AD
AD
AD
play

 

အဆိုတော် ဆောင်းဦးလှိုင်က ဇွန်လထဲမှာ စင်ကာပူက ဖိတ်ကြားတဲ့ အမေစု မွေးနေ့ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်သီဆို ဖျော်ဖြေသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဆာင်းဦးလှိုင်ဟာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်ရုံသာမက သူရေးဖွဲ့တဲ့ သီချင်းတွေ ကလည်း အောင်မြင်လျက်ရှိပါတယ်။ အခုလည်း သီချင်းရေးဖို့ လာအပ်ထားတဲ့ အဆိုတော်တွေဆီကနေ သူရေးသားထားတဲ့ တေးသီချင်းကောင်းလေးတွေကို ပရိသတ်တွေ နားဆင်ရဖို့ရှိတယ်လို့ ဆိုပါတယ်။

''လောကကြီးနဲ့လူတွေအကြောင်းတော့အလွန်တရာကိုသိနားလည်ခဲ့တာကြာပြီ။ အခုတလော သီချင်းရေးဖို့အပ်လာတဲ့လူတွေထဲက
ရေးပေးချင်စိတ်ရှိတဲ့လူတွေအတွက်ရေးတယ်။ အဆိုရှင်ကောင်းတွေဆီက သီချင်းကောင်းတွေကြားရပါ လိမ့်မယ်။ ဒီ Juneလထဲမှာ Singapore ကဖိတ်လို့ အမေစုမွေးနေ့ဂုဏ်ပြုအခမ်းအနားကိုတက်ရောက် ဆွေးနွေးမေတ္တာနဲ့သီဆို ကူညီဖို့ရှိတယ်။ မကြော်ငြာ ချင်ဘူးဗျ။ကျွန်တော်အသိ ပေးရုံပါ။ အမေစုမွေးနေ့ဂုဏ်ပြုလေ။ကြော်ငြာစရာမလိုဘဲ ကျနော်တို့မိတ်ဆွေများက ကိုယ့်အသိစိတ်နဲ့ ကိုယ်လာကြမယ်လို့အပြည့်အဝယုံကြည်နေတာကြောင့်ပါ'' လို့ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

play

ဆောင်းဦးလှိုင်ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ လက်ကမ်းစာစောင်အရ ယင်းဂုဏ်ပြုပွဲကို ဦးကျော်သူလည်း တက်ရောက်မယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းကစပြီး လူမှုရေးအလုပ်တွေမှာ ထဲထဲဝင်ဝင်ဆောင်ရွက်နေတဲ့ ဆောင်းဦးလှိုင်ကတော့ ဂီတဖျော်ဖြေမှုတွေ သိပ်မတွေ့ရတော့ပါဘူး။ သီချင်းတွေ သီဆိုမှုနည်းသွားပေမယ့်လည်း သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေကတော့ လက်ရှိဂီတလောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတုန်းပါပဲ။

''ဂီတအနုပညာလောမှာရှင်သန်ခဲ့ရတဲ့အတိတ်တွေတုန်းက လူငယ် လူသစ်တွေအပါအဝင် ဂီတသမားများ ကျွန်တော်နဲ့ လက်တွဲပြီး နိုင်ငံကျော် ထင်ရှား စင်ပေါ်ရောက်သွားခဲ့တာမနည်းပါဘူး။ တချို့တွေ ယနေ့ရေစီးကြောင်းထဲမှာပူပူနွေးနွေး ရှိနေဆဲပါ။ နောက်ကျော က ဓါးချက်တွေကိုပရိသတ် သိအောင်မပြောခဲ့ဖူး၊ သိပ်လည်းဂရုမစိုက်ဖြစ်ဘူးဗျာ။လူမှုရေးလောက ထဲ ၂၀၀၇ နှောင်းပိုင်းမှာ ဝါသနာအရ ထဲထဲဝင်ဝင်ရောက်သွားခဲ့တာကိုး ကြိုးစားပြင်ဆင်ခဲ့တာတွေ၊ လူမှန်းသိတတ်စအရွယ်တည်းက ကြိုးစားခဲ့သမျှ အခုအချိန်မှာ ကိုယ့်အသက် အရွယ်၊ အတွေ့အကြုံ ၊ စိတ်ဆန္ဒနဲ့ကိုက်ညီမယ့်ကိစ္စ၊ ဖြစ်သင့်တဲ့ကိစ္စတွေဘဲ လုပ်တော့တယ်။ အောင်မြင်မှုနဲ့ ငွေကြေးနောက် ကို မလိုက်ချင် တော့ဘူး။ စားဝတ်နေရေး အဆင်ပြေရင် တော်ပြီ။ လိုအပ်တဲ့လူတွေကို ကူညီနိုင်သမျှကူညီခဲ့ ကူညီနေဆဲပါ။ ဆောင်းဦးလှိုင်(၁.၆.၂၀၁၈)' ' ဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်။

play

 

 ဆောင်းဦးလှိုင်ဟာ ၂၀၁၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တုန်းလည်း မည်သည့် သီချင်းဆိုပြိုင်ပွဲမှာမှ သူ့ရဲ့ သီချင်းတွေကို မသုံးကြဖို့ ပြောထားသေးတယ်။ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့ လူစားတွေမဟုတ်ဘူးဆိုတာ ပြောပေးကြပါဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

ဆောင်းဦးလှိုင်က လက်ရှိမှာ  ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထားပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD