AD
AD
AD
play

 

အဆိုတော် ရဲရင့်အောင်တစ်ယောက် ဇွန်လ ၁ ရက်နေ့မှာ ရုံတင်တော့မယ့် '' ငါ့ကို နမ်းတဲ့မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ရင်တွေခုန်နေတယ်လို့ ဆိုပါတယ်။  အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ဝင်းဦးပေါက်စလေးနဲ့ တူတယ်ဆိုတဲ့ ချီးကျူးခဲ့တဲ့အပေါ်မှာ သူဘယ်လိုခံစားရတယ်ဆိုတာကို မေးမြန်းတဲ့အခါမှာတော့...

'' ကျွန်တော် နှုတ်ခမ်းမွှေးလေးတပ်ထားလို့ထင်တယ်။ ကျွန်တော်နှုတ်ခမ်းမွှေးပါလို့ ဦးဝင်းဦးနဲ့တူတယ်လို့ အပြောခံရတာပဲထင်ပါတယ် ခင်ဗျ။ ပျော်တာပေါ့ Leading တစ်ယောက်နဲ့ နှိုင်းယှဉ်ခံရတာဆိုတော့ ဒါပေမယ့် ကျွန်တော်ခံယူထားတာတော့ ကျွန်တော်က နှုတ်ခမ်းမွှေးနဲ့ နည်းနည်း ဂျစ်ကန်ကန်ပုံဖြစ်နေတော့ ဦးဝင်းဦးနဲ့ တူတယ်လို့ ပြောတာလို့ဘဲ ယူဆပါတယ်'' လို့ ဆိုပါတယ်။

play

 

ရဲရင့်အောင်က မေလ ၃၀ ရက်နေ့မှာ OPPO F7 & F7 Youth ပွဲကို တက်ရောက်လာရင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဇာတ်ကားထဲက သြရထူး ဆိုတဲ့ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတဲ့ စိုးရိမ်စိတ် ရှိခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။

''လုပ်ရမယ့် ကာရိုက်တာအပေါ် တာဝန်ကျေပါ့မလားဆိုတာမျိုးတော့ စိုးရိမ်မှုရှိခဲ့တယ်။ ကျွန်တော်အခုထိ ရင်ခုန်နေတုန်းပါပဲ။ ၁ ရက်နေ့ ကျရင် ရုံပေါ်ရောက်တော့မှာဆိုတော့ ပရိသတ်ကြည့်ပြီးရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ရင်ခုန်နေပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အရာ တွေအတွက် အသိအမှတ်ပြုခြင်းခံရတာကိုလည်း တကယ်ဝမ်းသာပါတယ်။ အောင်မြင်မယ်လို့ ထင်ထားတယ်ဆိုတာမျိုး စိတ်ထဲမှာ မရှိဘူး'' တဲ့။

play

 

ရဲရင့်အောင်အတွက် ပထမဆုံးရုံတင်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအပေါ် အားပေးစောင့်မျှော်နေကြတဲ့ ပရိသတ်တွေရှိတာကြောင့် နောက်ထပ်လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အခွင့်အရေးရရင်လည်း သရုပ်ဆောင်အလုပ်ကို ဆက်လုပ်သွားဦးမယ်လို့လည်း ပြောပါတယ်။

'' ကျွန်တော်လုပ်နေတဲ့ တခြားအနုပညာတွေကိုရောတခြားလုပ်တဲ့အရာတွေရော အားပေးပါ။ ကျွန်တော်ကြိုးစားနေပါတယ်၊ ကျွန်တော့်ရဲ့ ဒုတိယအခွေကိုလည်း ပရိသတ်လက်ထဲ အမြန်ဆုံးထည့်ပေးနိုင်အောင်ကြိုးစားနေပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးခွင့်ရရင်လည်း ရိုက်ကူးဦးမှာပါခင်ဗျ'' လို့ ဆိုပါတယ်။

 

ဇွန်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် '' ငါ့ကိုနမ်းတဲ့ မုန်တိုင်း'' ရုပ်ရှင်ဇာတ်ကားကြီးကို Bo Bo Flim Production ကနေ ထုတ်လုပ်တာ ဖြစ်ပြီး ဒါရိုက်တာအောင်ဇော်လင်းနဲ့ ဝင်းလွင်ထက် တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ သြရထူး အဖြစ် ရဲရင့်အောင်၊ နေညိုသွင် အဖြစ် လွှမ်းပိုင်၊ ရှင်ပျို အဖြစ် ဖွေးဖွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Postby

Photo: ငါ့ကိုနမ်းတဲ့ မုန်တိုင်း ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD