AD
AD
AD
play

 

မြန်မာနိုင်ငံက အနုပညာရှင် အမျိုးသားတွေထဲမှာ ပွဲလမ်းသဘင်တွေသာမက ထသွားထလာ အချိန်တွေမှာတောင် ဖက်ရှင်ကျနေတဲ့ အနုပညာရှင်တွေ ရှိပါတယ်။ အဲ့ဒီအနုပညာရှင်တွေထဲကမှ ပရိသတ်တွေအတွက်Duwun Media က ရွေးချယ်ထားတဲ့ ဖက်ရှင်အကျဆုံးဆယ်လီ အမျိုးသား (၉)ဦးကို ဖော်ပြသွားမှာပါ။ Duwunက ဖော်ပြသွားမယ့် ဆယ်လီအမျိုးသားတွေမှာ ပရိသတ်တွေနဲ့ အကြိုက်တူတဲ့  ဘယ်မင်းသားတွေ ပါမလဲဆိုတာ ကြည့်လိုက်ဦးနော်။

play

 

၁။ ထူးအောင်

ထူးအောင်လို့ဆိုလိုက်ရင် သူ့ရဲ့ ယောက်ျားပီသတဲ့ခန္ဓာကိုယ်ကို မျက်လုံးထဲ ပြေးမြင်မိမှာပဲနော်။ သူဟာ မော်ဒယ်လောကထဲကနေ အနုပညာနယ်ပယ်ထဲ ရောက်ရှိလာသူ တစ်ဦးဖြစ်ပါတယ်။ အားကစားလိုက်စားသူ တစ်ယောက်ဖြစ်တဲ့ ထူးအောင်ဟာ သန်မာကျစ်လစ်လှတဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ် ဘယ်လိုအဝတ်အစားမျိုး တင်တင် လိုက်ဖက်လွန်းသူပါ။  လူငယ်ဆန်တဲ့ဖက်ရှင်ပုံစံဖြစ်ဖြစ်၊ ပွဲတက်ပုံစံနဲ့ဖြစ်ဖြစ်၊  ပုဆိုး တိုက်ပုံနဲ့ပဲဖြစ်ဖြစ် ဘာဝတ်ဝတ် ဖက်ရှင်ကျကျ ဝတ်တတ်သူပါ။ သူရဲ့ အချိုးအစားကျ ပြေပြစ်တဲ့ ခန္ဓာကိုယ်ကြောင့် ဘယ်လိုနေနေ ကြည့်ကောင်းသူလည်း ဖြစ်ပါတယ်။

play

 

၂။ ပိုင်တံခွန်

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို  အခိုင်အမာရရှိထားသူတစ်ဦးပါ။ လူငယ်ဆန်ဆန် ဝတ်စားတတ်သူတစ်ဦးဖြစ်ပြီး ဘာဝတ်ဝတ် ဖက်ရှင်ကျအောင် ဝတ်တတ်သူ ဖြစ်ပါတယ်။  မော်ဒယ်မင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဝတ်စားရတာကို ကြိုက်သူတစ်ဦးပါ။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေပြီး မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ကြိုးစားနေတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါ တာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ 'ချစ်သူ' ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။

play

 

၃။ ဇဏ်ခီ

ရင့်ကျက်တည်ငြိမ်တဲ့ မျက်နှာအမူအရာသာမက ဆွဲဆောင်မှုရှိတဲ သရုပ်ဆောင်အဖြစ် နာမည်ကြီးသူပါ။ သူ့ရဲ့ ပထမဆုံး ရုံတင်ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာတဲ့ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ အမေရိကမှာပဲ နေထိုင်ကြီးပြင်းခဲ့တဲ့ အသက် ၃၀ ကျော်အရွယ် ဇဏ်ခီဟာ အဝတ်အစားရွေးချယ်ဝတ်ဆင်ရာမှာ  စမတ်ကျသူ ဖြစ်ပါတယ်။ ဇဏ်ခီက ဖက်ရှင်ကို အလေးပေးလွန်းတဲ့သူ မဟုတ်ပေမဲ့ သူ့ရဲ့ဝတ်စားဆင်ယင်မှုဟာ သူ့နဲ့လိုက်ဖက်ပြီး ယောက်ျားပီပီသသနဲ့ ကြည့်ကောင်းနေတာ ဖြစ်ပါတယ်။

play

 

၎။ ခါရာ

ကိုရီးယားမင်းသားတစ်ယောက်လို့ ထင်ရလောက်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မြင့်မားလွန်းတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့သူလည်းဖြစ်လို့ မိန်းကလေးတွေကလည်း သဘောကျနှစ်ခြိုက်ကြပါတယ်။ လူငယ်စတိုင်လေးတွေကို တော်တော်များများဝတ်ဆင်တတ်တဲ့ ခါရာဟာ ကိုရီးယားဖက်ရှင်ပုံစံလေးတွေနဲ့ဆို တော်တော်လိုက်ဖက်သူပါ။ ဖြူဝင်းတဲ့အသားအရည်ကြောင့် ဘာဝတ်ဝတ် ကြည့်ကောင်းပြီး ဖက်ရှင်ကျနေသူလည်း ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦး၊ Mister တစ်ဦးဖြစ်တာကြောင့် အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ပြောစရာမလိုအောင် ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်သူလည်း ဖြစ်ပါတယ်။ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ ထားတဲ့ ခါရာဟာ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးထားသူပါ။ သူ့ရဲ့ချစ်သူနဲ့အတူ သီချင်းခွေတစ်ခွေ ထွက်ရှိထားပါသေးတယ်။

play

 

၅။ အောင်ရဲလင်း

အောင်ရဲလင်းက သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးမှု အခိုင်အမာကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါ။ သူက ပွဲလမ်းသဘင် အခါမျိုးမှာသာမက ဘယ်အချိန်ကြည့်ကြည့် ဖက်ရှင်ကျနေတဲ့ မင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူ့မှာ ပိုင်ဆိုင်ထားတဲ့ အရပ်အမောင်း ခန္ဓာကိုယ် အချိုးအစားက အပြစ်ပြောစရာမရှိအောင်ပါပဲ။ အားကစား လိုက်စားတဲ့အတွက် အချိုးအစား ပြေပြစ်လွန်းတဲ့ ခန္ဓာကိုယ်ကြောင့်  မြန်မာဝတ်စုံဝတ်မလား အနောက်တိုင်း ဝတ်စုံဝတ်မလား လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေး တွေပဲ ဝတ်မလား ဘယ်ဖက်ရှင်ပုံစံပဲ ဝတ်ဝတ် ဖက်ရှင် ကျနေသူပါ။ သူရဲ့ဇာတ်ကားတွေ  တော်တော်များများမှာဆိုလည်း သူ့ရဲ့ ဖက်ရှင်ပုံစံကို တွေ့မြင်နိုင်မှာပါ။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အောင်ရဲလင်းဟာ သူ့ရဲ့ ကာရိုက်တာ တစ်ခုစီတိုင်းရဲ့ ဝတ်စားဆင်ယင်မှုကိုပါ ဂရုစိုက်တတ်သူလည်း ဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတာ ကိုတွေ့ရပါတယ်။

play

 

၆။ စိုင်းစိုင်းခမ်းလှိုင်

ဆယ်စုနှစ်များစွာ အောင်မြင်မှုကို ပိုင်ဆိုင်ထားနိုင်တဲ့ အနုပညာရှင်ပါ။ ဂီတပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ စိုင်းစိုင်းဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဆိုလည်း မမှားပါဘူး။ ပိန်သွယ်ပေမဲ့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းဟာ သူနဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်သလို ဖက်ရှင်ကျအောင်လည်း ဝတ်ဆင်တတ်သူ တစ်ဦးပါ။ လူငယ်တစ်ယောက်မဟုတ်တော့ပေမဲ့ လူငယ်ပရိသတ်တွေကို အခုထိ စွဲဆောင်ထားနိုင်သေးတာလည်း စိုင်းစိုင်းရဲ့ ထူးခြားချက်တစ်ခုပါပဲ။ စိုင်းစိုင်းခမ်းလှိုင်ဟာ  ၂၀၀၀ ပြည့်နှစ်ကတည်းက "ချောကလက်ရောင် ရေခဲအိမ်မက်" တေးစီးရီးနဲ့ ဂီတဘက်မှာ နာမည်ရလာသူ ဖြစ်ပါတယ်။ ဒါ့အပြင် စိုင်းစိုင်းက ရုပ်ရှင်နဲ့ ဗီဒီယိုကား အတော်များများလည်း ရိုက်ကူးရတဲ့ ဝါရင့် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

၇။ နိုင်းနိုင်း

ကလေး(၄)ယောက်ရဲ့ ဖခင်ဖြစ်ပေမယ့် အခန့်ညားဆုံး မင်းသားတစ်လက်အဖြစ် ပရိသတ်အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်တစ်ခုကြာ အောင်မြင်မှုကို ရရှိနေတဲ့ သူတစ်ဦးဖြစ်သလို အခုချိန်ထိ မပြောင်းလဲတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းဟာ ပွဲတွေ တော်တော်များများ သိပ်တတ်ဖြစ်တဲ့ အနုပညာရှင်မဟုတ်ပါဘူး။ ဒါပေမယ့် သူတတ်ရောက်တဲ့ ပွဲတိုင်းမှာလည်း သူဝတ်ဆင်တဲ့ ဖက်ရှင်ဟာ လုံးဝကို ယောက်ျားပီသပြီး ဖက်ရှင်ကျတဲ့သူပါ။နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ သရုပ်ဆောင်လောကမှာ နိုင်းနိုင်းဟာ နာမည်ကြီး မင်းသားတစ်လက်နေရာမှာ ယခုချိန်ထိ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD