AD
AD
AD
play

 

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်ဖြိုးပြည့်စုံနဲ့ အောင်ထက်တို့ သီဆိုထားကြတဲ့ အခွေအသစ်လေးကိုတော့ ဇူလိုင်လကုန်လောက်မှာ ပရိသတ်တွေဆီ အရောက်ပို့ပေးတော့မယ်လို့ သိရပါတယ်။ ဒီအခွေလေးရဲ့ နာမည်ကိုတော့ မပေးရသေးပါဘူးတဲ့။ နှစ်ယောက်ပေါင်းသီဆို ထားတဲ့ အခွေထဲမှာ သီချင်းအသစ်လေးတွေ ပါဝင်တာကြောင့် ရင်ခုန်နေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' လတ်တလောမှာတော့ အောင်ထက်နဲ့ တွဲပြီးတော့ ဇူလိုင်လကုန်လောက်မှာ အခွေလေးတစ်ခွေ ထွက်ဖို့ရှိတယ်။ အပုဒ်ရေကတော့ သူ ၄ ပုဒ်၊ ကိုယ် ၄ ပုဒ် စုံတွဲ ၂ ပုဒ်နဲ့ဆိုတော့ စုစုပေါင်း ၁၀ ပုဒ်ပေါ့နော်။ ဒါပေမယ့် တစ်ယောက် တစ်ပုဒ်စီလောက် ထပ်တိုးဖို့ရှိတော့ ၁၂ ပုဒ်လောက် ပါဝင်သွားမယ်။ Album နာမည်ကိုတော့ မပေးရသေးဘူး။ အစ်ကို့ သီချင်းတွေမှာတော့ '' အသည်းနှလုံး မရှိတဲ့သူ'' သီချင်းပါတယ်၊ အချစ်နွံ၊ အချစ်နဲ့ စိတ်၊ နှစ်ယောက် စုံတွဲ သီချင်းမှာတော့ '' သားနားလည်ပါတယ်'' သီချင်းနဲ့ တခြားတစ်ပုဒ်ပါဦးမှာပေါ့'' လို့ ဆိုပါတယ်။

play

 

အောင်ထက်နဲ့ တွဲပြီး သီဆိုဖြစ်ခဲ့တာကလည်း ဂီတနဲ့ ပတ်သက်ပြီး တတ်သိနားလည် ကျွမ်းကျင်မှုကြောင့်လည်း ပါဝင်သလို တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းဖလှယ်ရတာလည်း အဆင်ပြေတယ်လို့ဆိုပါတယ်။

'' အောင်ထက်ကတော့ ဂီတနဲ့ ပတ်သက်ပြီး အမြဲတတ်သိ နားလည်တယ်၊ သူကိုယ်တိုင်ကလည်း တီးနိုင်တယ်၊ သူ့ဆီကပဲ အစ်ကိုက နားထောင်ရတာများတယ်။ သူကိုယ်တိုင်ကလည်း အစ်ကို့ကို ပြောပြပေးတာတွေများတယ်။ ဒါကလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း ဖလှယ်ကြတာပါပဲ။ ဒါပေမယ့် အဓိက အနေနဲ့ ကတော့ ကိုယ့်သီချင်းအပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရတာပါပဲ။ အောင်ထက်ကလည်း Music ကို ရူးသွပ်တဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် အခက်အခဲတွေလည်း မရှိခဲ့ပါဘူး''ဆိုပြီးတော့ ဇွန်လ(၈)ရက်နေ့ သာကေတမြို့နယ် ဘောလုံးအဖွဲ့ ချုပ်တည်ထောင်ခြင်းအထိမ်းအမှတ် ရန်ပုံငွေပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

play

 

ဖြိုးပြည့်စုံဟာ လရိပ်သီချင်း၊ သိမ်းထားတဲ့အချစ်၊ အသည်းနှလုံးမရှိတဲ့သူ၊ မျှော်နိုင်သမျှ သီချင်းတွေကလည်း အွန်လိုင်းကနေတဆင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေကြောင့် အခွေထွက်လာတဲ့ အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မျှော်လင့်တယ် လို့ သူကဆိုပါတယ်။

'' သီချင်းက တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်တွေဆီက ကောင်းတဲ့ Feedback လေးတွေပြန်ကြားရတာ ပျော်တယ်။ အခွေထွက်လာရင် လည်း ပရိသတ်တွေ ရဲ့ Comment လေးတွေကို မျှော်လင့်ပါတယ်။ သူတို့ အားပေးခဲ့တဲ့ သီချင်းတွေ အပြင်နောက်ထပ် သီချင်းအသစ်လေး တွေလည်း ပါတော့ ထွက်လာမယ့် အခွေ အတွက်ကတော့ ရင်တွေခုန်နေတယ်'' လို့ ဆိုပါတယ်။

play

 

ဖြိုးပြည့်စုံဟာ ဂီတလောကထဲကို Melody World 2010 သီချင်းဆိုပြိုင်ပွဲ ကနေတဆင့် စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးသွားတဲ့နောက်မှာ အွန်လိုင်းပေါ်ကနေ သီချင်းလေးတွေကို မိတ်ဆက်ပေးခဲ့ပြီး ''သိမ်းထားတဲ့ အချစ်'' ၊ '' လရိပ်'' ၊ ''မျှော်နိုင်သမျှ'' စတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကြားမှာ ရေးပန်းစားခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ မျှော်နိုင်သမျှ Audio CD ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဒုတိယမြောက်အခွေကိုတော့ ပြင်ဆင်နေတုန်းပဲလို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD