AD
AD
AD
play

 

မိန်းကလေးပရိသတ်အများစုရဲ့ အချစ်တော် တိုင်ရွန် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေက နားလည်မှုလေး တွေနဲ့ ဖြည့်ဆည်းပြီးကြည့်ရှုပေးပါဆိုပြီးတော့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီ ၁လ၊ ၂ လ အတွင်းမှာ ရုံတင်ဖို့ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာလည်း အိုက်တင်ပိုင်းဆိုင်ရာကိုတော့ ပရိသတ်ဘက်က ကြည့်ရင် တော့ အများကြီးရှိတာပေါ့နော်။ ဒါပေမယ့် ဒါကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရိုက်ထားတဲ့ ဇာတ်ကားဆိုတော့ ကျွန်တော့်ဘက်ကတော့ အပြည့်အဝကြိုးစားထားတာပေါ့ အဲ့ဒါလေးကိုလည်း နားလည်မှုလေးတွေနဲ့ ဖြည့်ပြီးတော့ ကြည့်ပေးကြဖို့လည်း တောင်းဆိုချင်ပါတယ်။ နောက်ပိုင်းရိုက်ထားတဲ့ ဇာတ်ကားတွေမှာတော့ ကျွန်တော်အများကြီး ကြိုးစားထားပါတယ်'' လို့ သူကဆိုပါတယ်။

play

 

တိုင်ရွန်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ တစ်ခုလပ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အရမ်းဆိုးပြီး မရင့်ကျက်တဲ့ လူငယ် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ သူနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ စီနီယာကြီးတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' တစ်ခုလပ် ဇာတ်ကားထဲမှာ ကျွန်တော်က လူငယ်ပိုင်း၊ အရမ်းဆိုးတယ် မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားလေးက ပရိသတ်အရှေ့ကို ရောက်တော့မှာဆိုတော့ ကျွန်တော်ရင်ခုန်တယ်။ ဒီဇာတ်ကားထဲမှာလည်း ကိုရန်အောင်၊ ကိုလူမင်း၊ ကိုနေဆန်း၊ ကိုထူးခြား၊ ကိုသတ္တိ၊ ကိုရဲမင်းပိုင်၊ ကိုကျော်ဇင်ထွဋ် စတဲ့ စီနီယာကြီးတွေနဲ့ ပါဝင်သရုပ်ဆောင် ထားတာပါ'' ဆိုပြီးတော့ ဇွန်လ ၁၄ ရက်နေ့က COACH ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ တိုင်ရွန် က Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။

play

 

တိုင်ရွန်ဟာ မော်ဒယ်လောကမှာကတည်းက အောင်မြင်မှုတွေရရှိထားပေမယ့် သရုပ်ဆောင်အလုပ်နဲ့ ပတ်သက်လို့တော့ အောက်ခြေသိမ်းက စပြီး ကြိုးစားလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း စီနီယာသရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးနေတာကိုတွေ့ရပါတယ်။ တိုင်ရွန်ဟာ တစ်ခုလပ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း စီနီယာအနုပညာရှင်တွေ နဲ့ သရုပ်ဆောင်ထားသလို ရန်ကုန်မြို့ပြ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသေးတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD