ကြာသာပတေးနေ့တိုင်း လှူဖြစ်ပါတယ်။
 

မနက်တိုင်း သံဃာတော်တွေကို ဆွမ်းလောင်း အလှူပြုလုပ်တတ်တဲ့ ဆုပန်ထွာကတော့ ဒီနေ့မနက်မှာ မိသားစု စုံစုံညီညီလေး ဆွမ်းလောင်း နေကြတာကို တွေ့ရပါတယ်။ ဆုပန်ထွာကတော့ မနက်စောစောစီးစီး ဆွမ်းဟင်းတွေ ချက်ရပြုတ်ရပေမယ့်လည်း ဘုန်းဘုန်းတွေ၊  ကိုရင်လေး တွေ ကြွလာလို့ အားရပါးရဆွမ်းလောင်းခွင့်ရတာမို့ ပီတိလေးတွေဖြစ်ရတယ်လို့ ဆိုပါတယ်။

'' ကြာသပတေးနေ့ မိသားစုဆွမ်းလောင်းခြင်းကုသိုလ်လေးပါ။ ဒီနေ့အမဲသား ၂ ပိသာကို အမဲနှပ်ဆွမ်းဟင်းလောင်းချင်လွန်းလို့ ညက ၃ နာရီထိမအိပ်ပဲသေချာချက်၊ မနက်မှဝက်သားနီချက်ထပ်ချက်၊ ဘုန်းဘုန်းတွေ ကိုရင်လေးတွေအများကြီးကြွလာတော့ ဆွမ်းတွေ ဆွမ်းဟင်း တွေ အားရပါးရလောင်းလှူရတာမို့ အမောတွေပြေပြီးပီတိလေးကိုဖြစ်ရောပဲ'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ၂၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။

Roar လေး ကျောင်းစတတ်တဲ့နေ့ အမှတ်တရကိုပြောလာတဲ့ ဆုပန်ထွာ

ကြာသာပတေးနေ့နံတွေဖြစ်တဲ့ မိသားစုဝင် သုံးယောက်အတွက် အပတ်တိုင်း ဆွမ်းချက်အလှူလေးကိုလည်း ခင်ပွန်းဖြစ်သူရဲ့ အကြံပေးမှု ကြောင့် အပတ်တိုင်း လှူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

''ဒယ်ဒယ်နဲ့ Roar Roar ကတော့အဆင်သင့်အိပ်ယာထဆွမ်းလောင်းရုံပါပဲ။ ဒယ်ဒယ်ကတော့ မာမားရေ! Roar Roar ရယ်၊ မေမေရယ်၊ မေမေဒေါ်ချိုဇင်သိန်းရယ် ကြာသပတေး သုံးယောက်အတွက် အပတ်တိုင်းဆွမ်းချက်လှူရအောင်ဆိုလို့ ပါရမီဖြည့်ပေးပြီး အပတ်တိုင်း လှူဖြစ်ပါတယ်။ ဒီတစ်ပတ်လဲမိသားစုစုံစုံလင်လင် ကိုယ်တိုင်ချက် ဆွမ်းလောင်းကုသိုလ်လေးပါ'' ဆိုပြီးတော့ ထပ်မံရေးသားခဲ့ပါသေးတယ်။

 

ဆုပန်ထွာဟာ သားလေး Roar ရဲ့ မွေးရက်တိုင်းကို အလှူလုပ်မယ်ဆိုပြီးတော့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။

'' "အပတ်စဉ် ကြာသပတေးနေ့တိုင်း ကြွလာတဲ့သံဃာတော်တွေ ပန်ပန်တို့အိမ်က အမြဲဆွမ်းလှူနေကျမို့ ပျော်တဲ့စိတ်ကလေး၊ ပီတိ စိတ်ကလေးနဲ့ ပုံလေးတွေတင်ဖြစ်ပါတယ်။ ၉မိုင်ရွှေနှင်းဆီထဲမှ သံဃာတော်အရှင်သူမြတ်များကိုလည်း အပတ်စဉ်ကြာသပတေး နေ့တိုင်းဆွမ်းခံကြွဖို့ဖိတ်ပါတယ်ရှင်။ သူ့အဖေရဲ့ Idea လေးပါ။ သူ့သားမွေးနေ့တိုင်းသံဃာတွေဆွမ်းလှူပါလားမိန်းမဆိုတာနဲ့ အဘွားကလည်းကြာသပတေးမို့ သူတို့မြေးအဘွားအတွက် အပတ်စဉ်တိုင်းလှူဖြစ်တာကြာပါပြီ။ကောင်းမှူကုသိုလ်လေးအတွက် ပီတိဖြစ်ရင်း"ဆိုပြီးတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

 

ဆုပန်ထွာ သားလေး Roar Roar ကို စက်တင်ဘာ(၁၅)ရက်နေ့ ဝိတိုရိယဆေးရုံမှာ နံနက် (၅း၄၅)က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သားလေး Roar Roar ကတော့ မွေးဖွားချိန်က ကိုးပေါင်နဲ့ နှစ်အောင်စရှိပြီး အရပ်ကတော့ ၅၂ စင်တီမီတာ ရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Roar လေးဟာ တစ်နှစ်နဲ့ ၁၀ လထဲကို ရောက်နေပြီဖြစ်ပါတယ်။

မွေးဖွားချိန်ကတည်းက လူများရဲ့ ချစ်ခြင်မှုကို ရရှိထားတဲ့ သားလေးက အခုလက်ရှိမှာလည်း မိခင်ရဲ့ အနုပညာ အသိုင်းအဝိုင်းများ ကသာမက ပရိသတ်များကပါ ချစ်ခြင်ရတဲ့ ကလေးလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က