AD
AD
AD
play

 

အဆိုတော် သားငယ်က အခုလက်ရှိမှာ အတွဲခွေ လုပ်ဖို့ တွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မိုးတွင်းကာလ ဖြစ်တာ ကြောင့် Studio မှာပဲ အသွံင်းနေပြီလို့ ဆိုပါတယ်။ အတွဲခွေ ပြင်ဆင်နေချိန်မှာတော့ သူ့ရဲ့ ပရိသတ်တွေအတွက် သီချင်း အသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးဦးမယ်လို့ သိရပါတယ်။

'' အတွဲခွေလေး တစ်ခွေလုပ်နေတယ်၊ အဲ့ဒီကြားထဲမှာ Music Video လေးတစ်ပုဒ်ပေါ့ Rock& Roll ပုံစံလေးထွက်လာဖို့ရှိတယ်။ တေးရေး ကတော့ ကိုသျှမ်းလေးပါ 'ယနေ့ အကြောင်း'လို့ နာမည်လေးပေးထားတယ်''လို့ ဆိုပါတယ်။

play

 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီအခွေဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒီအောင်မြင်မှုကို သားငယ်က အားရကျေနပ်မှု မရှိသေးဘူးဆိုပြီး ဇွန်လ(၈)ရက်နေ့ သာကေတမြို့နယ် ဘောလုံးအဖွဲ့ ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ် ရန်ပုံငွေပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ထွက်ခဲ့ပြီးသား တစ်ကိုယ်တော်အခွေကိုလည်း အမှန်အတိုင်းပြောရရင် ကျွန်တော်တကယ် အားမရဘူး။ တခြား ဆိုတဲ့အပိုင်းတွေ ရောပေါ့ လေ။ နောက်တစ်ခွေလာရင်လည်း နောက်ထပ်တစ်ကြိမ် အားရမှာ မဟုတ်ဘူး။ ဒီအခွေမှာ အားမရတာတွေ နောက်တစ်ခွေမှာ ပြင်ပေါ့''လို့ သူကဆိုပါတယ်။ 'လမ်းကလေး' အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ်အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

လမ်းကလေး သီချင်းထဲက တစ်ဦးတည်းသော က္ကုတ္ထိယ ဆိုတဲ့ တေးသီချင်းကလည်း ပရိသတ်အကြိုက်နဲ့ အရမ်းကို ထပ်တူကျခဲ့တာ ဖြစ်ပါတယ်။ 'တစ်ဦးတည်းသော က္ကုတ္ထိယ' ဆိုတဲ့ သီချင်းက သားငယ်အတွက် မိန်းမကို ဖားလို့ရတဲ့ သီချင်း ဆိုပြီးတော့ စနောက်ခဲ့ပါသေးတယ်။

'' အဲ့ဒါကလည်း တေးရေးကောင်းလို့ပါ။ တေးရေး အောင်ကိုမြင့်ရဲ့ လက်ရာကောင်းလေးပေါ့။ သီချင်းလေးက ကျွန်တော်နဲ့လည်း က္ကုတ္ထိယ ဆိုတော့ မိန်းမလည်းရှိတော့ မိန်းမကိုလည်း ဖားလို့ရတာပေါ့။ ဇနီးဖြစ်သူကတော့ အနုပညာနဲ့ ပတ်သက်လို့ အရင်အတိုင်းပါပဲ။ သူပြောင်းလဲ လာတာဆိုလို့ ခန္ဓာကိုယ် ဝလာတာပဲ ရှိတာပါ'' လို့ သူက ဆိုပါတယ်။

သားငယ်ကို Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲ တစ်လျှောက်လုံးမှာ '' မမမိုး'' သီချင်းနဲ့ ပရိသတ်တွေကို ပိုမိုဖမ်းစားနိုင်ခဲ့ပါတယ်။ သားငယ်ဟာ Myanmar Idol Season 2 ရဲ့ Winner ဆု ရှင် ဖြစ်လာပြီးတဲ့နောက် ဂီတအလုပ်တွေကို အဆက်မပြတ်လုပ်နေရတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း မိသားစုကို သီချင်းဆိုပြီး ရှာကျွေးမယ် ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD