AD
AD
AD
play
Photo : အိန္ဒြာကျော်ဇင် FB

 

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့အစ်မ ဒီဇိုင်နာ အိကျော့ခိုင်ရဲ့ သမီးဖြစ်တဲ့ မေတိုးခိုင်ဟာ သူမရဲ့ပွင့်လင်းလွတ်လပ်တဲ့စတိုင်လေးနဲ့ ချစ်စဖွယ်ပုံစံလေးကြောင့် နာမည်ရလာသူဖြစ်ပါတယ်။

အနုပညာအလုပ်တွေစလုပ်နေပြီဖြစ်တဲ့ မေတိုးခိုင်ကို မိခင်ရော အဒေါ်ဖြစ်သူကပါ အားပေးကူညီပါတယ်လို့ သူမက ပြောပြပါတယ်။

"တီအူဝဲက ညီမကို အများကြီးအကြံပေးပါတယ်။ ဘေးကနေပြီးတော့ မေမေနဲ့အတူ အမြဲတမ်း အိုင်ဒီယာအသစ်အဆန်းလေးတွေတော့ အမြဲပေးပေးနေပါတယ်" လို့ မေတိုးခိုင်က OPPO F7 & F7 Youth မိတ်ဆက်ပွဲမှာ Duwun Media ကို ဖြေကြားခဲ့ပါတယ်။

play

 

မေလ ၃၁ ရက်နေ့က OPPO F7 & F7 Youth မိတ်ဆက်ပွဲကို အသားရောင် ဇာဂါဝန်လေးနဲ့ တက်ရောက်လာတဲ့ မေတိုးခိုင်ရဲ့စတိုင်က လွတ်လပ်ပေါ့ပါးလို့ နေပါတယ်။

အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့အတူ အနုပညာအလုပ်တွေ  ဆက်လုပ်သွားဖို့ရှိလားဆိုတဲ့ မေးခွန်းကိုတော့ သူမကတိတိကျကျ ဖြေဆိုချင်သေးပုံမရဘဲ အရိပ်အမြွတ်လောက်သာ ပြောခဲ့ပါတယ်။

"တီအူဝဲနဲ့ လက်ရှိမှာတော့ မရှိသေးပါဘူး။ နောက်တော့လာမှာပါ" လို့ ဖူးက ရယ်လျက် ပြန်ဖြေပါတယ်။

play

 

ဖူးဖူးလို့ ရင်းနှီးသူတွေက ခေါ်ကြတဲ့ မေတိုးခိုင်က ဒီလထဲမှာပဲ အသက် ၂၃ နှစ် ပြည့်တာပါ။ တည်ငြိမ်အေးချမ်းတဲ့ ဖူးလေးက ဒီဇိုင်နာအဖြစ် အောင်မြင်နေတဲ့ မိခင်ကိုရော အဆိုတော်ဖြစ်တဲ့ ဖခင်ကိုရော အမြဲတမ်း ကူညီပံ့ပိုးနေသူလေး ဖြစ်ပါတယ်။

သူမကိုယ်တိုင်ကတော့ လတ်တလောမှာ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD