AD
AD
AD
play

 

လူရွှင်တော်ကြီး ဦးဝင်နိုင်(အနုပညာ)ဟာ လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးရဲ့ ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဆေးကုသမှု ခံယူနေရ ပါတယ်။  မေလ(၂၂)ရက်နေ့ နံနက်(၁)နာရီလောက်က သွေးတိုးပြီး လေတစ်ခြမ်း ဖြတ်သွားခဲ့တဲ့ ဦးဝင်းနိုင်ဟာ လက်ရှိအချိန်မှာ ကျန်းမာရေး အခြေအနေပြန်လည်ကောင်းမွန်လာပြီလို့ သမီးဖြစ်သူ ဟာသသရုပ်ဆောင်စုဝေလွင်ရဲ့ ပြောပြချက်အရသိရပါတယ်။

ဦးဝင်းနိုင်ဟာအနုပညာအလုပ်တွေ မလုပ်ရတာကြောင့် စိတ်မကောင်းဖြစ်လို့နေတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကို အနီးကပ် ပြုစုစောင့် ရှောက်ပေးနေတဲ့ သရုပ်ဆောင် စုဝေလွင်ဟာ ဦးဝင်နိုင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါတယ်။

play

 

"၂၂ ရက်နေ့ မနက်(၁)နာရီက အပေါ့သွားမယ်ဆိုပြီး ထရင်းနဲ့ ခွေကျသွားတာပေါ့။ သွေးတိုးပြီးတော့ လေတစ်ခြမ်းဖြန်းသွားတာပါ။ အရင်က လည်းက ကျန်းမာရေးကတော့ ကောင်းတယ်။ခရီးတွေလည်း သွားနေတာပဲ။ ဒါပေမယ့် အစားလေး တစ်ချက်မှားသွားတာပေါ့။ ငပိထောင်း လေး စားလိုက်မိတာ အငန်စားမိသွားတာပေါ့။ အဲ့ဒါ သွေးတက်သွားပြီး အခန့်မသင့်ဖြစ်သွားတာပေါ့ အရမ်းလည်း ပူတဲ့အချိန်လည်း ဖြစ်လို့ပါ။ဆေးရုံရောက်လာတော့ ဦးနှောက်သွေးခဲသွားတာကို ပြန်ပြီးဖျော်ရတဲ့ဘက်မှာ ၁၀ရက်ပေါ့။လေ့ကျင့်ဆောင်မှာတော့ (၂)ပတ်ပေါ့။ ဖေဖေ့ရဲ့လက်တွေ ခြေထောက်တွေက ထိတွေ့တာကို သိတယ်။ ဒါပေမယ့် မလှုပ်တော့ဘူးပေါ့။ အဲ့ဒါကြောင့် ပြန်ပြီးကောင်းလာအောင် လေ့ကျင့်ပေးနေရတယ်။ ကျန်းမာရေးအခြေ အနေကတော့ သိသာလာပါပြီ။ လမ်းလျှောက်နိုင်ပြီပေါ့ လူကောင်းတစ်ယောက်လို မဟုတ်ဘူးပေါ့။" လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာပါ။

play

 

ဖခင်တစ်ယောက်တည်းပဲ ရှိတဲ့ သူမရဲ့ ဘဝမှာတော့ ဖခင်ဖြစ်သူကို လုံးဝ လက်လွှတ်အဆုံးရှုံးမခံနိုင်ဘူးလို့ ဆိုပါတယ်။ အဖေ့အတွက်လည်း အရမ်းကို စိုးရိမ်ခဲ့ရတယ်တဲ့။

"စိုးရိမ်ခဲ့ရတာပေါ့။ ညီမမှာ အဖေတစ်ယောက်ပဲ ရှိတော့တာလေ။ အမေက ဆုံးသွားပြီ။အဲတော့အရမ်းစိတ်ပူခဲ့ရတယ်။ အိမ်တောင်မပြန်ဘူး ဆေးရုံမှာပဲ အဖေ့နားမှာ သေချာပြုစုပေးတယ်။အဖေ့ကို လုံးဝကို အဆုံးရှုံးမခံနိုင်ဘူး။အဲ့အတွက် ဘေးနားမှာ နေ့ညမပြတ်စောင့် ရှောက်တယ်။မေမေ့တုန်းက ညီမကစီးပွားရေးလုပ်နေလို့ မပြုစုခဲ့ရဘူး။ ဖေ့ဖေ့ကိုတော့ ငါကိုယ်တိုင်ပြုစု မယ်ဆိုပြီး အနီးကပ်ပြုစုတာပါ။" ဆိုပြီး သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

play

 

ဦးဝင်းနိုင်ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်လာတာဟာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ပါဝင်သလို အရမ်းကို စည်းလုံးပြီး ချစ်ဖို့ကောင်းတဲ့ လူရွှင်တော် အသင်းသားတွေကြောင့်လည်း ပါပါတယ်လို့ သူမက ဆိုပါတယ်။

"အဖေ့သတင်းကို ကြားကတည်း လူရွှင်တော်အသင်းက လူတွေ ရောက်လာကြတယ်။  အားပေးကြတယ်။ ဖေဖေတို့ လူရွှင်တော်အသင်းက လူတွေက တစ်ကယ်ချစ်ဖို့ကောင်းတယ် တစ်ကယ်လည်း စည်းလုံးကြတယ်။ အားလုံးလာကြတယ်။ ကန်တော့ကြတယ်။ သူတို့တွေ လာအားပေးမှုကို သမီးအရမ်းကျေးဇူးတင်တယ်။ သူတို့ကြောင့်ပဲ ဖေဖေကျန်းမာရေးက တိုးတက်မှု မြန်လာတာ။ ဖေဖေတိုးတက်မှုတွေ မြန်လာဟာ သူတို့တွေရဲ့ အားပေးမှုတွေကြောင့်ပါ။ ဖေဖေရဲ့ အနုပညာမောင်နှမတွေကော၊ ပရိသတ်တွေ၊ ဆေးကုပေးကြတဲ့ ဆရာမတွေကော အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ သူမက ပြောပြခဲ့ပါတယ်။

ဆေးကုမှု ခံယူနေရတဲ့ ဦးဝင်းနိုင်အတွက် ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ အမြန်ဆုံးသက်သာပျောက် ကင်းဖို့အတွက်ကို လည်း ဆုတောင်းပေးနေကြပါတယ်။ဟာသသရုပ်ဆောင် လူရွှင်တော် ဦးဝင်းနိုင်(အနုပညာ)ဟာ လွန်ခဲ့သော ၁၂နှစ်ကလည်း လေဖြန်းတဲ့ ရောဂါဝေဒနာကို ခံစားခဲ့ဖူးတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD