AD
AD
AD
play
Photo: Soe Pyae Thazin Fb

 

သရုပ်ဆောင်စိုးပြည့်သဇင်တစ်ယောက် ဇနီးချောများကွန်ယက် ဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်မှာ အရမ်းပျော်နေပုံပါပဲ။ ရှုတင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဓာတ်ဖမ်းနေတယ်ဆိုတဲ့ စိုးပြည့်လေးက စကားဝါပန်းလေးတွေနဲ့အပြိုင် အရမ်းကိုချစ်စရာကောင်းနေတာပါ။ လှပပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံလှလှလေးတွေကို သူ့ရဲ့ မေမေက ရိုက်ပေးတာပါတဲ့။

''ရှုတင်မှာပျော်ရွှင်စွာဓါတ်ဖမ်း။ လိုချင်တာကတော့ ပန်းလေးတွေကြွေကျတာကို ဖမ်းတဲ့ပုံလေးပေါ့လေ။ ရိုက်တဲ့မေမေကပဲ တော်တာလား။ ပန်းပွင့်ကြဲပေးတဲ့ ညီမလေးကပဲ တော်တာလား။ ကိုယ်ကပဲ ပို့စ်ပေးတတ်တာလားတော့မသိဘူး။ ကဗျာဆန်ဆန်ထွက်မလာဘဲ ဖရိုဖရဲတွေကိုဖြစ်လို့'' ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရဓာတ်ပုံလေးတွေနဲ့ အတူ ရေးသားခဲ့ပါတယ် ။

play
Photo: Soe Pyae Thazin Fb

 

အခု စိုးပြည့်ရိုက်ကူးနေတဲ့ ဇနီးချောများကွန်ယက် ဇာတ်လမ်းတွဲ ပထမပိုင်းကို MRTV ရုပ်သံလိုင်းကနေ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

''လာမယ့် ၁၃ ရက်နေ့မှာ စိုးပြည့်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇနီးချောများကွန်ယက် ဇာတ်ကား အပိုင်း(၁)က စပြီးလာပြီနော်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၄ ရက်နေ့က ရေးသားတင်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ စိုးပြည့်သဇင်က သရုပ်ဆောင် နေယံ ရဲ့ ဇနီး နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play
Photo: Soe Pyae Thazin Fb

 

ဇနီးချောများကွန်ယက် ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာက ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို MRTV Entertainment Free to Air ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။ ဇနီးချောများကွန်ယက် ရုပ်သံဇာတ်လမ်းတွဲမှာ ဖိုးသောကြာ၊ ကျော်ကျော်၊ နေယံ၊ ဇေယျ၊ ခင်သဇင်၊ စိုးပြည့်သဇင်၊ မြနှင်းရည်လွင် နဲ့ မေဘရဏီသော် တို့က အဓိက ပါဝင်သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD