သူက အစ်မအပေါ်အရမ်းကောင်းတဲ့သူတစ်ယောက်ပါ။
 

အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်(Pop Soul)တစ်ယောက် လတ်တလော သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ သရုပ် ဆောင် အောင်ရဲလင်းရဲ့ ဓာတ်ပုံတွေကို အမြဲတင်လေ့ရှိပါတယ်။ အရင်တုန်းကလည်း အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလထွက်ခဲ့ ဖူးတဲ့ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း Duwun  Media ရဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့ပါတယ်။

'' ကိုအောင်ရဲလင်းပုံတွေ တင်ဖြစ်တာကလည်း အစ်ကိုက မတင်ဘူးလေ၊ တင်လည်း တစ်ပုံလေးတင်လိုက် ဆိုတော့ အစ်မက အသည်းယား တယ်၊ ပုံတွေကလည်း အစ်မမှာ ရှိနေတာ၊ ဒါတွေကလည်း အစ်မ စီစဉ်ပြီးရိုက်ထားတာဆိုတော့ အစ်မဘာသာ အစ်မ တင်နေရတာပါ။ အစ်မ တို့နှစ်ယောက်က ၄၊ ၅၊ ၆ နှစ်ပေါ့နော် ရေရှည် အမြဲတမ်း သူ့ရဲ့ ပင်တိုင် Make-up Arist တစ်ယောက်အနေနဲ့ လက်ခံထားပေးတဲ့ အတွက် ကိုလည်း အစ်မက အများကြီးကျေးဇူးတင်တယ်၊ ဆံပင်ကိုလည်း သူ့တစ်ယောက်တည်းကိုပဲ ညှပ်ပေးဖြစ်တယ်'' ဆိုပြီးတော့ ဇွန်လ ၂၄ ရက်နေ့က Blanco ရဲ့ ၈ နှစ်ပြည့် အမှတ်တရပွဲကို တက်ရောက်လာတဲ့ မထက်(Pop Soul) က Duwun Media ရဲ့ မေးခွန်းကို ဖြေဆိုခဲ့တာပါ။

ချစ်သူဆီက မကြိုက်တဲ့အချက်တွေပြောလာတဲ့ မထက်

မထက်(Pop Soul) အနေနဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အလုပ်လုပ်ရတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်  အပြန်အလှန် အကြံဉာဏ် တွေ ပေးဖြစ်ပါတယ်တဲ့။

'' အစ်မက အလုပ်နဲ့ ပတ်သက်လာရင် မင်းသားကို အကြံဉာဏ်လေးတွေ ပေးဖြစ်တယ်။ ဒါကိုမကြိုက်ဘူးဆို မကြိုက်ဘူးလို့ပဲ အစ်မက ပြောတယ်။ ကြိုက်တယ်ဆို ကြိုက်တယ်ပေါ့ ဥပမာ သူ့ရဲ့ သရုပ်ဆောင်မှုတွေမှာလည်း အစ်မက လက်ခံနိုင်တာလည်းရှိသလို လက်မခံနိုင်တာ တွေလည်းရှိပါတယ် အစ်မက ပွင့်လင်းစွာ ဝေဖန်အကြံပေးတယ်။ အဲ့ဒါကြောင့်မို့လို့လား မသိဘူး အစ်မနဲ့သူနဲ့ကတော့ ပိုပြီးတော့ ရင်းရင်းနှီးနှီး ရှိတယ်။ သူကလည်း အစ်မကို ဘယ်လိုလေးတွေ လုပ်ကြည့်ပါလားဆိုတာမျိုးတွေ အကြံပေးလေ့ရှိပါတယ်။ အစ်မလေးစားရတဲ့ အရာတွေလည်း သူ့မှာ အများကြီးရှိပါတယ်''

 

မင်းသားအောင်ရဲလင်းနဲ့ မိတ်ကပ်မထက်(Pop Soul) တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်ရှိခဲ့တုန်းကလည်း မင်းသား ဘက်က နားလည်မှုတွေ အများကြီးရှိခဲ့တဲ့အတွက် ဝမ်းလည်း ဝမ်းသာမိသလို ကျေနပ်မိတယ်လို့ သူကဆိုပါတယ်။

'' အစ်မအပေါ် အရမ်းကောင်းတဲ့ သူတစ်ယောက်ပါ။ အစ်မကလည်း သူ့အပေါ် အရမ်းကိုလေးစားပါတယ်။ အစ်မနဲ့ ကောလာဟလတွေ ထွက်လာတဲ့အချိန်မှာလည်း အစ်မကတော့ မင်းသားကိုအားနာတာပေါ့။ ကိုယ့်ကြောင့် မင်းသားထိခိုက်မှာကိုလည်း အရမ်းစိုးရိမ်တယ်။ ဒါပေမယ့် မင်းသားကို အစ်မ အရမ်းသဘောကျတာရှိတယ်။ ဒဲ့တိုက်ခိုက်တာတွေ ဒဲ့ပြောတာတွေရှိတယ်။ ဒါပေမယ့် မင်းသားကလေ အစ်မ အပေါ် စိတ်သဘောထားအရမ်းကောင်းတယ် ၊ အဲ့ဒီအတွက် အရမ်းလည်းဝမ်းသာတယ်၊ အရမ်းလည်းကျေနပ်မိတယ်'' လို့ မထက်(Pop Soul) ကပြောပါတယ်။

မထက်(Pop Soul) ဟာ လက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်နေသူတစ်ယောက်ပါ။ သူ့အနေနဲ့ အခုဆိုရင် အလှဓာတ်ပုံတွေလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်ကားရိုက်တာမျိုးတွေတော့ မလုပ်ဘူးလို့ဆိုပါတယ်။ မထက်ဟာ အခုချိန်ထိ သရုပ်ဆောင် အောင်ရဲလင်းရဲ့ ပင်တိုင် Make up Arist တစ်ဦးအနေနဲ့ ဆောင်ရွက်နေရတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က