AD
AD
AD
play

သရုပ်ဆောင်ရွှေမှုံရတီတစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ရွှေရည်ရတီ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇွန်လက စလို့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကြီး နာမည်ကိုတော့ ငါးစိမ်းသည် လို့ နာမည်ပေးထားပြီး ပြင်ဦးလွင်မှာ ရိုက်မယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ၆ လပိုင်း ၁၈ ရက်နေ့ဆိုရင် ညီမတို့ ကိုယ်ပိုင်ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကား စရိုက်ပါပြီ။ ဒါရိုက်တာကတော့ ကျော်ဇောလင်း(အတွေးပုံရိပ်)ပါ။ ရိုက်ကွင်းနေရာလေးကိုတော့ ပြင်ဦးလွင်ကိုရွေးထားတယ်၊ ဇာတ်ကားပုံစံလေးကတော့ ဟာသဇာတ်ကားလေးပါပဲ'' လို့ ဆိုပါတယ်။

play
Photo: Shwe Mhone Yati

 

'' ဘယ်လို ထူးခြားမှုလေးတွေရှိမလဲဆိုတော့ အုံအုံကျဉ်းကျဉ်းလေးနဲ့ပေါ့။ မကြီးစိုးပါတယ်၊ မခိုင်လေးပါတယ်၊ ပြီးတော့ ညီမနဲ့ ငွေမှုံ တို့ပါတယ်။ ရီရမှာပါ။ မင်းသားကတော့ ကိုအောင်ရဲလင်းနဲ့ပါ။ ဦးမိုးဦးကတော့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဘယ်လိုစီစဉ်ထားသလဲတော့ မသိဘူး။ ညီမတို့ကလည်း အခန်းစဉ်တွေ မရသေးတော့ သေသေချာချာ Confim မဖြစ်သေးပါဘူး'' လို့ ဇွန်လ ၁ ရက်နေ့က ရွှေတိဂုံစေတီတော် မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

play

 

ရွှေမှုံရတီဟာ အခုလက်ရှိမှာလည်း ထူးခြားတဲ့ဇာတ်ရုပ်လေးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပေမယ့် သူ မရိုက်ဖူးသေးတဲ့ ကာရိုက်တာကတော့ အများကြီးပါဘဲတဲ့။

'' မရိုက်ဖူးသေးတဲ့ ကာရိုက်တာတွေကတော့ အများကြီးပါပဲ။ မြန်မာနိုင်ငံမှာ လူသန်းပေါင်းများစွာ ရှိသလို၊ ကာရိုက်တာပေါင်းများစွာရှိတဲ့ အတွက်ကြောင့်လည်း ညီမတို့ကတော့ ဘယ်တော့မှ ရိုက်လို့ကုန်မှာ မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးကလည်း ဟာသပါပဲ ဇာတ်အကြမ်း ကြီးရယ်လို့တော့ မဟုတ်ပါဘူး''လို့ ပြောပြခဲ့ပါသေးတယ်။

play
Photo: Shwe Mhone Yati

 

ရွှေမှုံရတီကတော့ အခုလက်ရှိမှာ ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အသည်းခွဲတမ်း ကစားတတ်တဲ့ ကောင်မလေးတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး တည်ထောင်တော့မယ်ဆိုတာကို သူ့ရဲ့ အသက် ၂၀ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၆ ရက်နေ့က စပြီးကြေညာလိုက်တာ ဖြစ်ပါတယ်။ ရွှေမှုံရတီဟာ အနုပညာပျိုးခင်းကနေ စင်တင်လိုက်တဲ့ မင်းသမီးဖြစ်ပြီး အခုချိန်မှာတော့ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် ကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD