AD
AD
AD
play

 

အကယ်ဒမီများရှင်သရုပ်ဆောင် မေသန်းနုကတော့ မေတ္တာထားတာ အဟုတ်ပါပဲ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကွင်းပေါ်မှာ အတူတွဲသရုပ်ဆောင် ခဲ့ရတဲ့ ဘိတ်သူလေး သရုပ်ဆောင် ဝင့်ယမုံနိုင်ရဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဝင့်ယမုံနိုင်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေကိုလည်း အခုလို ချီးကျူးစကားပြောခဲ့ပါတယ်။

'' ဝင့်ယမုံနိုင်က တော်တော် တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း သူရိုက်လာတာတွေရှိတော့ သိပ်ပြောစရာမလိုဘူး တော်တော်လုပ်တတ်ပါတယ်။ သူကတော့ မဆိုးဘူး ပရိသတ်တွေလည်း လက်ခံတယ်၊ သူ ပထမဆုံး တီဗီဇာတ်လမ်းမှာ တော်တော်များများက သူ့ကို သဘောကျတယ်။ ဒါတောင်မှ သူက ဗန့်လုပ်တာနော်။ တော်တော်လုပ်တတ်တယ်ဆိုတော့ အလားအလာ အများကြီးရှိပါတယ်''

play

 

ကလေးတစ်ယောက်လို ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ ဝင့်ယမုံနိုင်တို့လို တက်သစ်စ အနုပညာရှင်လေးတွေကို လက်တွဲခေါ်ဖို့လည်း ဝန်မလေး ဘူးလို့ သူကဆိုပါတယ်။

'' သူ့ရဲ့ စိတ်ဓာတ်လေးကတော့ ကောင်းတယ်၊ ကလေးဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ။ မဆင့်တို့ အနုပညာရှင်တွေက ဘိတ်က သိပ်မရှိကြ ဘူးလေ။ သူက ဘိတ်ကဆိုတော့ကိုယ်ကလည်း အားပေးရတာပေါ့နော် တွေ့ရတာလည်း ပိုပြီးတော့ ဝမ်းသာတယ်။ မဆင့်တို့ကလည်း ကိုယ် ကျတဲ့ဇာတ်ရုပ်မှာ ကိုယ်နဲ့လည်းလိုက်ဖက်မယ် ကိုယ်နဲ့ အသစ်တစ်ယောက် ဘယ်သူမဆို သရုပ်ဆောင်ရမယ် ဆိုရင်တော့ လက်တွဲခေါ်ဖို့ ဝန်မလေးပါဘူး'' လို့ မေတ္တာထားတာအဟုတ်ပါပဲ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပြသပွဲမှာ Duwun Media ရဲ့ အင်တာဗျူးကို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင်မေသန်းနု နဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်တို့ဟာ မေတ္တာထားတာအဟုတ်ပါပဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ချွေးမနဲ့ ယောက္ခမ အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၂၅ ရက်နေ့ကစပြီးရုံတင်ပြသနေပြီလို့ သိရပါတယ်။ မေတ္တာထားတာ အဟုတ်ပါပဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မေသန်းနု၊ ဝင့်ယမုံနိုင် တို့နဲ့ အတူ လူမင်း၊ ဗေလုဝ၊ အောင်မင်းခန့် နဲ့ ခိုင်သင်းကြည်တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

အကယ်ဒမီများရှင်မေသန်းနုဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်လက်ခံရိုက်ကူးနေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ မကြာခင်က သားဖြစ်သူ မင်းသန့်မောင်မောင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ Look at Me ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာလည်း ပါဝင်သရုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

Photo: မေသန်းနုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD