AD
AD
AD
play
Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီ တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံက ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေရတဲ့ ဟာသလူရွှင် တော်ကြီး သရုပ်ဆောင် ဝင်းနိုင်(အနုပညာ) ကို တက်နိုင်သလောက် ဆေးဖိုးဝါးခလေး သွားရောက်လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။ အမြန်ဆုံး ကျန်းမာစေဖို့ကိုလည်း ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးကုသဆောင်မှာ တက်ရောက်ကုသနေသော ဟာသအနုပညာရှင်"ဦးဝင်းနိုင်(အနုပညာ)"အား မိမိတတ်နိုင် သလောက်လေးဆေးဖိုး သွားရောက်ကန်တော့ခဲ့ပါသည်။ (လေးလေးအမြန်ဆုံးသက်သာပျောက်ကင်းပြီး အနုပညာအလုပ်တွေ ဆက်လက် ချီတက်နိုင်ပါစေနော်)'' ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၂ နာရီ ၄မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

 

play
Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

တက္ကသိုလ်ဂွမ်းပုံဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ၂၀၁၇ ခုနှစ်က စပြီး နားရက်မရှိအောင်ကို ဇာတ်ကားတွေရိုက်နေရတာပါ။ ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် အကောင်းဆုံးကြိုးစားတတ်တဲ့ တက္ကသိုလ်ဂွမ်းပုံက ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို  ''ဤအရာကို အချစ်ဟုခေါ်သလား'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

play
Photo: ဂွမ်းပုံလေး ဖေ့စ်ဘွတ်

 

ဦးဝင်းနိုင်(အနုပညာ) ဟာ မေလ ၂၂ရက်နေ့ကစပြီး ကိုယ်တစ်ခြမ်း လေဖြန်းခဲ့တာကြောင့်  ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရ တာဖြစ်ပါတယ်။ ဆေးရုံတက်နေရချိန်မှာလည်း သမီးငယ်ဖြစ်တဲ့ ဟာသသရုပ်ဆောင် ဆုဝေလွင်က ပြုစုပေးနေတယ်လို့ သိရပါတယ်။ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေကလည်း ဦးဝင်းနိုင်(အနုပညာ)ရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးဝါးခတွေ သွားရောက်လှူဒါန်းလျှက်ရှိတာ ကိုလည်း တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD