AD
AD
AD
play

 

ဒီနေ့(မေလ ၂၇) ရက်နေ့ကတော့ သရုပ်ဆောင်အေးဝတ်ရည်သောင်း(ခ) မအေးသောင်းရဲ့ အသက် (၃၄)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ ပွဲလေးကိုတော့ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်း၊ မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာ နှင့် မေရီချက်စ်မင်းကျောင်းတို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကလေးငယ်တွေနဲ့ အတူ အလှူအတန်းတွေလုပ်ရင်း ဖြတ်သန်းခဲ့ရတာလည်း သူ့အတွက် ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ ဖြစ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မွေးနေ့မှာ အလှူကတော့ နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကိုတော့ ပရဟိတကျောင်း ၃ ကျောင်းက ကလေးတွေနဲ့ ပရဟိတ အလှူလေးလုပ်မယ်ဆိုပြီးတော့ အိုင်ဒီယာရသွားတယ်။ ပြီးတော့ ကလေးတွေနဲ့ အခုလို အတူတူအလှူလုပ်ရတာကို ကြိုက်တယ်။ ပြီးတော့ ကလေးလေးတွေက ဦးရွှေရိုးနဲ့ ဒေါ်မိုးအကကို အရမ်းကြိုက်လို့ စီစဉ်ပေးဖြစ်လိုက်တယ်။ သူတို့ ပျော်နေတာကို ကြည့်ပြီး အရမ်း ဝမ်းသာမိတယ်။ ပျော်လည်းပျော်တယ်'' လို့ ဆိုပါတယ်။

play

 

အေးဝတ်ရည်သောင်းကတော့ မွေးနေ့မနက်ပိုင်းမှာပဲ သူချစ်ရတဲ့ ပရိသတ်တွေက သုဝဏ္ဏမီးပွိုင့်မှာ မွေးနေ့ဆုတောင်းပေးထားတဲ့ အမှတ်တရ Billboard ကိုတွေ့လိုက်ရချိန်မှာ မျက်ရည်ဝဲမတက် ဝမ်းသာမိသွားတယ်ဆိုတာကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ခဲ့ပါသေးတယ်။

play

 

အနုပညာအသိုင်းအဝိုင်းက ပေါက်စီလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက လက်ရှိမှာ အနုပညာအလုပ် တွေလည်း ပြန်လည် လုပ်ကိုင်လာပြီ ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်း တွဲတွေကိုလည်း လက်ခံရိုက်ကူးနေရတယ်လို့ သိရပါတယ်။ မအေးသောင်းရဲ့ ဘယ်လိုဖက်ရှင်မျိုးမဆို လိုက်ဖက်လွန်းလှတာကြောင့် ပရိသတ်တွေကလည်း အချစ်တွေပိုခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD