AD
AD
AD
play
Photo: Thandar Bo Fb

 

သရုပ်ဆောင် သန္တာဗိုလ်ကတော့ ချစ်သူဖြစ်တဲ့ သရုပ်ဆောင်ကောင်းပြည့်နဲ့အတူ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးဖြစ်နေတာကို တွေ့ရပါတယ်။ သူဟာ တခြားမင်းသားတွေနဲ့ အတူတွဲသရုပ်ဆောင်ရတဲ့ခံစားချက်နဲ့ ကောင်းပြည့်နဲ့ အတူတွဲသရုပ် ဆောင်ရတဲ့ ခံစားချက်တွေကိုလည်း မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' တခြားမင်းသားတွေနဲ့ကြတော့ ညှိရမယ့်ဟာတွေ သရုပ်ဆောင်ရမယ့် အပိုင်းတွေဆိုရင် နည်းနည်းပါးပါး မတိုင်ပင်ရဲဘူး ပေါ့နော်။ ကိုယ့်ချစ်သူနဲ့ကျတော့ ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရတယ်၊ ဒီနေရာမှာ ဒီလိုလေးရိုက်လိုက်ပါလား ဆိုပြီးတော့ ညှိပြီးတော့ လုပ်လို့ရတာပေါ့။ ညီမရဲ့ We Love ပရိသတ်တွေကတော့ သေသေချာချာကြည့်ပြီးတော့ ဘယ်နားမှာ ဘာလိုတယ်ဆိုတာတွေကတော့ ပြောပြပါတယ်'' ဆိုပြီး တော့ '' ပင်လယ်ကြီးက ဘာပြောလဲ'' ရုပ်ရှင်ဇာတ်ကားကြီး ပရက်ရှိုးကို တက်ရောက်လာတဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ကောင်းပြည့်နဲ့ အတူတွဲပြီး ဇာတ်ကားရိုက်နေတဲ့အချိန်မှာလည်း ကာရိုက်တာနဲ့ ပတ်သက်ပြီး သေချာပြောပြပေးတယ်လို့ သန္တာဗိုလ်က ပြောပါတယ်။ ကောင်းပြည့်နဲ့အတူ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်တဲ့ အဝါရောင်ဒဏ်ရာဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးလည်း မကြာခင်မှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။

play
Photo: Thandar Bo Fb

 

သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ကြိုးစားနေတဲ့ သန္တာဗိုလ်ဟာ ဂီတဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေသူတစ်ဦးပါ။ သန္တာဗိုလ် ဟာ သူရဲ့ တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ''နားလည်ပေးပါ..ကို'' တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂီတ နဲ့ ပတ်သက်ပြီး ဖျော်ဖြေရေးတွေဆောင်ရွက်နေရတာကို တွေ့ရပါတယ်။ သန္တာဗိုလ်ဟာ သူ့ရဲ့ သီချင်းတွေကို အွန်လိုင်းမှာပဲ တင်ဖို့ ဆုံးဖြတ်လိုက် ပြီလို့ ဆိုပါတယ်။

'' ညီမ သီချင်းတွေအတွက် ဆုံးဖြတ်လိုက်တာကတော့ အွန်လိုင်းမှာပဲတင်တော့မယ်။ ရိုက်ပြီးသား ၆ ပုဒ်ကို အွန်လိုင်းကနေပဲ တစ်လကို တစ်ပုဒ်ဖြစ်ဖြစ်၊ နှစ်ပုဒ်ဖြစ်ဖြစ် တင်မယ်ပေါ့နော်။ နောက်ထပ်ကျန်တဲ့ အပုဒ်တွေကိုတော့ အသစ်ထပ်ရိုက်ပြီးတာနဲ့တင်မယ်။ဒါကလည်း ညီမရဲ့ ဝါသနာအရရယ်၊ ကိုယ်ပိုင်သီချင်းလေးလည်း ရှိချင်တာကြောင့်ရယ် ရိုက်လိုက်တာဆိုတော့ ပိုက်ဆံဆုံးရှုံးရတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ နောက်ထပ် သီချင်းထပ်လုပ်ဖို့ စိတ်ကူးထားတာတွေလည်းရှိပါတယ်။ ရိုက်ပြီးသွားရင် အွန်လိုင်းမှာတင်မှာပါ'' လို့ သူကပြောပါတယ်။

play
Photo: Thandar Bo Fb

 

ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့ အနုပညာရှင်စုံတွဲဟာ ချစ်သူသက်တမ်း ၆ နှစ်ကျော်ကြာခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ကလည်း ချစ်သူ သက်တမ်းကြာလာတာနဲ့ အမျှ နားလည်မှုတွေပိုရှိလာတယ်လို့ ဆိုပါတယ်။ သူတို့ စုံတွဲလေးဟာ  ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူတွဲပြီးသရုပ်ဆောင် နေရတာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတဲ့ စုံတွဲလေးပါ။ အားပေးကြတဲ့ ပရိသတ်တွေရှိသလို ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ကြတဲ့ ပရိသတ်တွေလည်း ရှိခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD