AD
AD
AD
play

 

သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်က ပြီးခဲ့တဲ့ ရက်ပိုင်းလေးက ခင်ပွန်းဆီက သိန်း(၈၀၀၀)တန် ကားကို မွေးနေ့ လက်ဆောင်အနေနဲ့ ရခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက စမိုင်းလ်အတွက် မွေးနေ့လက်ဆောင်ကားကို မြန်မာပလာဇာ promotion area မှာ Surprise လုပ်ပြီးပေးခဲ့တာပါ။ အဲ့လို Surprise လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေ တော်တော်များများက အားကျခဲ့သလို တချို့ပရိသတ်တွေကလည်း ပိုက်ဆံတွေ ကို ဖြုန်းမယ့်အတူလှူလိုက်ပါလားဆိုတဲ့ ဝေဖန်မှုမျိုးတွေ ရှိခဲ့ပါတယ်။

play

 

အဲ့ဒါနဲ့ ပတ်သက်ပြီး စမိုင်းလ်က ဝေဖန်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်သလို သူမတို့ ဒီလိုလုပ်တာဟာ ပိုက်ဆံဖြုန်းတာမဟုတ်ကြောင်း ဘဝမှာ မသေခင် စိတ်ကူးထားတာလေးတွေကို အမှတ်တရဖြစ်အောင် လုပ်တဲ့သဘောပါလို့ ဆိုပါတယ်။

"ဒီပိုက်ဆံတွေကို ဒီလောက်သုံးနေမယ့် အစား လှူလိုက်ပါလားဆိုတဲ့ စကားတွေကို နားလည်ပါတယ်။ အမတို့ လင်မယားနှစ်ယောက်က အမြဲတမ်း လှူတယ်။ တစ်လတစ်ခါ အမတို့ ချွေးနည်းစာထဲက အမြဲတမ်းလှူတယ်။ အမနဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်လည်း သိပါတယ်။ အမတို့ ဘယ်လောက်ဘာသာရေးသာသနာရေး လုပ်တာ သိပါတယ်။ အမတို့ ဒီလိုလုပ်တယ်ဆိုတာ ဖြုန်းတာမဟုတ်ပါဘူး။လူတိုင်းမှာ စိတ်ကူးလေးတွေရှိကြတယ်လေ။ စိတ်ကူးလေးတွေကို တစ်ခါတလေလေး အကောင်အထည်ဖော်မိတာပါ။ အိမ်ကောင်းကောင်း နေချင်တယ်။ကားကောင်းကောင်းစီးချင်တယ်ဆိုတာ မိန်းကလေးတင် စိတ်ကူးရှိတာမဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်း ရှိပါတယ်။ အဲ့ဒါလေးတွေကို မသေခင်မှာ အမှတ်တရလေးတွေ ဖြစ်အောင် လုပ်တဲ့သဘောပါ။ အဲ့ဒါကို ချစ်တဲ့သူလည်းရှိသလို မုန်းတဲ့သူလည်း ရှိတယ်။ ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူလည်း ရှိတယ်ဆိုတာ နားလည်းပါတယ်။ ဝေဖန်မှုတွေကိုတော့ ဘာမှမပြောချင်ပါဘူး။ ကျေးဇူး တင်ပါတယ် လို့ပဲ ပြောချင်ပါတယ်" ဆိုပြီး ဇွန်လ(၇)ရက်နေ့က ပြုလုပ်တဲ့ သူမတို့ဇနီးမောင်နှံရဲ့ ဖူဆယ်ကွင်းဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

စမိုင်းလ်ဟာ ခင်ပွန်းဖြစ်သူအတွက်ကိုလည်း ၂၀၁၆ခုနှစ် အောက်တိုဘာ(၂၂) ရက်နေ့တုန်းက ခင်ပွန်းဖြစ်သူ စီးချင်တဲ့ ကားနဲ့ ကန်တော်ကြီးပန်းခြံမှာ Surprise လုပ်ပေးခဲ့သလို ခင်ပွန်းကလည်း စမိုင်းလ်အတွက်  စမိုင်းလ် စီးချင်တဲ့ကားနဲ့ ပြန်ပြီး Surprise လုပ်ပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၇ နှစ် သူတို့လင်မယားနှစ်ယောက် အရမ်းဆင်းရဲတဲ့အချိန် ဘတ်စ်ကားစောင့်ရင်း ခင်ပွန်းဖြစ်သူက ပိုက်ဆံရှိရင် Ferrari ကားကြီး စီးမယ်  စမိုင်းလ်က Rolls-Royce ကားကြီးစီးမယ်လို့ အတူတူစိတ်ကူးယဉ်ခဲ့ကြတဲ့ စိတ်ကူးလေးတွေကို မမေ့ဘဲ ယခုလို အောင်မြင်ချိန်မှာတစ်ယောက်ရဲ့ စိတ်ကူးလေးတွေကို တစ်ယောက်ဖြည့်ပေးခဲ့တာလေးတွေဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာလေးတွေကို ဖော်ပြပေးနေသလိုပါပဲ။ အရမ်းကို ကြည်နူးဖို့ ကောင်းလှပါတယ်။

play

အခုဆိုရင်တော့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခင်ပွန်းဖြစ်သူက အလုပ်ကြိုးစားသလို သူကိုယ်တိုင်ကလည်း အိမ်ထောင်မှုကို စနစ်တကျထိန်းသိမ်းခဲ့ရတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ စမိုင်းလ်ဟာ အခုဆိုရင်တော့ အားကိုးရတဲ့ ခင်ပွန်းရယ်၊ ချစ်စရာကောင်းတဲ့ သမီးလေး ၂ ယောက်ရယ်ကို ပိုင်ဆိုင်ထား တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လို့နေပါပြီ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD