AD
AD
AD
play

 

သရုပ်ဆောင် လူမင်းဟာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်သလို အခုဆိုရင် ဒါရိုက်တာ တစ်ယောက်အဖြစ်နဲ့ပါ ရပ်တည်နေပါတယ်။ သူ့အနေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေပေမယ့် မိသားစုကိုတော့ အမြဲတမ်း အချိန်ပေးလေ့ရှိပါတယ်။ ဒီဘဝမှာ ရရှိလာတဲ့ မိသားစုဘဝလေးကိုလည်း ဘယ်အရာနဲ့မှ မလဲနိုင်အောင် တန်ဖိုးထားတယ်လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

''ဒီဘဝမှာတော့ အခုရထားတဲ့ ဇနီးမယား၊ သားသမီးနဲ့ ကိုယ့်မိသားစုလေးက ဘာနဲ့မှ မလဲနိုင်လောက်အောင်ကို အစ်ကို တန်ဖိုးထားရတဲ့ မိသားစုဘဝလေးပါ။ ဒီဘဝလေးကို ကျေလည်းကျေနပ်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်" လို့ လူမင်းက ဆိုပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အိမ်ထောင်ဘက်ဆီက နားလည်မှုတွေ ပိုမိုရရှိလာသလားဆိုတဲ့ မေးခွန်းကိုတော့ လူမင်းက သူ့ရဲ့အတွေ့အကြုံအရ တလေးတနက် ဖြေကြားပေးခဲ့ပါတယ်။

"အသက်အရွယ် ကြီးတာ ငယ်တာနဲ့တော့ မဆိုင်ဘူး၊ မိန်းမမှန်ရင် ကြီးကြီးငယ်ငယ်လင်ယောက်ျားအပေါ်မှာ သဝန်တိုမှာပဲ။ ရင့်ကျက်လာတယ်ဆိုတာကတော့ အိမ်ထောင်သက် ကြာလာတာနဲ့ အမျှ ရန်ဖြစ်တာတွေနည်းလာတယ်။ ပိုပြီးတော့နားလည်လာတယ်ဆိုတာကလည်း အိမ်ထောင်သည်တိုင်း ဒီလိုဖြစ်လိမ့်မယ် လို့ ထင်ပါတယ်'' တဲ့။

play

 

အိမ်ထောင်သက် ၁၃ နှစ်ကျော် ၁၄ နှစ်အတွင်းမှာ အိမ်ထောင်ကျခါစကလောက် ရန်ဖြစ်တာတွေ မရှိတော့ဘူးတဲ့။ ဒါတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိသလို ဆင်ခြင်စောင့်ထိန်းရတဲ့ အပိုင်းတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ဒါမှလည်း အိမ်ထောင်တစ်ခုမှာ လိုတိုးပိုလျှော့ ပုံစံမျိုးလေးနဲ့ ရပ်တည်နိုင်မှာဖြစ်ပြီး ဒီနေ့ ဒီအချိန်ထိ အနုပညာရှင်တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက် အနေနဲ့ ရှိနေပေးတဲ့ ဇနီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါတယ်။

'' ကိုယ့်အပေါ်နားလည်ပေးတာ၊ ကိုယ်ဖြည့်ဆည်းပေးတာတွေကလည်း ချစ်လည်းချစ်တယ်၊ ကျေးဇူးလည်းတင်တာက တစ်ပိုင်း၊ တစ်ဖက်က သူ့ကိုလည်း စာနာမိတယ် အနုပညာရှင်တစ်ယောက်မဟုတ်ဘဲ အနုပညာရှင်တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက် လုပ်ရတာ သာမန်အိမ်ထောင်ရှင်တစ်ယောက်ရဲ့ ပါရမီဖြည့်ဖက် လုပ်ရတာနဲ့မတူပါဘူး။အများကြီးစိတ်ရှည်ရတယ်၊ သည်းခံရတယ်၊ ခံနိုင်ရည် တွေရှိရတယ်။ အဲ့ဒီ့အတွက်လည်း သူ့ကိုကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဇွန်လ ၆ ရက်နေ့က ရှိလည်းကောင်း၊ မရှိလည်းကောင်း ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကွင်းပေါ်က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုထားတာဖြစ်ပါတယ်။

play

 

ကြာရှည်လက်တွဲလာခဲ့တဲ့ အိမ်ထောင်ရေးအပေါ်မှာလည်း ပီတိဖြစ်ရတယ်၊ ကျေနပ်ပါတယ်တဲ့။

''  ပီတိဖြစ်တယ်၊ ကျေနပ်တယ် ဒါပေမယ့် သတိဆိုတာတော့ အမြဲတမ်းထားနေရတာပေါ့နော်။ ပုထုဇဉ် တစ်ယောက် ဖြစ်တဲ့အတွက် ဆင်ခြင်စောင့်ထိန်းမှုအပိုင်းကတော့ အပြန်အလှန်ရှိရတာပေါ့။ မိန်းမမှန်ရင်တော့ သဝန်တိုမှာပဲလေတစ်ခါတလေကျရင် သူ သဝန်တိုတာက အစ်ကို့အတွက် အနှောင့်အယှက်ဖြစ်တာပေါ့ အစ်ကို့ဘက်က ကြည့်ရင်တော့ သဝန်မတိုရမယ့် ကိစ္စမတိုသင့်တဲ့ ကိစ္စလို့ ပေါ့ပေါ့တန်တန်တွေးပေမယ့် သူ့ဘက်က ကြီးကြီးမားမားတွေးနေမိတာမျိုးရှိတတ်ပါတယ်'' လို့ ဆိုပါတယ်။

play

 

လူမင်းနဲ့ ခင်စံပယ်ဦးးတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၃)နှစ်ကြာ ရှိခဲ့ပါပြီ။ အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ ယခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

 

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD