တက်လာပြီ။ ပွဲတစ်ခုခုရှိလို့ ငါပွဲတက်ရမှာပဲဆိုပြီး ၂ ရက်လောက် ညစာလျှော့လိုက်ရင် ဝိတ်က ပြန်ကျသွားပြန်ရော။ ဒါပေမယ့် သဲသဲမျက်နှာက အိပ်ရေးပျက်ရင် ပိုဖောင်းတယ်'' လို့ သူကဆိုပါတယ်။

play

 

စံရတီမိုးမြင့်ဟာ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေနဲ့ ဂျာနယ်တွေရဲ့ မျက်နှာဖုံးရှင်တစ်ဦးအဖြစ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ သိပ်မရှိတော့တဲ့ သူ့အနေနဲ့ ပရိသတ်တွေနဲ့အဆက်အသွယ်မပျက်အောင် ဖေ့စ်ဘွတ်ကနေ ဆက်သွယ် လျှက်ရှိတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD