AD
AD
AD
play
Photo: တိုင်ရွန် FB

 

အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်လောကထဲကို ဝင်လာတဲ့ တိုင်ရွန်ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကား ကြီးတွေဆက်တိုက်ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။ မကြာခင်တုန်းကလည်း ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ Cover ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ ပါဝင်ခွင့်ရခဲ့တဲ့ သူ့ရင်ထဲက ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' လောလောဆယ်တော့ ဒါရိုက်တာဂျိုးရိုက်ကူးတဲ့ Cover ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးထားပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲတွေ ထပ်ရိုက်ဖို့ကိုလည်း ကျွန်တော်တို့ Meeting တွေ လုပ်နေပါတယ်။ Cover ဇာတ်ကားကြီးမှာလည်း ဦးရန်အောင်ရဲ့ သား နေရာ ကနေ ပါဝင်ထားပါတယ်။ အသစ်တွေအနေနဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါတဲ့ ဇာတ်ကားကြီးထဲမှာ အသစ်တစ်ယောက်အနေနဲ့ ပါဝင်ခွင့် ရတဲ့အတွက် အရမ်းပျော်တယ်။ ပရိသတ်အရှေ့ကို ရောက်ဖို့ အခွင့်အရေးတွေလည်း များသွားတာပေါ့'' ဆိုပြီ့းတော့ Oppo F7 & Oppo 7 Youth Brand မိတ်ဆက်ပွဲကို တက်ရောက်စဉ် မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play
OPPO ပွဲကို တက်ရောက်လာတဲ့ တိုင်ရွန်နဲ့ ပိုင်တံခွန်

 

အက်ရှင်ဇာတ်လမ်းတွေကို ကြိုက်တဲ့ တိုင်ရွန်က အက်ရှင်မင်းသားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ အက်ရှင်ဇာတ်ကားတွေ အကောင်းဆုံး ရိုက်ကူးနိုင်ဖို့ ကိုယ်ခံပညာကို စနစ်တကျ သင်ယူနေတယ်ဆိုပြီးတော့ မီဒီယာတွေ ကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ကျွန်တော် နောက်ထပ် ဖန်တီးချင်တဲ့ပုံစံတွေလည်းရှိတယ်။ နောက်ထပ်လည်း အက်ရှင်ဇာတ်ကားတွေ ရိုက်သွားဖို့ရှိတယ်။ ကိုယ်ခံပညာကို လည်း စနစ်တကျ သင်ယူနေပါတယ်။ အက်ရှင်သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ရှေ့ဆက်သွားဖို့ရှိပါတယ်။ ကျွန်တော် အက်ရှင် အပိုင်းကိုပဲ ရွေးချယ်ဖြစ်တဲ့ အကြောင်းက အပြင်ကလိုပေါ့ ငယ်ငယ်တုန်းကလည်း မကြာခဏဆိုသလို ရန်ဖြစ်တယ်၊ ကျွန်တော့်စိတ်ကလည်း အဲ့ဒီဘက်မှာ အားသန်တော့ တခြား ဖန်စီပုံစံတွေထက်စာရင်အက်ရှင်ပိုင်းကို အားသန်တယ်'' လို့ ဆိုပါတယ်။

play
Photo: တိုင်ရွန် FB

 

တိုင်ရွန်ရဲ့ ငယ်စဉ်ဘဝ အိမ်မက်လေးကတော့ သရုပ်ဆောင်မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ လောကထဲကို မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေ စတင်ဝင်ရောက်လာတာဖြစ်ပြီး သရုပ်ဆောင်ဘက်ကို ခြေလှမ်းစတင်ခဲ့ချိန်မှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ဆိုတာ ခက်ခဲနက်နဲပေမယ့် ဝါသနာအရ ပြင်းထန်တဲ့ စိတ်နဲ့ကြိုးစားခဲ့ရချိန်တွေကြောင့် အခုဆိုရင် ငယ်ဘဝအိမ်မက် လေးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့လည်း ပြောပြခဲ့ပါသေးတယ်။

play
Photo: တိုင်ရွန် Fb

 

တိုင်ရွန်ဟာ ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးတဲ့ ရန်ကုန်မြို့ပြ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း စီနီယာ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ တစ်ခုလပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း အတွေ့အကြုံ ရှိတဲ့ သရုပ်ဆောင်ကြီးတွေနဲ့အတူ ပါဝင်ခဲ့သေးတယ်လို့ သိရပါတယ်။ မကြာခင်ကတော့ ဒါရိုက်တာဂျိုးရိုက်ကူးတဲ့ Cover ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရန်အောင်၊ လူမင်း၊ ရဲမင်းပိုင်၊ နေဆန်း၊ ထူးခြား၊ သတ္တိ၊ တိုင်ရွန်၊ ဟန်နီ တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD