မင်္ဂလာပွဲကို ရိုးရိုးလေးကျင်းပရတာကြိုက်တယ်။

Photo: နန်းခေးမားဖေ့စ်ဘွတ်

 

လက်ရှိ မော်ဒယ်လ်လောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မော်ဒယ်လ် နန်းခေးမားတစ်ယောက် ချစ်သူရှိတယ်ဆိုတာကို သူ့ရဲ့ ပရိသတ်တွေ အကုန်သိကြမှာပါ။ သူ့အနေနဲ့ အချစ်ရေးမှာ အဆင်ပြေပြေရှိတယ်လို့ဆိုပါတယ်။ နန်းခေးမားဟာ မိန်းကလေး တစ်ယောက်ဖြစ်တဲ့ အတွက်သူ့ရဲ့မင်္ဂလာပွဲ နဲ့ ပတ်သက်တဲ့ စိတ်ကူးအိပ်မက်လေးလည်း ရှိတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ကိုယ့်အလှည့်က ဘယ်အချိန်လောက်လည်းဆိုတာတော့ မသိသေးဘူးပေါ့နော်။ ဒါပေမယ့် ကိုယ်က မိန်းကလေးဘဲလေ စိတ်ကူးအိပ်မက် လေးတွေတော့ ရှိတာပေါ့နော်။ မင်္ဂလာဆောင်ကို ရိုးရိုးလေးဘဲ ကြိုက်တယ်၊ အရမ်းကြီးကျယ်ခမ်းနားတာ မျိုးတော့ မကြိုက်ဘူးပေါ့'' ဆိုပြီးတော့ Marry Myanmar Wedding 2018 ပွဲကြီးကို တက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျုးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: နန်းခေးမားဖေ့စ်ဘွတ်

 

သူ့အနေနဲ့ မင်္ဂလာဆောင်တဲ့အခါ ခရစ်ယန်ဘာသာဝင်တစ်ဦးဖြစ်လို့ ချက်စ် ကျောင်းမှာဘဲ ဆောင်ချင်တယ်ဆိုတဲ့ သူ့ရဲ့ ဆန္ဒလေးကို ဖွင့်ဟ ပြောပြခဲ့ပါတယ်။

'' ကိုယ်ကြိုက်တဲ့ ပုံစံမျိုးဆိုတာက နိုင်ငံခြားက မင်္ဂလာဆောင်တဲ့ ပုံစံမျိုးလေးတွေကို သဘောကျတယ်။ သူတို့ဆောင်ရင် Simple ဘဲ တချို့ Beach မှာ ဆောင်ကြတယ်၊ တချို့ ချက်စ် မှာဆောင်ကြတယ်။ ညီမကတော့ ချက်စ်မှာ ဆောင်ချင်တာပေါ့နော် ဘာကြောင့် လဲဆိုတော့ ကိုယ်က ခရစ်ယန်တစ်ယောက်ဆိုတော့ ဘုရားကျောင်းမှာ လှလှပပလေးနဲ့ ရိုးရိုးလေးဆောင်ချင်တယ်'' လို့ ဆိုပါတယ်။

Photo: နန်းခေးမားဖေ့စ်ဘွတ်

 

နန်းခေးမားဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး မော်ဒယ်လ်လောကမှာ နှစ်တွေအကြာကြီးရပ်တည်လာတဲ့ မော်ဒယ်လ်တစ်ဦးဖြစ်ပါ တယ်။ အောင်မြင်မှုတွေလည်း ပိုင်ဆိုင်ထားသလို ပရိသတ်တွေရဲ့ အချစ်ကိုလည်း ရရှိပိုင်ဆိုင်ထားပါတယ်။ နန်းခေးမားဟာ တက်သစ်စ မော်ဒယ်လ် လေးတွေရဲ့ အားကျအတုယူရသူ တစ်ဦးအဖြစ် သတ်မှတ်တာကိုလည်း ခံထားရပါတယ်။

Share

Loading Next Article...
က္က