AD
AD
AD
play

 

သရုပ်ဆောင်ဖြိုးငွေစိုးဟာ အနုပညာလုပ်သက် အတွေ့အကြုံအများကြီးရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ် စလုပ်ခဲ့တုန်းက အောင်မြင်တဲ့ စီနီယာသရုပ်ဆောင်တွေတိုင်းကို လေးစားရတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ အနုပညာလမ်းကြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အကြောင်းတွေကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' အစ်ကိုတို့ အရှေ့မှာ မင်းသား၊ မင်းသမီးတွေက ထုနဲ့ထည်နဲ့ရှိတာ အစ်ကိုတို့ ဝင်တိုးရတဲ့ အချိန်မှာလေ။ တော်တော်ကြီးကို ခိုင်မာတဲ့ ထုထည်ကြီးပါ။ ဦးကျော်ဟိန်း၊ ကိုသားကြီး(ဒွေး)၊ ကိုကျော်ရဲအောင်၊ ကိုရန်အောင်၊ ကိုလူမင်း၊ မင်းမော်ကွန်း အများကြီးဘဲ အဲ့ဒီလိုလူတွေ ကြားထဲကို အစ်ကိုတို့က ဝင်ရတာဆိုတော့ သူတို့ အားလုံးကို မကြောက်ရင်တောင် လေးစားရတယ်'' လို့ ဆိုပါတယ်။

play

 

ဖြိုးငွေစိုးဟာ ဒီနေ့ ဒီအချိန်အထိ စီနီယာသရုပ်ဆောင်တွေနဲ့ ရှုတင်မှာ ဆုံဖြစ်ရင်တောင် ဖိနပ်ပြေးချွတ်ပေးသင့်ရင် ချွတ်ပေးတယ်လို့ ဆိုပါတယ်။

'' ဒီနေ့ အထိ ကိုကျော်ရဲအောင်တို့နဲ့ အစ်ကိုတို့ ရှုတင်မှာ ဆုံလို့ရှိရင် ဖိနပ်က အစ အစ်ကို  ပြေးချွတ်လိုက်တယ်။ ဖိနပ်ချွတ်ရတာ မပင်ပန်းပါဘူး ဘာမှလည်း လျှော့မရှိဘူး။ ဒါပေမယ့် သူတို့ အစ်ကိုတို့ဘက်ကို  ပြန်ပြီးတော့ ထားပေးတဲ့ စေတနာ၊ မေတ္တာတွေကတော့ တော်တော်လေး အသုံးတည့်တယ်'' လို့ ဖြိုးငွေစိုးက ပြောပါတယ်။

play

 

သူတို့ ခေတ်တုန်းက အနုပညာအလုပ်လုပ်ရင် လေးစားသင့်တဲ့သူ၊ ကြောက်သင့်တဲ့သူ ဆိုရင် လိုအပ်တာထက် ပိုလေးစား၊ ပိုကြောက်ခဲ့ရပြီး အလုပ်ကိုလည်း ပိုကြိုးစားရတဲ့ အကြောင်းလေးတွေကိုလည်း အမှတ်တရလေးတွေ ပြန်ပြောပြခဲ့ပါတယ်။

'' အစ်ကိုတို့ လေးစားရမယ့် လူဆိုရင် လိုအပ်တာထက်ပိုပြီးတော့ လေးစားတယ်။ အစ်ကိုတို့ ကြောက်ရမယ့် လူဆိုရင် လိုအပ်တာထက်ပိုပြီးတော့ ကြောက်တယ်။ အလုပ်ဆိုရင်လည်း လိုအပ်တာထက် ပိုလုပ်တယ်။ အစ်ကိုတို့ နိုင်ရမယ့် လူဆိုရင် ပိုနိုင်တယ်ပေါ့ ဒီလိုပဲ အကျင့်လေးတွေရှိကြတယ်။ ဦးကျော်ညွှန့်တို့ ရိုက်တုန်းကဆိုရင် ရှုတင်မှာ ချောင်းတောင်မဆိုးရဲဘူးတဲ့။ အဲ့ဒီလို နေလာခဲ့ကြတာလေ။ အခုချိန်ကျမှတော့ အဲ့ဒါကြီးက ဖျောက်လို့မရတော့ဘူး။ အကျင့်တွေက နည်းနည်းတော့ ဆက်ပါနေတုန်းပဲ။ အစ်ကိုတို့ တုန်းက ဆိုရင်  အင်တာဗျူးဖြေချင်လွန်းလို့ အတင်းလိုက်ပြီးတော့ ပြောနေရတာ အခုလိုထိုင်စောင့်နေရတာမျိုးတွေ မရှိဘူး'' လို့ သူက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

play

 

၁၈နှစ်သားကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်လာခဲ့တဲ့ ဖြိုးငွေစိုးဟာ ယနေ့ထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေပါပြီ။ ဖြိုးငွေစိုးဟာ အခု ဒါရိုက်တာညွ့န့်မြန်မာညီညီအောင်ရဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ရွှေထူး၊ရွှေမှုံရတီ၊ နေခြည်ဦးတို့နဲ့အတူ ရိုက်ကူးနေပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD