AD
AD
AD
play

 

သရုပ်ဆောင်အကယ်ဒမီလူမင်းတစ်ယောက် အခုတလောမှာ ပရိသတ်တွေအတွက် ထူးခြားတဲ့ ဇာတ်ကားလေး တွေရိုက်ဖြစ်နေတယ် လို့ဆိုပါ တယ်။ ဒါရိုက်တာဂျိုးရိုက်ကူးတဲ့ Cover ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးလည်းရိုက်ကူးထားသလို ဒါရိုက်တာသားညီရိုက်တဲ့ 25%ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးလည်းရိုက်ကူးနေတယ်လို့ သိရပါတယ်။

''အစ်ကို အခုတလောရိုက်ဖြစ်တဲ့ ဇာတ်ကားလေးတွေက ထူးခြားတယ်။ ဟက်စကီးတွေနဲ့ ရိုက်တဲ့ ဇာတ်ကားဆိုရင်လည်း ဒါရိုက်တာဂျိုး ရိုက်တဲ့ Cover ဆိုတဲ့ အက်ရှင်ဇာတ်ကားပေါ့။ Cover ဇာတ်ကားဆိုရင်လည်း ကိုရန်အောင်ရယ်၊ ကိုရဲမင်းပိုင်ကြီးပြန်ပါလာတယ်။ ဖိုက်တင်တွေရော၊ အက်ရှင်တွေရော ခမ်းနားအောင် အကောင်းဆုံးကြိုးစားပြီးတော့ ရိုက်ထားကြတယ်'' လို့  သူကဆိုပါတယ်။

play

 

ဒါရိုက်တာသားညီရိုက်ကူးတဲ့ 25%ရုပ်ရှင်ဇာတ်ကားကြီးထဲကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါလို့ ဆိုပါတယ်။ ဒီဇာတ်ကား ထဲမှာ လည်း သူဌေးသားသမီးတွေကို ပြန်ပေးဆွဲတဲ့ ဂိုဏ်းစတားသူဌေးကြီးတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

'' ဒါရိုက်တာသားညီနဲ့ 25% ဆိုတဲ့ဇာတ်ကားကြီးရိုက်နေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ကိုယ်ကိုယ်တိုင်ကလည်း သူဌေးကြီးတစ်ယောက် ဘဲ ဒါပေမယ့် သူဌေးသားသမီးတွေကိုပဲ ပြန်ပေးဆွဲတဲ့ ဂိုဏ်းစတားလိုကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ အခုရိုက်နေတဲ့ 25% ဇာတ်ကားက တော်တော်လေးကို ထူးဆန်းပြီး တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းအမျိုးအစားပါ'' လို့ သူက ဆိုပါတယ်။

ဒီအကြောင်းအရာတွေကို မေလ၂၀ရက်နေ့ညက မေတ္တာထားတာအဟုတ်ပါပဲရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြသပွဲက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာပါ။ အကယ်ဒမီလူမင်းဟာ မကြာခင်ရုံတင်ပြသတော့မယ့် မေတ္တာထားတာအဟုတ်ကိုပဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မင်းခန့်ရဲ့  အဖေ၊ မေသန်းနုရဲ့ ခင်ပွန်း၊ ခိုင်သင်းကြည်ရဲ့ အစ်ကို အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

လူမင်းဟာ ၂၀၀၂ခုနှစ်က ရွှေမှုံကြဲတဲ့ မိုးကောင်းကင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်၂၀၁၆ခုနှစ်မှာ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါသေးတယ်။ အဲ့ဒီနောက် ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌရာထူးကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

အကယ်ဒမီလူမင်းဟာ အခုနောက်ပိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးနေသလို ဒါရိုက်တာအဖြစ်ရိုက်ကူးနေတဲ့ ဇာတ်ကားတွေလည်းရှိတယ်လို့ သိရပါတယ်။ မကြာခင်က ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ Reflaction(ရောင်ပြန်) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကလည်း အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

 

Photo: ဒါရိုက်တာဂျိုး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD