AD
AD
AD
play

 

အသံအားကောင်းကောင်းနဲ့ ချစ်စရာကောင်းလှတဲ့ အဆိုတော် ခင်စုစုနိုင်ရဲ့ အချစ်ရေးက အပြောင်းအလဲ မရှိဘူးလို့ ဆိုပါတယ်။ အချစ်ရေးမှာ ကံကောင်းတဲ့သူတစ်ဦးပါလို့ ပြောပြခဲ့ပြီး ချစ်သူနဲ့ လက်ထပ်ဖို့ကတော့ လိုပါသေးတယ်လို့ Duwun  Media ကနေဖြေဆိုခဲ့ပါတယ်။

''လတ်တလောအချစ်ရေးကတော့ ပြောနေကြအတိုင်း ဖြေနေကြအတိုင်း Relationship ကတော့ အပြောင်းအလဲ တစ်ခုမှ မရှိပါဘူး။ အများသူငါ ထင်ကြေးပေးနေကြတဲ့ လက်ထပ် ဖို့ဆိုတဲ့ ကိစ္စကတော့လိုပါသေးတယ်။ အချစ်ရေးမှာတော့ ကိုယ့်ကိုယ်ကို ကံကောင်းတယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ချစ်ရတဲ့သူနဲ့ဆိုတော့ပျော်ပါတယ်"ဆိုပြီးတော့ မေလ ၃၁ရက်နေ့ ညမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိတ်ကပ် လင်းလင်း(လမ်းမတော်) ရဲ့ မွေးနေ့ပွဲကို တက်ရောက်လာရင်း Duwun media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ခင်စုစုနိုင်ရဲ့ ချစ်သူက သူ့ထက် အသက်ကြီးပြီး နားလည်မှုလည်း အပြည့်အဝပေးတာကြောင့် အချစ်ရေးမှာတော့ အိုကေ စိုပြေနေပြီလို့ ပြောပြထားပါသေးတယ်။

''ချစ်သူကတော့ သူမထက် အသက်အရွယ်အရကြီးပြီး နားလည်ပေးနေပြီး တစ်ယောက်နဲ့တစ်ယောက် တလေးတစားရှိနေလို့လည်း အချစ်ရေးကတော့ အိုကေမှ စိုပြည်နေတယ်။ ကြာလာတော့ Relationship က မောင်နှမတွေလို ဖြစ်လာတယ်။ သံယောဇဉ်လည်း ရှိလာတယ်။ ကွီးတွေ ခေးတွေ ထက်စာရင် တော်တော်များများအတွဲတွေက ရန်ဖြစ်ကြတယ်။ ကိုယ်တွေကတော့ ရန်ဖြစ်တာ နည်းတယ်။ အရမ်း ထူးထူး ခြားခြားကြီး ရန်ဖြစ်တာမျိုးမရှိဘဲ အေးဆေးပဲ။ လူတစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ကတော့ အရေးအကြီးဆုံးပါ"လို့ ပြောပြခဲ့ပါတယ်။ ခင်စုစုနိုင်ဟာ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့  ပရိသတ်တွေကို ပြောလေ့ပြောထ သိပ်မရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူကလည်း ဘယ်သူ ဘယ်ဝှာဆိုတာကို ထုတ်ဖော်ပြောပြထားတာလည်း မရှိပါသေးပါဘူး။

play

 

ခင်စုစုနိုင်က Melody World 2010 သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အသံအားကောင်း ကောင်းနဲ့ သီဆိုခဲ့တဲ့ သီချင်းတွေကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာ တော့ '' ချစ်မြဲတိုင်း ချစ်မယ်'' ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေရယ်၊ '' ကိုယ်ပိုင် စိတ်ကူး'' လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေရယ် ထွက်ရှိခဲ့ပါသေးတယ်။ အဲ့ဒီနောက် ပြည်ပခရီးစဉ်တွေရော၊ ပြည်တွင်းခရီးစဉ်တွေမှာပါ ဖျော်ဖြေပွဲတွေ သီဆိုနေ ရတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD