AD
AD
AD
play

 

အရမ်းကိုချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိလှတဲ့ ယွန်း ကိုတော့ ပရိသတ်တွေက Myanmar idol Season 2 သီချင်းဆို ပြိုင်ပွဲကြီး ကတည်းက အားပေးလာကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ အခုဆိုရင် ချစ်တဲ့ ပရိသတ်တွေရှိသလို သူ့ကို မချစ်ဘူး ဆိုတဲ့ ပရိသတ်တွေလည်း ရှိတာကြောင့် မချစ်ဘူးပြောတဲ့ သူတွေကို ရင်းနှီးအောင်၊ ချစ်အောင်ခင်အောင် ပေါင်းတတ်တယ်ဆိုပြီးတော့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' အရင်တုန်းက ဆိုရင် ကိုယ့်ဘာသာကိုယ် သွားလာလှုပ်ရှားနေရတာ လွတ်လွတ်လပ်လပ်နဲ့ပေါ့နော်။ အခုတော့ ကိုယ့်ကို အားလုံး ကလည်း သိတယ်၊ ချစ်လည်း ချစ်ခင်ကြတယ်ဆိုတော့ အစစအရာရာ နေတာထိုင်တာတော့ တော်တော်သတိထားရတာပေါ့။ ယွန်းက အားလုံးကို ချစ်အောင် ခင်အောင်ပေါင်းတတ်တယ်လေ၊ ဘယ်နေရာ ဘယ်ကိုပဲရောက်ရောက် ယွန်းကို ချစ်တယ်ဘဲပြောပြော၊ မချစ်ဘူး ဘဲပြောပြော ယွန်းကတော့ အဲ့ဒီလူနဲ့ ရင်းနှီးအောင် ပေါင်းလိုက်တာပဲ။ မချစ်ဘူးပြောလည်း ယွန်းအရှေ့ရောက်လာတယ်၊ ယွန်းနဲ့တွေ့သွားတယ်ဆိုရင် သူတို့နဲ့ ချစ်အောင်ခင်အောင်ပေါင်းလိုက်တဲ့အတွက် သူတို့ ယွန်းကိုချစ်သွားတာပဲ'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်လာတဲ့ ယွန်းရဲ့ အောင်မြင်မှုကိုတော့ မိဘတွေက ဝမ်းသာမဆုံးပါဘူး။ Night Out တွေ၊ Club တွေ၊ Festivel ပွဲတော်တွေလည်း မသွားတော့ မိဘတွေက ယုံကြည်မှုရှိတယ် ဆိုပြီးတော့ ယွန်းက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' မိဘဆိုတာတော့ သိတဲ့အတိုင်းပဲ ကိုယ့်သားသမီးလေး အခုလိုအောင်မြင်နေတာကို မြင်ရတယ်၊ အားလုံးကလည်း ချစ်ခင်နေကြတာကို မြင်ရတော့ ညီမထက်စာရင် မိဘတွေက ပိုတောင်ပျော်ကြပါသေးတယ်။ အခု ရန်ကုန်မှာ နေတာကတော့ ညီမ ရဲ့ အစ်မနဲ့ နေတာပါ။ ညီမက Night Out တာတွေမရှိဘူး၊ Club သွားတာတွေလည်း အကျင့်မရှိဘူး။ ပြီးတော့ Festivel ပွဲတွေ သွားတာလည်း သိပ်မရှိဘူးဆိုတော့ မိဘတွေ ကလည်း ယုံယုံကြည်ကြည်နဲ့ လွှတ်ပေးထားတယ်။ ညတိုင်းလည်း မိဘတွေနဲ့ Video Call ပြောတယ်'' လို့ ဆိုပါတယ်။

play

 

 

အဆိုတော်မလေး ယွန်းကတော့ မကြာခင်မှာ အွန်လိုင်းကနေတဆင့် ပရိသတ်တွေကို သူ့ရဲ့ သီချင်းအသစ်လေးနဲ့ မိတ်ဆက်ပေးတော့မှာမို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ Myanmar idol Season 2 သီချင်းဆိုပြိုင်ပွဲမှာလည်း Top Ten စာရင်း ဝင်ခဲ့သူလေး ဖြစ်ပါတယ်။  ပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေရေးတွေမှာ သီဆိုနေရတဲ့ ယွန်းဟာ အခုချိန်မှာတော့  ပရိသတ်အချစ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

Postby

 

Photo: ယွန်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD