AD
AD
AD
play

 

အဆိုတော် အေသင်ချိုဆွေကတော့ အနုပညာအလုပ်တွေ ခဏတာ ရပ်နားထားတဲ့အချိန်တုန်းက သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို ဝခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက အပြောခံခဲ့ရတဲ့ စကားတစ်ခွန်းကိုတော့ အမုန်းဆုံးပါဘဲ တဲ့။ အဲ့ဒီအမုန်းဆုံး စကားတွေကြောင့်လည်း ဝိတ်ချဖြစ်ခဲ့တာဖြစ်ပြီး အခုလက်ရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကိုလည်း မကျေနပ်သေးဘူးလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' အမုန်းဆုံးအပြောခံရတဲ့ စကားလေးတစ်ခွန်းရှိတယ်၊ ကိုယ်က အပေါ်ကဆင်းလာတယ်ဆိုရင် အောက်ကနေပြီးတော့ ဟာ..ဘာကြီးလဲ ဟ ဆိုပြီးတော့ ပြောလိုက်တဲ့ စကားကိုအရမ်းမုန်းတယ်။ ကိုယ့်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြောတာလည်းဆိုတာ မသိပေမယ့် အရမ်းခံစားရတယ်။ ပြန်ပြောချင်ပေမယ့် စိတ်ကို မနည်းထိန်းထားရတယ်။ အခု ဒီခန္ဓာကိုယ်ကိုလည်း သိပ်မကျေနပ်သေးဘူး၊ ပေါင် ၁၆၀ လောက်ရှိသေး တယ်၊  အသားကို  အကျစ်ပြန်ဆော့ရဦးမယ် နောက် ၆ လလောက်ကြာဦးမယ်'' လို့ သူကဆိုပါတယ်။

play
Photo: A Thin Cho Swe Facebook

 

အရမ်းဝတဲ့ ခန္ဓာကိုယ်ကြောင့် သွားရလာရတာ အခက်အခဲများတဲ့အပြင် လူတွေကြားထဲလည်း မသွားချင်ခဲ့ဘူး လို့ ဆိုပါတယ်။ အဲ့ဒီနောက် အဆိုတော် အားတီ ရဲ့ ဝိတ်ချဖို့ တိုက်တွန်းချက်ကြောင့်လည်း Gym ဆော့ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' ကိုအားတီနဲ့ အင်တာဗျူးတစ်ခုမှာတွေ့တော့ အရမ်းဝနေပြီ နင့်အမေလောက်ကို ဖြစ်နေပြီ နင်ဘာလို့ အဝခံနေတာလည်းပေါ့။ အဲ့ဒါနဲ့ နင်လာခဲ့ ရက် ၁၀၀ အတွင်း နင်ဝိတ်ကျအောင် သူလုပ်တဲ့နည်းအတိုင်းလုပ်ပေါ့။ ဝိတ်မကျရင်တော့ နင်ပြန်လျော်ရမယ် ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့ဆိုတော့ သူကစပြီးတော့ ဝိတ်ချဖို့အတွက် တိုက်တွန်းတယ်။ ကိုယ်ကလည်း  အဲ့ဒီအချိန်မှာ ဝိတ်ချချင် နေတဲ့အချိန်ဆိုတော့ ကွက်တိဖြစ်သွားတယ်။ အကောင်းဆုံးလုပ်ပြချင်တဲ့ စိတ်၊ မခံချင်စိတ်နဲ့ ကြိုးစားခဲ့တယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

play

 

အေသင်ချိုဆွေဟာ ရက်ပေါင်း ၁၀၀ အတွင်းမှာ ပေါင် ၅၀ အထိ ချဖို့ Gym က စိန်ခေါ်ခဲ့ပေမယ့် ၄၇ ပေါင်သာ ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဝလွန်းတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဆက်မနေချင်တော့ တာကြောင့် လက်ရှိခန္ဓာကိုယ်ထက်လည်း ဝိတ်ထပ်ချဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

'' အရမ်းပင်ပန်းတယ် ရက် ၁၀၀ အတွင်းမှာမှ ပေါင် ၄၇ ပေါင်ချရတာပေါ့၊ Gym ကတော့ ပေါင် ၅၀ အထိ ချနိုင်အောင် စိန်ခေါ်ခဲ့ပေမယ့် ၄၇ ပေါင်လောက်တော့ ချနိုင်ခဲ့တယ်။ ထပ်ပြီးတော့လည်း ဝိတ်ချရဦးမယ်။ ဝိတ်ချဖြစ်တဲ့ အကြောင်းအရင်းကလည်း အနုပညာအလုပ်တွေ လည်း ပြန်ပြီးတော့ လုပ်ဖို့၊ ဒီခန္ဓာကိုယ်နဲ့ ကျတော့ နေရထိုင်ရ သွားရ လာရတာအဆင်မပြေဘူး၊ အသက်ငယ်ငယ်လေးနဲ့ ဒူးကနာတာ တွေ လည်းဖြစ်တော့ ဒီခန္ဓာကိုယ်ကြီးနဲ့ မနေချင်တော့ဘူး၊ ပြီးတော့ လူကြားထဲလည်း မသွားချင်ဘူး ကိုယ့်ကို ဝတယ်လို့ပြောရင် မကြိုက်တော့ ပြန်ပြောတယ်။ ပြန်ပြောတော့ ကိုယ့်ကို လူမုန်းများတာပေါ့နော်''လို့ သူကဆိုပါတယ်။

play
Photo: A Thin Cho Swe Facebook

အေသင်ချိုဆွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အချိန်မှာလည်း သူမဟာ ပရိသတ်တွေ မမှတ်မိနိုင်လောက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တယ် လို့ သိရပါတယ်။ အရင်ကထက် ပေါင်ချိန်များက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အဲ့ဒီခန္ဓာကိုယ်ကြောင့်ပဲ ပရိသတ်တွေရှေ့ ထွက်မလာဖြစ်ခဲ့တာလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အခုတော့ အေသင်ဟာ အများကြီးကို ပြောင်းလဲသွားခဲ့တာ တွေ့ရပါတယ်။  အနုပညာအလုပ်တွေ ပြန်လုပ်ချင်တဲ့ စိတ်ကြောင့် သူမဝိတ်ချခဲ့ တာ အခုဆိုရင် တော်တော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD