AD
AD
AD
play

 

အလှမယ် ဟန်တီဟာ  Miss Myanmar World 2018 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။ ဒီပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင် ဖြစ်တာက လည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ယောက်အဖြစ် ထပ်ဖြစ်ချင်သေးတဲ့ ဆန္ဒကြောင့် နောက်ထပ်ခြေလှမ်းတစ်လှမ်းအနေနဲ့ ကြိုးစားလျှက် ရှိတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' ပထမတုန်းကဆိုရင်လည်း ဟန်တီ ပြိုင်ပွဲတွေ ပြိုင်ခဲ့တာ ၄ နှစ်ကြာခဲ့ပြီ အခုလည်း အသက်လည်းရလာပြီ ကိုယ်လည်း နောက်တစ်ခေါက် အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု မယ်တစ်ယောက် ထပ်ဖြစ်ချင်သေးတယ်။ အဲ့ဒီအတွက် ကြိုးစားဖို့ ဟန်တီ့အတွက် နောက်ထပ် ခြေလှမ်းတစ် လှမ်းပေါ့'' လို့ ဆိုပါတယ်။

play
Photo: Miss Myanmar World

 

ဟန်တီဟာ Miss Myanmar World 2018 ပြိုင်ပွဲဝင်ပြိုင်နေချိန်မှာလည်း ဘယ်ပြိုင်ဘက်ကိုမှ ကြောက်တယ်၊ မကြောက်ဘူးဆိုတာ မရှိပါဘူးတဲ့။ ကိုယ့်ကိုယ်ကိုသာ ပြိုင်ဘက်လို သဘောထားတာကြောင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။

'' ပြိုင်ပွဲအတွက်ကတော့ ဖိအားဆိုတာထက် ကိုယ်အရင်ထက်ပိုပြီးတော့ ကြိုးစားရမယ်ဆိုတာကို ပိုပြီးတော့ သိလာတယ်။ ကိုယ်ကြိုးစားမှ ကိုယ်ရမယ်။ ကိုယ့်ထက်လှတဲ့ သူတွေရော၊ အရမ်းတော်တဲ့သူတွေရော အများကြီးပါတာ ဖြစ်တဲ့အတွက် အရမ်းကိုကြိုးစားရပါမယ်။ အရင် ထက်ကို အဆပေါင်းများစွာ ကြိုးစားရမယ်ပေါ့။ ဟန်တီ့အတွက်ကတော့ ဘယ်ပြိုင်ဘက်ကိုမှ ကြောက်တယ်ရယ်လို့ မရှိပါဘူး။ မကြောက် ဘူးလို့လည်း မရှိပါဘူး။ အဓိက က ကိုယ့်ရဲ့ ပြိုင်ဘက် က ကိုယ်ပါဘဲ ကိုယ့်ကိုယ်ကိုဘဲ ပြိုင်မှာပါ။ '' ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့ က ချက်ထရီယမ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲဝင် အယောက် ၂၀ မိတ်ဆက်ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဟန်တီက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play
Photo: Miss Myanmar World

 

Miss Myanmar World 2018 Crown သာ ရခဲ့မယ်ဆိုရင် ပရဟိတအလုပ်တွေ အပြင်၊ ကမ္ဘာကိုတောင် ချပြနိုင်စေမယ့် အရာတွေ အများကြီး ပေါ်လာမယ်လို့ ဆိုပါတယ်။

'' ဟန်တီ့အတွက် အနိုင်ရခြင်း၊ မရခြင်း ရှုံးခြင်းဆိုတာထက် ကိုယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုပဲ ရှိပါတယ်။ ပြောင်းလဲမှုတွေ အများကြီးဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်တီ အရင်ထက်ပိုပြီးတော့ ဦးဆောင်လာနိုင်မယ်။ အကယ်၍ Miss Crown ကိုသာ ရခဲ့မယ်ဆိုရင် ဒီ့ထက်ပိုပြီးတော့ ပရဟိတတွေကို ကိုယ်တိုင်လုပ်နိုင်မယ်၊ ကမ္ဘာကိုတောင် ချပြနိုင်မယ့် အရာတွေအများကြီးပေါ်လာမယ်။ ကိုယ့်ကို လူတွေက ပိုပြီးတော့ သိလာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ကြိုးစားရမယ်'' လို့ သူကဆိုပါတယ်။

play
Photo: Miss Myanmar World

 

ဟန်တီဟာ Miss Supranational 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖူးခဲ့သူ တစ်ဦးဖြစ်ပြီး Top 10 Finalist အထိ တက်လှမ်းနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Miss Supranational Asia & Oceania ရွေးချယ်ခံရသူ တစ်ဦးဖြစ်သလို  Miss Supranational Internet ဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

Miss Myanmar World ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှာ ၂၀၁၄ခု နှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာကိုယ်စားပြုအဖြစ်  အလှမယ်ဝိုင်းလေးဟာ ၂၀၁၄ခုနှစ်က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ အလှမယ် ခင်ရတနာသိန်းမြင့်ကသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာတော့ အလှမယ် မြတ်သီရိလွင်က မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးကျင်းပခဲ့တဲ့ Miss Myanmar World 2017 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် အိကျော့ခိုင်က ရရှိခဲ့ပြီး နိုင်ငံတကာ စင်မြင့်ထက်သို့ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD