ပရိသတ်တွေရဲ့ အချစ်တော် မအေးသောင်းတစ်ယောက် ဇွန်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့ရဲ့ စေ့စပ်မင်္ဂလာပွဲကို တက်ရောက်ရင်း ပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ မင်္ဂလာပွဲတွေ တက်တိုင်းလည်း ကိုယ်ကိုယ်တိုင်ကရော ဘယ်တော့ လဲ ဆိုတဲ့ စိတ်ကူးလေးကို အမြဲတွေးတယ် ဆိုပြီးတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ထွေထွေထူးထူးခံစားရတာတော့ သိပ်မရှိပါဘူး သူတို့အစားပျော်တာပေါ့နော်။ အမြဲတမ်းကြည့်ရရင် ပျော်ဖို့ကောင်းတယ်။ ပွဲတက်တိုင်း လည်း စိတ်ကူးယဉ်တယ်။ ကိုယ့်အလှည့်ကျရင် ဘယ်လိုလာမလဲပေါ့။ ငယ်ငယ်တုန်းကကျတော့ မင်္ဂလာဆောင်ရင် ကမ်းခြေမှာ ဆောင်ချင် တယ်။ အခုကျတော့ ကမ်းခြေကျတော့ ဖုန်တွေ၊ သဲတွေကများတော့ စိတ်ထဲမှာ ငါများလမ်းလျှောက်တာ အဆင်ပြေပါ့မလားပေါ့။ မင်္ဂလာဆောင်ကိုလည်း ဒီလို ခန်းမကြီးတွေနဲ့ မလုပ်ချင်ပြန်ဘူး၊ စိတ်ကူးတော့ရှိတယ်။ အရမ်းဂျီးများလို့လား မသိဘူး'' လို့ သူကဆိုပါတယ်။

Photo: Ayethaung fb

ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ မအေးသောင်း 

အသက် ၂၄ နှစ်ကတည်းက အိမ်ထောင်ပြုဖို့ စဉ်းစားခဲ့တယ်ဆိုတဲ့ မအေးသောင်းက ဘယ်လိုဖြစ်ပြီး ၂၄ ကျော်သွားမှန်း မသိဘူးဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ အင်တာဗျူး ဖြေဆိုခဲ့တာပါ။

'' ပေါက်စီကတော့ ဘုရားကျောင်းလှလှလေး ရွေးပြီးတော့ မင်္ဂလာဆောင်မယ်လို့တော့ စဉ်းစားထားပါတယ်။ အသက် ၂၄ နှစ်လောက် ကတည်း က ယူမယ်လို့ စဉ်းစားထားတာ အသက် ၄၀ လောက်ဆိုရင် ကလေးက ၁၆ နှစ်ကိုယ်က ၄၀ ပေါ့နော်။ ဒါပေမယ့် ၂၄ ကို ဘယ်လို ကျော်သွားလဲ မသိဘူး၊ ကိုယ့်ကိုယ်ကိုလည်း မသိဘူး'' ဆိုပြီးတော့ မအေးသောင်းက သူ့စကားကို သူသဘောကျရယ်မောရင်းနဲ့ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Ayethaung fb

 

မအေးသောင်းက သူ့ရဲ့ ပရိသတ်တွေအတွက် အပျိုကြီးဘဝက အမြန်ဆုံး ကျွတ်အောင်ကြိုးစားပေးပါ့မယ် လို့ သူကဆိုပါတယ်။

'' ဂျီးများတာလည်းပါတယ်၊ ဖူးစာပေါ့  ကိုယ်ကချစ်ပေမယ့်လည်း သူကမချစ်တာ ရှိရင်ရှိမယ်။ သူကချစ်ပေမယ့်လည်း ကိုယ်က မချစ်တာရှိရင် ရှိမယ်။ နောက်တစ်ခုကကျတော့ နှစ်ယောက်ဆုံဖို့အတွက် အခွင့်အရေးမပေးသေးတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အပျိုကြီးဘဝကလည်း အမြန်ဆုံးကျွတ်အောင် ကြိုးစားပေးပါ့မယ်'' လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။

သရုပ်ဆောင်အေးဝတ်ရည်သောင်းက ချစ်သူရှိတယ်လို့ ဝန်ခံထားပေမယ့် အခုချိန်ထိ သူ့ရဲ့ချစ်သူက ဘယ်သူ ဘယ်ဝှာဆိုတာကို ထုတ်ပြတာ မျိုးတွေ မရှိသေးပါဘူး။ မအေးသောင်းရဲ့ ချစ်သူက သူ့ထက်လည်း ငယ်သလို မင်းသားတစ်ယောက်လည်း မဟုတ်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြောပြခဲ့ဖူးပါတယ်။ မအေးသောင်းရဲ့ ချစ်သူကိုတော့ ပရိသတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြ တုန်းပါပဲ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က