AD
AD
AD
play

 

မေလ ၂၇ ရက်နေ့က အောင်လေး၊ တိုင်ရွန်၊ ကျော်သက်ဝေနဲ့ လင်းအောင်ခေတ် တို့ သူငယ်ချင်းတွေဟာ နိုဗိုတယ်ဟိုတယ်က ရေကူးကန်မှာ အပျော်တမ်း ဂိမ်းကစားနေကြတဲ့ အချိန် Facebook ပေါ်မှာ Live လွှင့်ပြီးတင်ခဲ့ပါတယ်။ ဒီ Live လေးကိုလည်း သူတို့တွေရဲ့ ပရိသတ်တွေက အားပေးခဲ့ကြပြီး ထပ်တူ ပျော်ရွှင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဒီလို ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေရဲ့ အကြောင်းကို အောင်လေးက Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ဟိုတစ်နေ့က ရေကူးကန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါးရေကူးဖြစ်ကြတယ်။ ကျွန်တော်တို့က အမြဲတမ်း တွေ့နေကြ ဆော့နေကြ ဆိုတော့လည်း သိပ်ထွေထွေထူးထူးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ပျော်ဖို့တော့ကောင်းတယ်။ ဒီသူငယ်ချင်းတွေကလည်း လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်လောက်ကနေစပြီးတော့ တွဲခဲ့တာပါ။ အဲ့ဒီနေ့က ရေကူးကန်က Live လေးကိုလည်း ပရိသတ်တွေက တော်တော် အားပေးကြတယ်၊ ကျွန်တော်တို့တွေဆုံပြီဆိုရင်လည်း ပရိသတ်တွေပျော်ကြပါတယ်'' လို့ သူကဆိုပါတယ်။။

play

 

သူငယ်ချင်းတွေကြားမှာ ကောင်းတဲ့အကျင့် ဆိုးတဲ့အကျင့်လေးတွေရှိတတ်ပေမယ့်၊ ဆုံလိုက်တိုင်းမှာတော့ အားလုံးက ပျော်ပျော်ရွှင်ရွှင်ပဲ လို့ ဆိုပါတယ်။

'' တစ်ယောက်နဲ့တစ်ယောက် ကောင်းတဲ့အကျင့်တွေလည်းရှိသလို၊ ဆိုးတဲ့ အကျင့်တွေလည်းရှိပါတယ်။ ကောင်းတာက ပိုများပါတယ်။ တစ်နေရာရာမှာ ချိန်းကြလို့ လာနေပြီလို့ ပြောရင်တော့ အဲ့ဒါ တကယ်တော့ မလာသေးဘူးဆိုတာပဲ။ ကျွန်တော်တို့ သူငယ်ချင်းတွေက တွေ့လိုက်တိုင်း စတယ်နောက်တယ် အားလုံးက ပျော်ပျော်ရွှင်ရွှင်ပါပဲ'' ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့က COACH ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ အောင်လေးက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၄ ယောက်ထဲမှာ အမှတ်တရတွေကတော့ တစ်မျိုးနဲ့ တစ်မျိုး မရိုးအောင် ရှိတတ်တယ်လို့ သိရပါတယ်။ အဲ့ဒီအထဲ မှာမှ တိုင်ရွန် နဲ့ အောင်လေးတို့ဟာ တစ်ခုလပ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ စီနီယာအနုပညာရှင်ကြီးတွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။ တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ရိုက်ကူးပုံဖော်ထားတာလို့ သိရပါတယ်။

play

 

အောင်လေးက မော်ဒယ်လ်လောက မှာလည်း အောင်မြင်မှုတွေရရှိထားသလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူငယ် တစ်ယောက်ပါ။  အောင်လေးကတော့ အခုချိန်မှာ အလုပ်နဲ့ ပတ်သက်ပြီး ပိုပြီးတော့ရင့်ကျက်လာပြီလို့ ဆိုပါတယ်။

'' မော်ဒယ်လ် စလုပ်တုန်းကလည်း အဲ့ဒီမော်ဒယ်လ်အလုပ်ကနေပဲ ပညာတွေ အများကြီးသင်ပေးခဲ့တာပဲလေ။ အလုပ်တွေ လုပ်တတ်အောင် စကားတွေပြောတတ်အောင် သင်ပေးခဲ့တာကလည်း ဒီမော်ဒယ်လ်အလုပ်ကပဲ သင်ပေးခဲ့တာ ဒါပေမယ့် သရုပ်ဆောင်ဘက်ကို ရောက်တဲ့ အချိန်မှာတော့ အနုပညာနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ရင့်ကျက်လာတာပေါ့'' လို့ သူဆိုပါတယ်။

play

 

အောင်လေးကို မော်ဒယ်လ် တစ်ယောက်အဖြစ်ကနေ ပရိသတ်တွေစတင်အားပေးလာကြတာဖြစ်ပါတယ်။ သူ့အနေနဲ့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေကနေတဆင့် အနုပညာလောကထဲကို တစိုက်မတ်မတ်ဝင်ရောက်လာတဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်လောကဘက်မှာ ကိုယ်ရိုက်ချင်တဲ့ကာရိုက်တာပုံစံကို စိတ်ကူးထဲမှာပဲ အကောင်အထည်ဖော်နေတာတော့ အများကြီးပဲလို့ အောင်လေးက ဆိုပါတယ်။ ရိုက်ခဲ့ဖူးတဲ့ ကာရိုက်တာတွေကလည်း ဆက်စပ်မှုရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင်မဟုတ်သေးဘူးလို့လည်းပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD