AD
AD
AD
play

 

ဒီနေ့ ဇွန်လ ၂ ရက်နေ့ဟာ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ နန်းမြတ် နဲ့အတူခင်ပွန်း ဖြစ် တဲ့ ကိုတာတာမျိုး ကလည်း မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇမ္ဗူတောရ ရိပ်သာမှာမွေးနေ့အလှူလုပ်ရင်း သာသနာ့ဘောင်ဝင်ခဲ့ကြပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ ဘွဲ့နာမည်ကတော့ သုဝတီ ဖြစ်ပြီး ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးရဲ့ ဘွဲ့နာမည်ကတော့ ဓမ္မသာရ လို့ အမည်ရပါတယ်။

'' ဒီနေ့ မွေးနေ့ အလှူလေးကတော့ နန်းမြတ်ရဲ့ မွေးနေ့အလှူလေးပေါ့နော်။ နန်းမြတ်တို့ ဘုန်းဘုန်းကို ဆွမ်းကပ်မယ်။ ပြီးတော့ စတုဒီသာ ကျွေးတယ်။ ပြီးတော့ နန်းမြတ်က သီလရှင်ဝတ်မယ်၊ သူကတော့ ဘုန်းကြီးဝတ်မှာပေါ့။ နန်းမြတ်လည်း အရင်တုန်းက သီလရှင်ဝတ်ဖူးတယ်၊ သူလည်း အရင်တုန်းက ဘုန်းကြီးဝတ်ဖူးတယ်။ အခုလို အတူတူဝတ်ဖြစ်တာကတော့ ပထမဆုံးပါပဲ'' ဆိုပြီးတော့ ဇွန်လ ၂ ရက်နေ့ မနက်ပိုင်း က အောင်ဇမ္ဗူတောရ ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့ အလှူက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

အိမ်ထောင်ပြုပြီးတဲ့နောက် ဇနီးမောင်နှံအတူတူ ပရဟိတအလုပ်တွေ ဆောင်ရွက်လေ့ရှိပြီး နန်းမြတ်ဖြိုးသင်းဟာ သူ့ရဲ့ အနုပညာကြေး ထဲက ရတဲ့ ငွေကြေးတချို့နဲ့ လစဉ်လတိုင်း အလှူအတန်းတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

'' ပြီးသွားရင်တော့ ကားရိုက်တွေပြန်ဝင်ရမယ်။ အဲ့ဒါပြီးရင် နှစ်ယောက်အတူတူ ဒီနှစ်ထဲမှာတော့ ခရီးတွေသွားဖို့ စဉ်းစားထားတယ်။ ပြီးတော့ နှစ်ယောက်ပေါင်း ကုသိုလ်ကို လစဉ်တိုင်းလုပ်ဖြစ်တယ်။ နန်းမြတ်က အနုပညာကြေးက ရတဲ့ပိုက်ဆံကို ရာခိုင်နှုန်းဖယ်ပြီးတော့ သာသနာအတွက်၊ မိဘအတွက်ဆိုပြီး ခွဲပြီးတော့ လစဉ်တိုင်း လုပ်ဖြစ်ပါတယ်။ ပရိသတ်ကို အသိပေးဖြစ်တာ၊ မပေးဖြစ်တာလေးပဲ ကွာတာ ပါ''ဆိုပြီးတော့ ပြောပြခဲ့ပါသေးတယ်။

play

 

မေလ ၂ရက်နေ့ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးက Duwun Media ကနေတဆင့် ချစ်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်းစကားလေးကို အခုလိုပြောခဲ့ပါသေးတယ်။

'' ပျော်တယ်၊ ရင်ထဲမှာလည်း တကယ်ပျော်တယ်။ အရင်တုန်းကလိုတော့ မဟုတ်ဘူးပေါ့  အမျိုးသမီးနဲ့ အတူတူ ပါရီဖြည့်ရတာဆိုတော့ ပီတိဖြစ်တယ်။ အရမ်းချစ်တယ်။ ကလေးတွေ အများကြီးမွေးပေးပါ'' ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်းကလည်း ကလေးယူဖို့ စဉ်းစားနေပြီလို့ ထပ်ပြီးတော့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' မသိသေးပါဘူး၊ အဲ့ဒီလိုကြီးဆုံးဖြတ်ထားတာတော့ မရှိဘူး။ ကလေးယူဖို့တော့ စဉ်းစားနေပါပြီ'' လို့ ဆိုပါတယ်။

play

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းနဲ့ ကိုတာတာမျိုးတို့ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာပွဲကျင်းပ ပြုလုပ်ခဲ့ပြီး ၂၇ ရက်နေ့ မှာတော့ မင်္ဂလာ ညစာစားပွဲကို အင်းယားလိဂ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေ ဆက်တိုက် လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး မကြာခဏ အလှူအတန်းလေးတွေလည်း လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD