AD
AD
AD
play

 

Beauty Blogger မလေး နေခြည်ဦးတစ်ယောက် သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ဧည့်သည် ဇာတ်ကားကြီးကို မကြာခင်မှာ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကား ဟာ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦး တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးထူးထူးခြားခြား ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပြီး ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေခြည်ဦးက အရမ်းကို ချစ်တတ်တဲ့ ကောင်မလေး ကာရိုက်တာအဖြစ် ပရိသတ်တွေ မြင်ရမယ်ဆိုပြီးတော့ မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ နေခြည်က အရမ်းချစ်တတ်တဲ့ ကောင်မလေးပေါ့နော်။Music မေဂျာ တက္ကသိုလ် နောက်ဆုံးနှစ် ။ ကိုယ့် ဘဝမှာ အချစ် ပဲရှိတယ်၊ အချစ်ကိုပဲ ကိုးကွယ်တယ်။ ကိုယ်ချစ်သူနဲ့ ကိုယ်အဆင်ပြေပြီးတော့ နိုင်ငံခြားကို  ထွက်သွားတဲ့ အချိန်မှာ ကိုယ်မထင်မှတ် ထားတဲ့ ကိစ္စလေးတွေဖြစ်လာတယ်။ အဲ့ဒီအခါမှာ ကိုယ့်ရဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုပြတဲ့ ဇာတ်ကားလေးပေါ့နော်'' လို့ သူက ဆိုပါတယ်။

play

 

ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာဟာ နေခြည်ဦးအတွက် အရင်က ဖြစ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင်မှုတွေ ရှိခဲ့ တယ်လို့ ဆိုပါတယ်။ ဇာတ်ကားကို လက်ခံဖို့ ဆုံးဖြတ်ပြီးချိန်မှာလည်း ဇာတ်ညွှန်းဖတ်ရင်း မျက်ရည်ကျခဲ့ရတာတွေရှိတယ်လို့ သူကပြောပြခဲ့ပါတယ်။

'' နေခြည့်ရဲ့ ကာရိုက်တာက နေခြည်အရင်တုန်းက Relationship တွေတုန်းက ဖြစ်ခဲ့ဖူးတဲ့ အရာတွေချည်းပဲ စကားလုံးတွေကအစပေါ့။ ကိုမိုးနီ ရေးလိုက်တဲ့ စာတွေကို ပြောလိုက်ကတည်းက နေခြည် မျက်ရည်ကျတယ်။ ဇာတ်ညွှန်းလေးဖတ်တုန်းကလည်း နေခြည် မျက်ရည် ကျခဲ့မိတယ်။ ဒီဇာတ်ကားလေးဟာ လက်ရှိ လူငယ်တွေကြားမှာ တကယ်ကိုဖြစ်နေတဲ့ ပုံစံလေးကို ရိုက်ပြထားတဲ့ ဇာတ်ကား လေးပါ'' လို့ ဆိုပါတယ်။

play

 

ဒီအကြောင်းအရာတွေကို ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားမှာ နေခြည်ဦးက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲကို  ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာရှိတဲ့ အောင်မြေ နေရာမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံ အင်တာဗျူးကိုတော့ M3 Food Center မှာ ကျင်းပပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရွှေထူး၊ ရွှေမှုံရတီနဲ့ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး အထူး ဧည့်သည် သရုပ်ဆောင်အဖြစ် ဖြိုးငွေစိုးက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

နေခြည်ဦးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကတော့ ရန်သူ လို့ အမည်ပေးထားပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ နေမင်း၊ ဝတ်မှုံရွှေရည် တို့နဲ့ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရန်သူ ဇာတ်ကားကြီးထဲက နေခြည်ဦးရဲ့ ကာရိုက်တာလေးကတော့ နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ကျောင်းသူလေး နေရာက ပါဝင်သရုပ်ဆောင်ထားတာလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD