AD
AD
AD
play
Photo: Mari Cole FB

 

သရုပ်ဆောင်၊ မော်ဒယ်လ် မာရီကိုးလ်တစ်ယောက်  ထိပ်ကပ်နာ ရောဂါဝေဒနာကို ခံစားနေရတာ ၆ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေအပေါ်မှာလည်း အနှောင့်အယှက်ဖြစ်ရတယ် ဆိုပြီးတော့ Duwun Media ကနေ တဆင့်ပြောပြခဲ့ပါသေးတယ်။

"ထိပ်ကပ်နာရောဂါဖြစ်နေတာ ၆နှစ်ရှိပြီ ဆေးတွေလည်းသောက်နေတာစုံနေပြီ။ ဒါပေမယ့်ကိုယ်တိုင်ကလည်း ဆေးကိုပုံမှန်မသောက် ဖြစ်တော့ အမြစ်မပြတ်ဘူး။ မြန်မာဆေးပြောင်းပြီး သောက်လိုက်တော့ မျက်နှာတွေက ဖောင်းလာတယ်။ လူကပြည့်လာသလို ဖြစ်လာ တာပါ"ဆိုပြီးတော့ မေလ ၃၁ ရက်မှာ မိတ်ကပ်လင်းလင်း(လမ်းမတော်) ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာတဲ့ မာရီကိုးလ်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

၆ နှစ်အကြာ ခံစားနေရတဲ့ ထိပ်ကပ်နာ ရောဂါအမြစ်မပြတ်သေးတာကြောင့် ပြည်မြို့အထိ သွားရောက်ဆေးကုသမှုခံယူမယ်လို့ လည်း သိရပါတယ်။

''ထိပ်ကပ်နာရောဂါကအမြစ်မပြတ်သေးတာကြောင့်လည်း ပြည်မြို့အထိ သွားရောက် ဆေးကုသဖို့ရှိပါတယ်။ ပြီးတော့ အနုပညာ လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်အောင် ကျန်းမာရေးမကောင်းတဲ့ ကြားထဲက သီချင်းအသစ်တစ်ပုဒ် ကို အွန်လိုင်း ကနေ မိတ်ဆက်ပေးနိုင်ဖို့ ကြိုးစားပြင်ဆင်နေပါတယ်။ ညီမပရိသတ်တွေက ညီမကို အကနဲ့တွဲတဲ့သီချင်းတွေကို ပိုပြီး အားပေး ကြတော့ အလန်းတွေ မြင်ရဖို့ရှိပါတယ် ။ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတာကတော့ အွန်လိုင်းမှာစောင့်ကြည့်ပေးပါ"ဆိုပြီး ပြောပြခဲ့ပါ တယ်။ အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့တဲ့ မာရီကိုးလ်က တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေ သူဖြစ်ပါတယ်။

play
မိတ်ကပ်လင်းလင်း(လမ်းမတော်) ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာတဲ့ မာရီကိုးလ်

 

နောက်ပိုင်းမှာအနုပညာအလုပ်တွေကို ခပ်စိတ်စိတ်ဆောင်ရွက်သွားမယ်ဆိုတဲ့ မာရီကိုးလ်ကတော့ ဒရာမာဇာတ်ရုပ်တွေကိုရွေးချယ်ရိုက်ကူး သွားမှာ ဖြစ်ပြီး ရင်နင့်အောင်ခံစားရတဲ့ဒရာမာဇာတ်ကားတွေ၊ သဘာဝကျတဲ့ဇာတ်ကားမျိုးတွေကို ရိုက်ကူးသွားမယ်လို့ သူကဆိုပါတယ်။ Documantry ပုံစံလေးတွေကိုလည်း သဘောကျတဲ့အတွက်  Ride On Europe ခရီးစဉ် Program အတွက် ကို လည်း ကျော်ကျော်ဗို၊ သည်ခေတ်နေ၊ အလက်ဇန်းဒါးခရစ်၊ကျော်လင်းဗို၊Mike နဲ့ မာရီကိုးလ် တို့နဲ့ နိုင်ငံပေါင်း ၆ နိုင်ငံ သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါ တယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD