နုပျိုအောင် ဘယ်လိုနေလဲဆိုတာ ပြောပြထားတယ်နော်။

Photo: ဝတ်မှုံရွှေရည်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်အကယ်ဒမီဝတ်မှုံရွှေရည်ကို ချစ်တဲ့ ပရိသတ်တွေကတော့ သူ့အနုပညာအလုပ်တွေ စလုပ်ကတည်းက တောင်ကိုရီးယားမင်းသမီး ချော ဆောင်းဟေဂျိုနဲ့ တူတယ်လို့ တင်စားခဲ့တာဖြစ်ပါတယ်။ ဒီလို တင်စားမှုတွေ အပေါ်မှာလည်း ဝတ်မှုံရွှေရည်ရဲ့ ရင်ထဲက စကားသံကို  မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ပျော်တာပေါ့၊ ဘယ်အစိတ်အပိုင်းတူတယ် ဆိုတာတော့ သေချာမသိဘူး၊ အွန်စောကိုလည်း ကြိုက်တယ်၊ ပရိသတ်တွေက တူတယ်လို့ ပြောကြတော့လည်း ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းက ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

Photo: ဝတ်မှုံရွှေရည်ဖေ့စ်ဘွတ်

 

ဝတ်မှုံရွှေရည်ရဲ့ အချစ်ရေးကတော့ လက်ရှိမှာ Single တစ်ယောက်ပါပဲတဲ့။ တစ်သက်လုံး တစ်ယောက်တည်း မနေဘူးလို့ ဆိုပါတယ်။ အချိန်တိုင်း အလှတွေတိုးနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ နုပျိုရခြင်း အကြောင်းအရင်းတွေကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' တစ်ယောက်တည်းတော့ မနေပါဘူး၊ လောလောဆယ်လည်း ဘာမှ မရှိဘူးပေါ့နော်။ ဒီလိုပဲ နုပျိုနေရတဲ့ အကြောင်းအရင်းကလည်း ကစ်ကတော့ စိတ်ကြည်ကြည်လင်လင်ထားတယ်၊ စိတ်ရှုပ်မခံဘူး၊ စိတ်ရှုပ်တဲ့အခါကျရင်လည်း တရားထိုင်တယ်၊ ပြီးရင် GYM ဆော့တယ်'' လို့ သူကဆိုပါတယ်။

ရှုတင်ရောက်တိုင်း စိတ်ညစ်စရာတွေပျောက်တယ်ဆိုတဲ့ ဝတ်မှုံရွှေရည် 

သရုပ်ဆောင်အကယ်ဒမီဝတ်မှုံရွှေရည်က မကြာသေးခင်က စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Ultra Festival ပွဲကိုလည်း တက်ရာက်ဖြစ်ခဲ့ ပါတယ်။

'' မန်စီးတီးက ဖိတ်ပြီးတော့ သူတို့က အကုန်စီစဉ်ပေးလို့ပေါ့နော်။ Ultra Festival ပွဲကကျတော့ အရင်နှစ်တုန်းကလည်း ကစ်ကို ဖိတ်တယ်။ ကစ်အလုပ်မအားလို့ မသွားခဲ့ရဘူး။ ဒီနှစ်ကျတော့ ကစ် အားလည်းအားတော့ သွားဖြစ်လိုက်တယ်။ ဒီဇာတ်ကားလေး မရိုက်ခင်ရယ်၊ အရှေ့က ဇာတ်ကားလေး ရိုက်လို့ ပြီးတဲ့ အချိန်ရယ်ဆိုတော့ သွားဖြစ်လိုက်တာပါ'' လို့ ဆိုပါတယ်။

 

သရုပ်ဆောင်အကယ်ဒမီဝတ်မှုံရွှေရည်ကတော့ ဇွန်လ ၂၂ ရက်နေ့ကစပြီး ဒဏ္ဍာရီမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sense  Film Production က ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူး ပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ရဲတိုက်၊ ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က