AD
AD
AD
play

 

အဆိုတော်ရွှေထူးရဲ့ ဒုတိယမြောက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို  မကြာခင်မှာ ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့ အတူတွဲပြီး ရိုက်ကူးတော့မယ်လို့ သိရပါတယ်။  ဒီဇာတ်ကားကိုတော့ သူ သဘောကျတဲ့ မင်းသမီးတွေနဲ့ တွဲရိုက်ရမှာ ဖြစ်တဲ့အတွက် ရင်တွေခုန်ပါတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က မြာပွေတဲ့ ကောင်လေးတစ်ယောက်အဖြစ် မြင်ရမှာပါ။ ဇာတ်ကားအတွက်ကတော့ ရင်ခုန်ပါတယ်။ ကိုယ်သဘောကျတဲ့ မင်းသမီးတွေနဲ့ တွဲရိုက်ရမှာဆိုတော့လေ'' ဆိုပြီးတော့ Oppo F7 & F7 Youth မိတ်ဆက်ပွဲကို တက်ရောက်လာချိန်က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက်တာကိုလည်း ပရိသတ်တွေက တော်တော်အမြင်ကပ်နိုင် တယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါသေးတယ်။

play

 

ပထမဆုံးရိုက်ကူးခဲ့တဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးတုန်းက ဖက်ရှင်ပိုင်းနဲ့ မိတ်ကပ်ပိုင်းတွေမှာ လိုအပ်ချက်များခဲ့တာကြောင့် ဒုတိယမြောက်ဇာတ်ကားမှာတော့ အစစအရာရာအဆင်ပြေအောင် အမှားနည်းအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

'' ပထမ ဇာတ်ကားတုန်းက ကျွန်တော်မှားခဲ့ဖူးတာတွေပေါ့  မိတ်ကပ်တို့၊ ဖက်ရှင်ပိုင်းဆိုင်ရာတွေပေါ့။ ဒီဇာတ်ကားမှာတော့ တက်နိုင် သလောက် ကျွန်တော်အမှားနည်းအောင် ကြိုးစားမယ်။ သရုပ်ဆောင်ပိုင်းကလည်း ပထမဇာတ်ကားမှာတုန်းကတော့ ဘာပဲဖြစ်ဖြစ် အသစ်တစ်ယောက်အနေနဲ့ နားလည်ပေးလို့ရတယ်ဆိုတဲ့ အနေအထားနဲ့ ပရိသတ်တွေက ချစ်တဲ့စိတ်နဲ့ ကြည့်ပေးကြတယ်။ ဒုတိယကားမှာတော့ ပရိသတ်တွေလည်း အမှားမခံနိုင်တော့သလို ကျွန်တော်ကိုယ်တိုင်ကလည်း မမှားချင်တော့ဘူး အရမ်းအားနာရတဲ့ အတွက် အများကြီးလေ့လာဖြစ်နေပါတယ်''လို့ ဆိုပါတယ်။

play

 

ပြည်သူချစ်တဲ့ အနုပညာရှင်တွေ ပါဝင်ကြမယ့် ''နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်တဲ့ ဧည့်သည်'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရိုက်ကူးတော့မှာပါ။ ဒီဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရွှေထူး၊ ရွှေမှုံရတီ နဲ့ နေခြည်ဦးတို့က အဓိ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် က ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD