ရေရှည်လက်တွဲရမယ့်လူတစ်ယောက်တွေ့ရင်တော့ ပရိသတ်ကို အသိပေးမယ်လို့ ဆိုပါတယ်။
 

သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောကထဲမှာ ရပ်တည်နေတဲ့ မေဘရဏီသော်ကတော့ သူ့ရဲ့ အချစ်ရေးက အခုလက်ရှိမှာ အေးအေးဆေးဆေးပါပဲတဲ့။ ခရီးတွေသွားမယ်၊ ပျော်ပျော်နေတယ် ဆိုတဲ့ Single is the best အဖြစ်ကို ခံယူထားတယ်ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

'' မေသော့်ကို ပရိသတ်တွေက အချစ်ရေးနဲ့မေးလာခဲ့ရင်လည်း အေးအေးဆေးဆေးပါလို့။ တကယ်လို့ မေသော့်အတွက် ရေရှည် လက်တွဲရ မယ့်လူတစ်ယောက် တွေ့ပြီဆိုရင်တော့ ပရိသတ်တွေကို အသိပေးမှာပါ။ အခုလောလောဆယ်ကတော့ ခရီးတွေသွား Single is the best ဖြစ်နေတုန်းပေါ့''လို့ သူကပြောပါတယ်။

 

 

ကံတရားက ဆုံခွင့်ပေးလာခဲ့ရင်တော့ ဖူးစာဆုံဖြစ်ကြမှာပါတဲ့။ ကံဆုံရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူတူ လက်တွဲရမယ်လို့ ယုံကြည်ချက်ထားတယ် ဆိုပြီးတော့လည်း မေဘရဏီသော်က ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒါကတော့ ကံပေါ့လေ။ ကံက တစ်နေ့ဆုံခွင့်ပေးတယ်ဆိုရင်တော့ တွေ့ကြရမှာပဲပေါ့နော်။ ကိုယ့်အနေနဲ့ လွတ်လွတ်လပ်လပ်ပဲ ခရီးလေးသွားလိုက်၊ ပျော်လိုက်ပဲ ပေါ့နော်။ ကိုယ်နဲ့ဖူးစာကံဆုံရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတွေ့မယ်၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ အတူတူလက်တွဲရမယ်လို့ တော့ ယုံကြည်ပါတယ်'' လို့ ဆိုပါတယ်။

 

မေဘရဏီသော်ကတော့ ၂၀၁၅ခုနှစ်က Miss Universe Myanmar 2015 ရဲ့ အလှတစ်ယောက်ဖြစ်ခဲ့ပြီး နိုင်ငံတကာ စင်မြင့့်ထက်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ဇာတ်လမ်းတွဲတွေ ရိုက်ကူးထားပါသေးတယ်။

အခုလက်ရှိမှာ ဇနီးချောများကွန်ယက်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အခုလို သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်လာတာကလည်း ပရိသတ်တွေရဲ့ တွန်းအားကြောင့် ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က