AD
AD
AD
play
Photo: စိန်ယောက်မ Fb Page

 

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်ဟာ မကြာခင်ရုံတင်ပြသတော့မယ့် စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီဝေဖန်မှုတွေကလည်း ဇာတ်ကားကို အစအဆုံးမကြည့်ရသေးတာကြောင့် ဝေဖန်ခံ နေရတာပါ ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲ က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ဒါကလေ ယောက်မက လုပ်တာမဟုတ်ပါဘူး၊ ဒီ Sence လေးကို နမူနာမှာကြည့်ပြီးတော့ အောက်က ပရိသတ်တွေကလည်း ဝေဖန်ကြ ပါတယ်။ ရိုင်းတယ်ပေါ့ '' ဒီခေတ်ကြီးမှာ ကိုယ့်ယောက်ျားနဲ့မှ အိပ်ရမယ်လို့ ဘယ်သူပြောလဲ '' ဆိုတာတွေကို မခိုင်လေး အနေနဲ့ မပြောသင့် ဘူးပေါ့။ အဲ့ဒီလို  ဝေဖန်မှုတွေကိုလည်း ကြားရတယ်၊ ပြီးတော့ ကိုယ့်ထက်ကြီးတဲ့လူတွေကို ရိုက်နှက်တဲ့ ပုံစံမျိုးတွေပေါ့နော် ယောက်မ က မလုပ်သင့်ဘူးပေါ့'' ဆိုပြီးတော့ ဝေဖန်လာကြတယ်လို့ ဆိုပါတယ်။

play
Photo: စိန်ယောက်မ Fb Page

 

စိန်ယောက်မရုပ်ရှင်ဇာတ်ကားထဲက ခိုင်သင်းကြည်ရဲ့ ကာရိုက်တာကနေ ပေးချင်တဲ့ သင်ခန်းစာကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

''အမှန်တကယ်ကတော့ သူတို့ ဇာတ်ကားကို တစ်ကားလုံး ဆုံးအောင်မကြည့်ရသေးဘဲနဲ့ ဝေဖန်နေတာ။ တကယ်တော့ ဒီဇာတ်ကားထဲမှာ မခိုင်လေးက ယောက်မ မဟုတ်ဘူး ကိုယ်နဲ့သဘောမတူဘူးဆိုတော့  နည်းနည်းပျက်စီးနေတဲ့ မိန်းကလေးသာဆိုရင် ပိုပြီးဆိုးတယ် ဆိုတာကို ပြချင်တဲ့ အနေနဲ့ ဒီဇာတ်ဝင်ခန်းလေးကို ထည့်လိုက်တာပေါ့နော်''  လို့ သူကဆိုပါတယ်။

အကယ်ဒမီ ခိုင်သင်းကြည်ဟာ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်း နည်းပေမယ့် လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' တကယ်တော့ ယောက်မနေရာမှာ ငှားမယ်ဆိုတော့ ဇာတ်ပို့၊ ဇာတ်ရန်တွေထဲမှာဆိုရင်လည်း မကြီးတို့ကို နှိပ်စက်ရမှာဖြစ်တဲ့အတွက် မကြီးတို့ကို မပြောရဲ မဆိုရဲဖြစ်မှာလည်း စိုးရတယ်လေ။ ပြီးတော့ မင်းသမီးတန်းမှာဆိုရင်လည်း ဇာတ်ဝင်ခန်း တစ်ခန်းတည်းဆိုရင်လည်း လာရိုက်ပေးမှာ မဟုတ်ဘူးဆိုတော့ သူတို့တွေလည်း ဘာလုပ်ရမှန်း မသိဖြစ်နေတာနဲ့ မခိုင်လေးဘဲ ရိုက်ပေးတော့မယ်ဆိုပြီးတော့ နှစ်ကိုယ်လို ခွဲပြီးရိုက်ပေးလိုက်တယ်'' လို့ ဆိုပါတယ်။

play
Photo: စိန်ယောက်မ Fb Page

သရုပ်ဆောင်အကယ်ဒမီခိုင်သင်းကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ နဲ့ ခိုင်သင်းကြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ခိုင်သင်းကြည်ဟာ ပေးလာတဲ့ ဇာတ်ရုပ်တိုင်းအပေါ် အကောင်းဆုံးနဲ့ အပီပြင်ဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့ပြီး ၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD