AD
AD
AD
play
Photo: Khin San Win Facebook

 

မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်၊ သရုပ်ဆောင်အလုပ်တွေကိုပါဆောင်ရွက်နေရတဲ့ ခင်စန်းဝင်းကတော့ သူ့ရဲ့ တတိယမြောက်ဇာတ်ကား ကို မကြာခင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားလေးကနေတဆင့် မိန်းမလျာပုံစံ မိဘ နဲ့ သားသမီးကြားက မေတ္တာလေးတွေကို ချပြမယ့် အကြောင်းအရာလေးတွေရိုက်ကူးသွားမယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

'' အဓိက ကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ မေတ္တာပါ။ မကြီးတို့ အနေနဲ့ မိန်းမလျာဖြစ်တဲ့အတွက် သား၊သမီး မမွေးနိုင်တဲ့အခါမှာ ကိုယ်မွေးမိတဲ့ ဒီကလေးကို မိန်းမ၊ ယောက်ျားတွေလိုပဲ ရှင်သန်အောင်၊ တိုးတက်အောင် ကိုယ့်ဘက်ကနေပေးဆပ်တဲ့အပိုင်းလေးတွေ၊ မိဘနဲ့သားသမီးကြားက မေတ္တာလေးတွေကို ပြချင်တာပါ'' လို့ သူကဆိုပါတယ်။

မကြီးစန်းအနေနဲ့ တတိယမြောက်ရိုက်ကူးမယ့် ဇာတ်ကားကို ဇာတ်လမ်းတွဲအနေနဲ့ အွန်လိုင်းပေါ်ကနေတဆင့် ဖြန့်သွားမယ်လို့ ဆိုပါတယ်။

'' အနုပညာလှုပ်ရှားမှုကတော့ တတိယမြောက်ဇာတ်ကားရိုက်ကူးဖို့ရှိပါတယ်။ ဒါကတော့ ဇာတ်လမ်းတွဲလို ပုံစံမျိုးလေးကို အွန်လိုင်းကနေ တဆင့် ဖြန့်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒုတိယမြောက်ဇာတ်ကားတုန်းက ထွက်ပြီးတော့ ဖြန့်ချိရေး အားနည်းတဲ့အတွက် ပရိသတ်ကြားထဲ သိပ်မရောက်လိုက်ဘူး။ ဗီဒီယိုလောက ကျရှုံးတာလည်း ပါတာပေါ့လေ၊ ပရိသတ်အားလုံးရဲ့ လက်ထဲကိုလည်း မရောက်ဘူးပေါ့လေ'' လို့ဆိုပါတယ်။

play
Photo: Khin San Win Facebook

 

ခင်စန်းဝင်းဟာ '' မကြီးစန်းနှင့် သူ၏ချစ်သူများ'' ဗီဒီယိုဇာတ်ကား နဲ့ '' တစ်နေ့မှ မောင့်ကို ဒီအကြောင်းတွေပြောပြရဦးမယ်'' ဗီဒီယိုဇာတ်ကား ၂ကားကို ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ရိုက်ကူးခဲ့ပြီးတဲ့ ဇာတ်ကား ၂ ကားမှာလည်း သရုပ်ဆောင်အသစ်လေးတွေနဲ့ ရွေးချယ်ရိုက်ကူးခဲ့ပါတယ်။ တတိယမြောက်ရိုက်ကူးမယ့် ဇာတ်ကားမှာလည်း မင်းသားချောလေး တစ်ယောက်ပါဝင်လာဦးမယ်လို့ ဆိုပါတယ်။

'' ပထမဇာတ်ကားတုန်းကတော့ ဇာတ်လမ်းအရ ကိုဂျွန်လွင်ကနေပြီးတော့ ထက်အောင်ရှိုင်းကို တင်ချင်တဲ့အတွက် ထက်အောင်ရှိုင်းက မင်းသားဖြစ်သွားတယ်၊ ဒုတိယမြောက်ဇာတ်ကားတုန်းကကျတော့ မကြီးနဲ့ချစ်သူဖြစ်ရမယ့်သူဆိုတော့ မကြီးရဲ့ စံချိန် စံညွှန်းထဲမှာ မကြီး ချစ်ရမယ့် ချစ်သူပုံစံမျိုးနဲ့ ကွက်တိဖြစ်တဲ့သူကိုရွေးလိုက်တဲ့အခါမှာလည်း ကိုဂျွန်လွင် စင်တင်ဖို့ အစီအစဉ်ရှိတဲ့ ကလေးတွေထဲကပဲ တစ်ယောက်ကို မကြီးရွေးထုတ်ပြီးတော့ မင်းသားတင်ရိုက်လိုက်တယ်။ တတိယမြောက်ဇာတ်ကားမှာကျတော့ မကြီးရဲ့ သားနေရာကပါမယ် ငယ်ရွယ်နုပျိုမှုကို အဓိက ခေတ်ပုံစံလေးလည်းဖြစ်ရမယ်ဆိုတော့ ကိုဂျွန်လွင်တို့ ဆီကပဲ သူရိန့်ကို ရွေးလိုက်တာပါ'' ဆိုပြီးတော့ Spice Girl ဆိုင်အသစ်ဖွင့်ပွဲက မီဒီယာတွေရဲ့အင်တာဗျုးတွေကို ဖြေဆိုခဲ့တာပါ။

play
Photo: Khin San Win Facebook

ခင်စန်းဝင်းအနေနဲ့ အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်တွေကို ပေးချင်တဲ့ ဗဟုသုတတွေ ရစေချင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း လူတိုင်းကြည့်နိုင်အောင် အွန်လိုင်းပေါ်ကနေဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ ခင်စန်းဝင်းဟာ ပထမဆုံးရိုက်ကူးခဲ့တဲ့ မကြီးစန်းနှင့် သူ၏ ချစ်သူများ ဗီဒီယိုဇာတ်ကားကနေတဆင့် သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေလက်ခံလာတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပထမ ဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် နောက်ထပ်ဇာတ်ကားတွေ ဆက်ရိုက်လာတာပါလို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာလည်း ဖြေဆို ခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD