AD
AD
AD
play

 

ငယ်စဉ်က အေးဝတ်ရည်သောင်းနာမည်နဲ့ ကျော်ကြားခဲ့ပြီး အခု မအေးသောင်းအဖြစ် တဖန် ပြန်လည် နာမည်ရလာစဉ်မှာ အသက်အရွယ်နဲ့ ပတ်သက်လို့ မယုံသင်္ကာဖြစ်ခံရသလို ရယ်စရာလေးလည်း ဖြစ်ခဲ့ရပုံကို မအေးသောင်းက Duwun Media ကို အခုလို ပြောပြခဲ့ပါတယ်။

'' တကယ်တမ်းတော့ အသက်ထက် ကိုယ်က ဘဝမှာ ဘယ်လောက်ထိ အကျိုးပြုတဲ့သူဖြစ်မှာလဲ။ ဘယ်လောက်ထိ ကောင်းတဲ့သူဖြစ်မှာလဲဆိုတာက ပိုပြီးတော့ အရေးကြီးမယ်လို့ထင်ပါတယ်။ ပရိသတ်တွေပြောကြတဲ့အပေါ်မှာလည်း အစ်မက ဘာမှမဖြစ်ဘူး၊ အဖေက စိတ်မကောင်းဖြစ်နေတာ၊ သမီးဖြစ်သူကို အသက် ၄၀ လို့ပြောကြတာ အဲ့ဒါကလည်း ကိုယ်အသက်ကြီး သွားလို့မဟုတ်ဘူး။ သူအသက်ကြီးသွားလို့ စိတ်မကောင်းတွေဖြစ်နေတာ'' ဆိုပြီးတော့ မအေးသောင်းက ရယ်မောရင်း ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ လိုအပ်မယ်ထင်တဲ့အတွက် သူမရဲ့ မှတ်ပုံတင်ကို ထုတ်ပြလိုက်တာပါလို့ မအေးသောင်းက ဆိုပါတယ်။

play

 

မအေးသောင်းဟာ မေလ ၂၇ ရက်နေ့ကပဲ အသက် ၃၄ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲကိုလည်း အလှူအတန်းလေးတွေနဲ့ ကျော်ဖြတ်ခဲ့တာပါ။ သူ့အနေနဲ့ အသက်အရွယ်နဲ့ ပတ်သက်ပြီး အခုမှ အထင်မှားခံရတာမဟုတ်ပါဘူးလို့ ပြောပြခဲ့ပါသေးတယ်။

'' ကိုယ့်ရဲ့ အသက်အပေါ် ဝေဖန်လာကြတာကိုလည်း ဘယ်လိုမှ မခံစားရပါဘူး။ ပေါက်စီကတော့ ပုံမှန်အတိုင်းပါပဲ။ အဲ့ဒီလိုမျိုးကလည်း မွေးနေ့ကျမှ ပြောကြတာလို့ထင်ကြတာပါ။ အရင်တုန်းကလည်း အသက်နဲ့ ပတ်သက်ပြီး ဇဝေဇဝါလေးတွေ ဖြစ်နေကြတာကတော့ အများကြီး ပါပဲ'' လို့ ဆိုပါတယ်။

 

မအေးသောင်းလို့ ခေါ်တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဝေဖန်မှုတွေရဲ့ကြားမှာ ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ ယုံကြည်မှုရှိခဲ့တယ် လို့ဆိုပါတယ်။

'' ပေါက်စီကတော့ အခက်အခဲဆိုတာကို ကိုယ်ဖြေရှင်းနိုင်တာရှိရင် ဖြေရှင်းလိုက်တယ်။ ဒီဝေဖန်တဲ့ အခက်အခဲတွေကြားက ကိုယ်က ပိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတာတွေများတယ်။ ပေါက်စီက စိန်ခေါ်မှုတိုင်းကိုလည်းကြိုက်တယ်၊ အဲ့ဒါတွေကနေ ကျော်ဖြတ် ရတာကိုလည်း ကြိုက်တယ်။ ကိုယ့်အပေါ်မှာ ကောင်းတာရော၊ ဆိုးတာရော ဝေဖန်ကြတာတွေကို ပေါက်စီက သဘောကျတယ်။'' လို့ သူကပြောပါတယ်။

play

 

မကြာခင်က အသက် ၃၄ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်း ကို လူမှုကွန်ယက်စာမျက်နှာတွေပေါ် ကနေတဆင့် အသက်လိမ်ထားတာပါ ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေက အများအပြား ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ အဲ့ဒီ စွပ်စွဲချက်တွေ ဟာ တစ်ခဏတာနဲ့ ရပ်တန့်မသွားဘဲ မိဘတွေကိုပါ ထိခိုက်တာတာကြောင့် မှတ်ပုံတင်နဲ့ တကွ အနုပညာအလုပ် စလုပ်ကတည်းကနေ အခုချိန်ထိ အဖြစ်အပျက်တွေကို မတ်လ ၃၀ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာချပြခဲ့တာဖြစ်ပါတယ်။

မအေးသောင်းရဲ့ မွေးနေ့ပွဲလေးကို မွေးနေ့ ပွဲလေးကိုတော့ ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်း၊ မသန်စွမ်းပြုစုစောင့်ရှောက်ရေးဂေဟာ နှင့် စိန့် မေရီချက်စ် မင်း ကျောင်း စတဲ့ ကျောင်း ၃ ခုက ကလေးငယ်တွေကို စုပေါင်းပြီး အလှူအတန်းလေးတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့ပွဲလေးကို အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေအပေါင်းအသင်းတွေကလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD