AD
AD
AD
play

 

အဆိုတော် စိုးပြည့်ပြည့်စံ ဟာ သားဦးလေးဖြစ်တဲ့ ဘုန်းပြည့်ပိုင်ကို အခက်အခဲတွေကြားက မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ သားလေးကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာလည်း သွေးအားနည်းတာ၊ လေးဖက်နာ တဲ့ ရောဂါတွေ ရှိခဲ့တာကြောင့် ဆေးထိုးဆေးသောက် လုပ်ခဲ့ရတယ် လို့လည်း ဆိုပါတယ်။ အဲဒီဆေးဒဏ်တွေကြောင့် သားလေး မကျန်းမမာဖြစ်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။

'' သားလေးကို ကိုယ်ဝန်နဲ့တုန်းက အစ်မက သိပ်မကျန်းမာဘူး၊ သားအိမ်မှာ ရေအိတ်ရှိလို့ သူ့ကို ယူလိုက်ရတယ်။ ပြီးတော့ အစ်မမှာ သွေးအားနည်းရောဂါရော၊ လေးဖက်နာပိုးရောရှိတယ်။ ဒါပေမယ့် သားလေးကို မွေးပြီးသွားတဲ့ အချိန်မှာ အစ်မမှာရှိတဲ့ ရောဂါတွေ အကုန်ပျောက်သွားတယ်။ ဘာမှ မရှိတော့ဘူး။ ဒါပေမယ့် အစ်မရဲ့ ဆေးဒဏ်တွေတော့ သူခံလိုက်ရတယ်။ သူရော အစ်မရော ဆေးရုံ နှစ်ကြိမ်တက်လိုက်ရတယ်၊ မီးတွေပြ ဆေးတွေထိုး နဲ့ဆိုတော့ ကလေးက အခုလိုအသားအရေကအစ အခုလို ပြာထွက်သွားတာပေါ့နော်။ အခုဆိုရင်တော့ သူ တော်တော်လေး ကို  ကျန်းမာလာပြီ''လို့ သူက Duwun Media ကို ပြောပါတယ်။

play
Photo:Soe Pyae Pyae SanFacebook

 

စိုးပြည့်ပြည့်စံဟာ ပထမဆုံးရင်သွေးလေးကို  ကိုယ်ဝန်စလွယ်ထားပြီဆိုကတည်းက သားလေးဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြည့်ဆည်းပေးဖို့ စဉ်းစားထားပြီးသားပါတဲ့။

'' သူ့ကို ကိုယ်ဝန်စရှိပြီဆိုကတည်းက သူ့အတွက် အစ်မစဉ်းစားထားတာတွေရှိတယ်။ သူဖြစ်ချင်တာတွေကို ကြီးလာတဲ့အထိ ဘာတွေ လုပ်ပေးမယ်၊ ပြီးရင် သူ့အတွက် အစ်မ ဘာလုပ်သင့်တယ်၊ သူ့အပေါ်မူတည်ပြီး အစ်မ ဘာလုပ်ပေးရမလဲပေါ့။ လောလောဆယ်မှာတော့ သားလေးကို အစ်မက စောင့်ကြည့်နေ တုန်းပါဘဲ။ ကလေး လိုအပ်တဲ့အရာကို ဖြည့်ဆည်းပေးဖို့က မိဘရဲ့တာဝန်လေ အစ်မလည်း ကြိုပြီးတော့ ပြင်ဆင်ထားတာပါ'' ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့က သားဦးလေး ဘုန်းပြည့်ပိုင်ရဲ့ နာမည်ပေးကင်ပွန်းတပ် ပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

စိုးပြည့်ပြည့်စံဟာ ၆ ပေါင်နဲ့ ၇ အောင်စရှိတဲ့ သားဦးလေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာ ရှိတဲ့ အကယ်ဒမီ ဆေးရုံမှာ မွေးဖွားခဲ့တာပါ။ အဆိုတော် စိုးပြည့်ပြည့်စံနဲ့ ခင်ပွန်း ကိုအောင်သူပိုင်တို့ကတော့ အောက်တိုဘာလ ၉ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်အားပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD