AD
AD
AD
play

 

မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားကြီးက ဟာသကားဆိုပေမယ့် ပေါကားထဲမှာတော့ မပါဘူးလို့ အကယ်ဒမီ ဒါရိုက်တာ ထွန်းအောင်ဇော်က ပြောပါတယ်။ ဇာတ်လမ်းသပ်သပ်ရပ်ရပ်နဲ့ ပရိသတ်တွေ ရယ်ရအောင် ရိုက်ကူးထားတယ်လို့ Duwun Media ကနေပြောပြ ခဲ့ပါတယ်။

'' ဟာသဆိုတာကလည်း မိသားစု ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ သဘာဝလေးကိုရိုက်တာပါ။ သိပ်ပြီးတော့ ရီစရာတွေ၊ ကလိထိုးတာမျိုးတို့ သူများအပြောခံရတဲ့ ပေါကားထဲမှာတော့ အဘမပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ ဇာတ်လမ်းလေးရှိပြီးတော့ အားလုံးအတွေးလေးတွေနဲ့ သရုပ်ဆောင်တာလေးတွေကို ရယ်ရအောင် ရိုက်ထားတာပါ'' လို့ သူကဆိုပါတယ်။

play

 

ဒါရိုက်တာထွန်းအောင်ဇော်ဟာ ဆရာဖြစ်သူ ဒါရိုက်တာ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးသူ သန်းဖေလေး ရေးခဲ့တဲ့ ဇာတ်လမ်းကို ဒီနေ့ခေတ်ပုံစံနဲ့ ပြန်ပြောင်းပြီး သဘာဝကျကျလေးဖြစ်အောင် ရိုက်ကူးခဲ့တယ်လို့ သူက ဆိုပါတယ်။

'' ဒီဇာတ်ကတော့ အဘရဲ့ဆရာ ဦးသန်းဖေလေး ရေးပြီးကျန်ခဲ့တဲ့ ဇာတ်လမ်းလေးကို ဗားရှင်းပြောင်းပြီးတော့ ဇာတ်လမ်းလေး ခိုင်မာအောင် ရယ်စရာလေးတွေဖြစ်အောင်ထည့်၊ ဇာတ်ညွှန်းရေးတဲ့ မန္တလေးက လူရွှင်တော်တွေဖြစ်တဲ့ ဦးချစ်စရာတို့ ၊ ကျွန်းသခင်၊ ဦးမြင့်ဇော်တို့ တိုင်ပင် ပြီးတော့ သဘာဝကျကျလေးနဲ့ ရယ်စရာဖြစ်အောင်ရိုက်ခဲ့ရတာပါ'' လို့ ဆိုပါတယ်။

play

 

အကယ်ဒမီ ဒါရိုက်တာထွန်းအောင်ဇော်ဟာ ရုပ်ရှင်ရိုက်ခဲ့တဲ့သက်တမ်း နှစ် ၄၀ အတွင်းမှာ ဆရာဖြစ်သူရေးခဲ့တဲ့  ဇာတ်ကို ရိုက်ကူးပုံဖော် ရတာဘဲဖြစ်ဖြစ်၊ ဘယ်လို ဇာတ်မျိုးရိုက်ရိုက် တာဝန်ကြီးတယ်လို့ ဆိုပါတယ်။

'' ဦးလေးက ရုပ်ရှင်လုပ်ခဲ့တဲ့ သက်တမ်းကလည်း နှစ် ၄၀ လောက်ကြာပြီ။ ဇာတ်ကားတစ်ကားရိုက်မယ် အစကတည်းက သေသေချာချာလေး တိုင်တိုင်ပင်ပင်လေးလုပ်တယ်၊ ရိုက်မယ့် မင်းသား၊ မင်းသမီးတွေနဲ့ ဆွေးနွေးမယ်၊ ဆရာဖြစ်သူရဲ့ ဇာတ်ဖြစ်လို့ တာဝန်ကြီးတယ်လို့လည်း မဆိုလိုပါဘူး။ ဘယ်ဇာတ်ရိုက်ရိုက် တာဝန်ကြီးပါတယ်၊ အဲ့ဒီအပေါ်မှာပဲ အကောင်းဆုံး ကြိုးစားထားပါတယ်'' သူကဆိုပါတယ်။

play

 

ဒါရိုက်တာထွန်းအောင်ဇော်ဟာ ၂၀၁၁ ခုနှစ်တုန်းက ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ မေလ ၂၅ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် မေတ္တာထားတာအဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း သရုပ်ဆောင် လူမင်း၊ အောင်မင်းခန့်၊ ဗေလုဝ၊ မေသန်းနု၊ ခိုင်သင်းကြည် နဲ့  ဝင့်ယမုံနိုင် စတဲ့ နာမည်ကျော်အနုပညာရှင်များစွာတို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ထွန်းအောင်ဇော်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD