AD
AD
AD
play

 

ရွှေထူးဟာ 7SENSE Film Production ကနေ ရိုက်ကူးလိုက်တဲ့ '' ပက်ပက်စက်စက်ညို့'' ရုပ်ရှင်ဇာတ်ကားကြီးမှာ ဗီလိန်ကာရိုက်တာ နဲ့ ပါဝင်သရုပ်ဆောင်ခဲ့သလို လက်ရှိရိုက်ကူးနေတဲ့ ''ဧည့်သည်'' ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဗီလိန်ကာရိုက်တာအဖြစ်ပါဝင်သရုပ်ဆောင်နေ တယ်လို့ သိရပါတယ်။ ရွှေထူးကို ဗီလိန်ကာရိုက်တာတွေအတွက်ချည်း ရွေးချယ်ဖြစ်ခဲ့ပုံကို 7SENSE Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က Duwun Media ကို ပြောပြခဲ့ပါတယ်။

'' ဗန့်ဆိုပေမယ့်လည်း သူ့ရဲ့ ပုံစံ ဇာတ်ကြောရိုးလေးက ခပ်မာမာ၊ ခပ်ဂျစ်ကန်ကန် ပုံစံလေးတွေနဲ့ အစမှာ လိုက်တယ်လို့ ထင်တယ်။ သူ့အတွက် ကတော့ ဂီတမှာ အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်တယ်။ သရုပ်ဆောင်လောကမှာတော့ သူက စစချင်း အဝင် ဖြစ်တယ်။ သူ့အတွက် အားသန်တဲ့၊ သူ သရုပ်ဆောင်ရတာ ပိုပြီးတော့ အဆင်ပြေစေနိုင်မယ့် ကာရိုက်တာမျိုးကို ရွေးရတာပါ"ဆိုပြီး ကိုဝေမင်းမောင်က ဇွန်လ ၁ ရက်နေ့၊ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားမှာ  Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

play

 

ဗီလိန်ကာရိုက်တာတွေနဲ့ ရွှေထူးရဲ့ အပြင်က ပုံစံလေးနဲ့ပုံစံတူတာကြောင့် လိုက်ဖက်တဲ့ ကာရိုက်တာရှာရင်းကနေ ရိုက်ဖြစ်သွားတာပါလို့ ဆိုပါတယ်။

'' သူ့ရဲ့ အပြင်က ကာရိုက်တာလေးကလည်း ဒီလို ဗီလိန်ပုံစံမျိုးလေးတွေ ဖြစ်တဲ့အတွက် အပြင်ကာရိုက်တာနဲ့ လိုက်ဖက်မှု ရှိစေနိုင်မယ့် ကာရိုက်တာမျိုးကိုရှာရင်းနဲ့ ဗီလိန်ပုံစံလေးဖြစ်နေတာပါ'' လို့ သူကဆိုပါတယ်။

လက်ရှိမှာ ရွှေထူးပါဝင်သရုပ်ဆောင်နေရတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာကလည်း ဂျစ်ကန်ကန်နဲ့ ရည်းစားရှုပ်တဲ့ ကောင်လေးတစ်ယောက်ပုံစံဖြစ်ပါတယ်။

play

 

ရွှေထူးဟာ 7SENSE Film Production နဲ့ အတူ အနုပညာအလုပ်တွေ တွဲလုပ်ဖို့ ၂ နှစ်တာ စာချုပ်ချုပ်ထားတယ်လို့ သိရပါတယ်။ စာချုပ် ချုပ်ဆိုထားချိန်မှာ 7SENSE Film Production နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ  ဆက်တိုက်ရိုက်ကူးသွားရမှာပါ။ ရွှေထူး နဲ့ 7SENSE Film Production တို့ စာချုပ်မချုပ်ဆိုခင်တုန်းကလည်း '' ပက်ပက်စက်စက်ညို့'' ရုပ်ရှင်ဇာတ်ကားကြီးကို နေတိုး၊ ရွှေထူး နဲ့ မိုးစက်ဝိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်တွေအဖြစ် ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD