AD
AD
AD
play

 

ကိုယ်ပိုင်စီးပွားရေး နဲ့အတူ အနုပညာအလုပ်တွေကိုပါ ဆောင်ရွက်လျှက်ရှိတဲ့ သရုပ်ဆောင်မေပန်းချီကတော့ ပရိသတ်အခိုင်အမာရရှိထား တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုဆိုရင် မိသားစုနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို ရင်နာနာနဲ့ ရေးဖွဲ့ထားတာကိုလည်း အားပေးတဲ့ ပရိသတ်တိုင်းက သတိထားမိမှာပါ။ မေပန်းချီ ဘာတွေ ခံစားနေရသလဲ ဆိုတာကို အခုလို ဖော်ပြပေးလိုက်တယ်နော်။

''အမေရေ မလွဲသာလို့ လွှတ်ချခြင်းမှာ အမေမငိုနဲ့အသွေးအသား သံယောဇဉ်တွေခဏမေ့။ ဒီလွှတ်ချခြင်းမှာ အမေ့ဒဏ်ရာတွေပါမယ်။ အမေ နှစ်ရှည်လများကျခဲ့တဲ့မျက်ရည်တွေပါမယ်။ ညီမလေးရယ် ဒဏ်ရာတွေပါမယ်။ သွေးစက်တွေပါမယ်၊ မျက်ရည်တွေရှိမယ်၊ ကြောက်လန့်မှု တွေရှိမယ်၊  သမီးရဲ့နာကြီးချက်တွေမျက်ရည်တွေရှိမယ်အရွယ်နဲ့မလိုက်အောင်မိသားစုတာဝန်ထမ်းခဲ့ရတဲ့ဒဏ်တွေရှိမယ်။ ရခဲ့တဲ့ဒဏ်ရာတွေ တော့ မေ့ထားတယ်အမေ။ ဒီအရာတွေအတွက် မင်းသမီးလဲလူမိုက်လုပ်ရမယ့် အခိုက်အတန့် ရှိမယ်။ ယုတ်မာ ချင်ယောင်ဆောင်တဲ့ အများအမြင် ဗီလိန်မ ဖြစ်ကောင်းဖြစ်လိမ့်မယ်'' ဆိုပြီးတော့ ဇွန်လ ၁၅ ရက်နေ့ ၁၁ နာရီ မိနစ် ၂၀ အချိန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် မှာ အခုလိုရေးသားခဲ့ပြီး '' ကိုယ်လွတ်ရုန်းတဲ့အိမ်ခေါင်မိုးကိုမပြစ်မှားနဲ့ ၅၂၈အဖရာကိုမတောင်းတနဲ့'' ဆိုပြီးတော့လည်း Feeling မှာ ရေးသား ခဲ့ပါတယ်။

play

 

ဒီလို ရေးသားလိုက်တဲ့ စာသားလေးတွေကြောင့် မေပန်းချီဟာ မိသားစု ကိစ္စကြောင့် ခံစားနေရတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။ အဲ့ဒီလို ခံစားချက်တွေထဲကမှ သူတို့ ညီအစ်မ နှစ်ယောက်အတွက် မိခင်ဖြစ်သူအပေါ် တောင်းဆိုချင်တဲ့ စကားလုံးတွေ ကိုလည်း အခုလို ရေးသားခဲ့ပါသေးတယ်။
''ဒီနေ့ကစပြီး ဘယ်အချိန်ထိဆိုတာလဲတော့ သမီး အာမမခံနိုင်ဘူးပေါ့ အမေရယ်။ ဒီနေ့ကစပြီးဆိုတဲ့စကားလုံးကိုသုံးပါရစေ။ အမေ အသက်ရှည်မယ့် ကာလအနည်းငယ်အတွက် အမေအသက်ပါပါ ပြုံးပြပေးပါ။ အသက်ပါပါ စားသောက်ပေးပါ။ အသက်ပါပါ လေကိုရှူ ပေးပါ။ အမေ့ ရဲ့အစစ်အမှန်တွေမမြင်ရတာကြာပြီ ကြောက်စိတ်နဲ့ရှင်သန်ခဲ့တဲ့အချိန်တွေခဏလေးတော့ ငြိမ်းချမ်းသွားပြီ အမေ။ သမီးတို့ ညီအစ်မနှစ်ယောက်အတွက် ငြိမ်းချမ်းစွာရှင်သန်ပေးပါ'' ဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထပ်မံရေးသားခဲ့ပါသေးတယ်။

play

 

မိသားစုအရေးအတွက် သမီးကြီးတစ်ယောက်အနေနဲ့ ခံစားချက်တွေကို ရေးချနေရင်း သူ့ရဲ့ ညီမလေးအတွက်ကိုလည်း အခုလို အားပေး တဲ့စာသားလေးတွေပါ ထည့်သွင်းရေးဖွဲ့ထားပါသေးတယ်။

''ညီမလေးရေ ဒဏ်ရာတွေဆေးထည့်ပါ၊ မျက်ရည်တွေသုတ်ထားပါ၊ ဆိုးတာတွေပြင် ပြန်မပြောနားမထောင်မလုပ်နဲ့တော့ ငါ့ညီမ လိမ္မာတာ ငါသိတယ်။ ခံပြင်းနာကျင်တာလဲ နင့်အစ်မသိတယ်၊ အစ်မမရှိတုန်း အိမ်မှာမနေရဲတဲ့အခိုက်အတန့်တွေလဲမေ့လိုက်တော့ ငါ့ညီမလေး ငယ်ပါသေးတယ်။ လူလုပ်ဖို့အချိန်တွေအများကြီးကျန်သေးတယ်။ တစ်ခါတလေ လုပ်ချင်တာလုပ်လိုက်ပါ အစ်မခွင့်ပြုတယ်။ ကလေး တစ်ယောက်ရဲ့လွှတ်လပ်ခြင်းတွေ မင်းမှမရခဲ့တာ ဒီစာတွေဖတ်ပြီးရင် တစ်ခုပဲခေါင်းထဲရိုက်ထည့်ထားငါတို့မှာ သားအမိ(၃)ယောက်ပဲ ရှိတယ်ဆိုတာ'' လို့ အဆုံးသတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play

 

မေပန်းချီဟာ အခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာသာမက ပွဲတွေ တော်တော်များများမှာ သီချင်းဆိုဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲ့ဒီနောက် ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Kate Amazing Jean Shop ဆိုတဲ့ Fashion ဆိုင်လေးကိုပါ ဦးစီးလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ သူ့ အနေနဲ့ သရုပ်ဆောင်အလုပ်သာမက ဂီတအပိုင်းကိုလည်း ခြေလှမ်း စတင်ချင်တာကြောင့် ကိုယ်ပိုင်သီချင်းလေးတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီသီချင်းလေးတွေကို ပရိသတ်တွေဆီတင်ဆက်နိုင်ဖို့ ကြိုးစားဦးမယ်လို့ အင်တာဗျူး တချို့မှာ ဖြေဆိုဖူးပါတယ်။ ယခုနောက်ပိုင်းမှာ အနုပညာပိုင်းသာမက ပရဟိတ အလုပ်လေး တွေကိုပါ  အချိန်ရရင် ရသလို လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD