AD
AD
AD
play
Photo: Sai Si Facebook

 

အနုပညာအလုပ်တွေနဲ့ ဝေးပြီး စီးပွားရေးဘက်မှာ အခြေချနေတဲ့ သရုပ်ဆောင် စိုင်းစည်တွမ်းခမ်းကတော့ သူ့ရဲ့ အချစ်ရေးအကြောင်းကို အခုလိုပြောပြလာပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ ဆယ်ကျော်သက် မဟုတ်တော့တဲ့ သူ့ရဲ့ အချစ်ရေးမှာ သူ့ဘက်ကတကယ်ကိုချစ်တယ်၊ မေတ္တာရှိတယ်ဆိုရင် သူ့ရဲ့ ချစ်သူအပေါ် ကောင်းစေချင်တဲ့ ဆန္ဒ ရှိပြီး ဒုက္ခမရောက်စေချင်ဘူးလို့လည်း Duwun Media ကနေဖြေဆိုခဲ့ ပါတယ်။

'' အချစ်ရေးဆိုတာကတော့ ကျွန်တော်တို့က ဆယ်ကျော်သက်လည်း မဟုတ်တော့ဘူးလေ။ ဆယ်ကျော်သက်ဆိုရင်တော့ တစ်ရက်မှာ ၇၀ ရာခိုင်နှုန်းလောက်ချစ်ကြမယ်ထင်တယ်။ ကိုယ့်ကိုယ် ကိုတော့မပြောတတ်ဘူး။ ကျွန်တော်က ချစ်တယ်၊ မေတ္တာရှိတယ် ဆိုရင် ကောင်းစေ ချင်တယ်။ ကျွန်တော့်ကြောင့် ဒုက္ခမရောက်စေချင်ဘူး၊ ကျွန်တော့်ကြောင့် သူ့ဘဝနှောင့်နှေးတာမျိုးတို့ သူ့ဘဝ မတိုးတက်တာမျိုးတို့ မဖြစ် စေချင်ဘူး။ '' ဆိုပြီးတော့ Beauty Diary ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်လာတဲ့ စိုင်းစည်တွမ်ခမ်းက Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play
Photo: Sai Si Facebook

 

ကိုယ့်ရဲ့ချစ်သူနဲ့ အတူရှိနေချိန်မှာ မေတ္တာ၊ စေတနာအပြည့်ထားတယ်၊ ကိုယ့်ဆီမှာမပျော်လို့ တခြားလူနောက် ပါသွားမယ်ဆိုရင်လည်း သူပျော်မယ်ဆိုရင် ကျေနပ်တယ်လို့ ဆိုပါတယ်။

'' သူ့ကိုလည်းပျော်စေချင်တယ်၊ ဒါပေမယ့် ကျွန်တော်နဲ့ မပျော်တော့လို့ တခြားလူနောက်ပါသွားမယ်ဆိုရင်လည်း ကျွန်တော် ကျေနပ်တယ်။ အရင်တုန်းက အချစ်ဆိုရင် ကိုယ့်ဆီပါမှ ကိုယ်နဲ့အတူတူရှိရမယ်ပေါ့။ အခုတော့ အဲ့ဒီလိုမဟုတ်ဘူး ကိုယ်နဲ့ကံပါရင် အတူနေရမယ်၊ ကိုယ်နဲ့ ကံမပါရင် သူများနဲ့ အကြောင်းပါရင်လည်း ပါပေါ့နော်။ ကိုယ်နဲ့ရှိတဲ့အချိန်မှာတော့ မေတ္တာအပြည့်ထားတယ်။ တစ်ယောက်နဲ့ တစ်ယောက် က နားလည်မှု အပြည့်ပေးရမယ်ပေါ့'' လို့ သူကဆိုပါတယ်။

play
Photo: Sai Si Facebook

 

မိန်းကလေးပရိသတ်တွေကတော့ အသားဖြူဖြူ ခန္ဓာကိုယ်တောင့်တောင့်နဲ့ ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ စိုင်းစည်တွမ်ခမ်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် ပရိသတ်တွေစတင်အားပေးလာတာဖြစ်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကားတွေ လည်းရိုက်ကူးခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်အထိ အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပြီး အခုချိန်မှာတော့ စီးပွားရေးကို ဦးစားပေးနေတာကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD