AD
AD
AD
play

 

အလှမယ်တစ်ဦးလည်းဖြစ်၊ အဆိုတော်တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ ဝိုင်းလေးဟာ မိသားစုထဲမှာ အရေးပါ ဆုံးပါတဲ့။ ဝိုင်းလေးဟာ သူ့ရဲ့ လက်ရှိအနုပညာအလုပ်တွေနဲ့ မိဘကို ကျေးဇူးဆပ်ခွင့်ရတဲ့အတါက်  အရမ်းကိုလည်း ပျော်ရွှင်မိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

''  မိသားစုမှာ ဝိုင်းလေးကတော့ အရေးပါဆုံးလို့လည်းပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဝိုင်းလေး အဖေနဲ့ အမေရှိတယ်၊ ပြီးတော့ ဝိုင်းလေးရဲ့ အစ်မအလတ်ရှိတယ်။ သူကတော့ ဒီဇိုင်နာအနေနဲ့လုပ်တယ်။ အစ်မအကြီးဆုံးကလည်း အိမ်ထောင်ကျသွားပြီဆိုတော့ တကယ် တမ်း မိသားစုကိုကျတော့ ဝိုင်းလေး အလုပ်နဲ့ရော ဘာပဲပြောပြော ကျေးဇူးဆပ်ခွင့်လည်း ရတယ်ဆိုတော့ မိသားစုမှာတော့ အခရာ လိုလည်း ဖြစ်နေတာပေါ့နော်'' ဆိုပြီးတော့ ဇွန်လ ၁၁ ရက်နေ့က ချက်ထရီယမ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Myanmar World 2018 ပြိုင်ပွဲဝင် အယောက် ၂၀ မိတ်ဆက်ပွဲမှာ Duwun Media ကို ဝိုင်းလေးက ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

ဝိုင်းလေးဟာ အသက် ၁၈ နှစ်၊ ၁၉ နှစ်က စပြီး အနုပညာအလုပ်တွေ စလုပ်ခဲ့တယ်လို့ဆိုပါတယ်။ အိမ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကြီး ပြီးတဲ့ နောက်မှာလည်း အနုပညာကြေးလေးတွေ ရလာတာနဲ့ အမျှ မိသားစုကို အကုန်ပြန်အပ်တယ်လို့ ပြောပြပါတယ်။

'' ဒီအလုပ်လေးနဲ့ မိသားစုကို လုပ်ကျွေးခွင့်ရလို့လည်း ပျော်ပါတယ်။ ဝိုင်းလေး ဒီအလုပ်ကို အသက် ၁၈၊ ၁၉ ကနေစပြီး အနုပညာအလုပ်တွေ လုပ်တယ်။ အိမ်မက်ဆုံရာ ပြီးကတည်းက ဝိုင်းလေးကိုလည်း ၅ သောင်းဆိုလည်း ၅သောင်း ပွဲလေးတွေ ခေါ်ကြတယ်။ ကိုယ်က ဝါသနာအရ လည်း သွားဆိုတာဆိုတော့ ၅ သောင်းဆိုတဲ့ ပိုက်ဆံဟာ အိမ်မက်ဆုံရာပြီးတဲ့အချိန်မှာ အရမ်းကိုလည်းများနေတယ်။ ကျောင်းတက်ရင်တောင် ၂ ထောင်လောက်ဘဲ ပေးတာ မေမေက စည်းကမ်းနဲ့ သုံးတက်အောင်ပေါ့နော်။ အိမ်မက်ဆုံရာပြီးတော့လည်း အနုပညာကြေးလေးရလာတဲ့ အချိန်မှာ အရမ်းဝမ်းသာ ပြီး အိမ်ကိုတောက်လျှောက်ပေးတယ်။ အပြင်သွားလို့ လမ်းပျောက်သွားရင်တောင် ညီမလက်ထဲမှာ ပိုက်ဆံက မရှိဘူး။ မိဘကိုဘဲ အားလုံးအပ်တယ်။ ဒီနေ့ ဒီအချိန်အထိပေါ့နော် ရလာတဲ့ အနုပညာကြေးနဲ့ မိဘကို လုပ်ကျွေးခွင့်ရလို့လည်း အရမ်းပျော် တယ်'' လို့ ဆိုပါတယ်။

play

 

အဆိုတော်ဝိုင်းလေးကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကကို ဖြတ်သန်းလာသူတစ်ယောက်ဖြစ်ပြီး Miss Universe Myanmar ကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ လည်း ပရိသတ်အားပေးမှုအများကြီးရရှိလာသူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ Selfie Audio အခွေကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယ တေးစီးရီးဖြစ်တဲ့ ဝိုင်း ကိုတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD