AD
AD
AD
play

 

သရုပ်ဆောင်ဖြိုးငွေစိုးတစ်ယောက် ချစ်စရာကောင်းပြီး အနုပညာကိုဝါသနာပါတဲ့ သူ့ရဲ့ တစ်ဦးတည်းသော သားလေး ဂုဏ်ပြည့်စုံဖြိုးရဲ့ အကြောင်းကို  Duwun Media ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' သားလေးက အခုတော့ ၄ နှစ်ရောက်သွားပြီ။ သူကတော့ ဖအေကို ဆရာလုပ်တာ၊ ပြဿနာရှာတာက သူ့ဝါသနာပဲ ဘယ်အချိန်မေးမေး မင်းသားလုပ်မယ်လို့တော့ပြောနေတာဘဲ။ ၄ နှစ်ဆိုတော့လည်း ဘာပြောလို့ရမှာလဲ။ အနုပညာဝါသနာတွေကိုလည်း သူ့ဆန္ဒရှိရင်တော့ ကျွန်တော်တို့က ပံ့ပိုးပေးရမှာပေါ့။ သူက ရုပ်ရှင်တွေဆိုလည်းကြိုက်တယ်၊ အိမ်မှာ ကစားရင်လည်း သူများတွေကို ဘယ်သူက ဘယ်နေရာနေ၊ ဘယ်သူက ဘာလုပ်၊ ဘာစကားပြော အဲ့ဒီလိုဆော့တာ မှားရင် အစက ပြန်ပြော။ တစ်ခါတလေ ကျွန်တော်က သူ့အမေနေရာက နေရတယ်။ သူ့အမေကလည်း သူ့ဦးလေးနေရာက နေရတယ်။ သူပြောခိုင်းတာပြော မှားနေရင် အစက ပြန်ပြော အဲ့ဒီလိုပေါ့'' ဆိုပြီးတော့ မေလ ၂၀ ရက်နေ့မှာ မေတ္တာထားတာ အဟုတ်ကိုပဲ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲက Duwun Media ရဲ့ မေးခွန်းကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

play

 

ဖြိုးငွေစိုးဟာ အနုပညာကို ဝါသနာပါတဲ့ သူ့ရဲ့ သားလေးအပေါ် မျှော်လင့်ချက်တော့ မရှိပါဘူးတဲ့။ ဒါပေမယ့် သားလေးရဲ့ ပညာရေးကိုတော့ ပထမဦးစားပေးရမယ်လို့ ဆိုပါတယ်။

'' သားလေးအပေါ် မျှော်လင့်ထားတာတွေတော့ မရှိပါဘူး။ ပညာရေးကိုတော့ အဓိက ထားရမှာပေါ့။ ဝါသနာကိုတော့ ဒုတိယအဆင့်မှာဘဲ စဉ်းစားရမှာပေါ့။ သူ့ရဲ့ ဝါသနာကိုလည်း လုပ်ချင်တာလုပ်ပါစေ။ ကျွန်တော်လည်း ကျွန်တော်ဖြစ်ချင်တာ ကျွန်တော်လုပ်တာ ဒီနေ့အထိပဲ ကျွန်တော်မလုပ်ချင်တာဆိုရင်လည်း မလုပ်ဘူး။ သူလည်း သူလုပ်ချင်တာ လုပ်လို့ရတယ်၊ သူမလုပ်ချင်တာကိုလည်း ကျွန်တော်အတင်းမခိုင်း ပါဘူး'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ မော်ဒယ်လ် ဇင်ဇင်တို့ဟာ ၂၀၁၄ ခုနှစ် ဧပြီလ ၃ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံမှာ တော့ အခုဆိုရင် ချစ်စရာကောင်းတဲ့ ဂုဏ်ပြည့်စုံဖြိုးဆိုတဲ့ ၄ နှစ်အရွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပါပြီ။ မော်ဒယ်လ် ဇင်ဇင်ကတော့ အိမ်ထောင်ပြုပြီးတဲ့ နောက်မှာ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ဖြိုးငွေစိုးကတော့ အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်နေတာကြောင့် ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

 

Photo: ဖြိုးငွေစိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD