ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီးတော့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းမော်ကွန်းဟာ ဝိညာဉ်စိမ်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဦးဘသိန်းမောင်ရဲ့ သား ၄ ယောက်ထဲက တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား ရိုကကူးရင်းက ပရလောကနဲ့ဆိုင်တဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

'' ကျွန်တော့် ကာရိုက်တာကတာ့ လောင်းကစားဝါသနာပါတဲ့ သားတစ်ယောက်ပါ။ ဒီဇာတ်ကားထဲက ကာရိုက်တာ အပေါ်မှာလည်း စိတ်ကျေနပ်မှု ရှိပါတယ်။ အားလုံးကလည်း တက်ညီလက်ညီ ကြိုးစားထားတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာတော့ ကျွန်တော်က ထူးထူးဆန်းဆန်းတွေ မကြုံလိုက်ဘူး သူများတွေ ကြုံခဲ့ရတယ်လု့ိတော့ ကျွန်တော်ကြားပါတယ်'' ဆိုပြီးတော့ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တက်ရောက်လာတဲ့ မင်းမော်ကွန်းက မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ပေပေတေတေ အရက်သမားအဖြစ် မြင်ရမယ့် ကျော်ကျော်ဗို  

ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားဟာ ဝိညာဉ်ဘဝကို ရောက်နေတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးဖြစ်ပါတယ်။ ဝိညာဉ်တို့၊ ပရလောကတို့ ရှိတယ်ဆိုတာကိုလည်း မင်းမော်ကွန်းအနေနဲ့ အယုံအကြည်ရှိတယ်လို့ ဆိုပါတယ်။

''ဝိညာဉ်တို့၊  ပရလောက ဆိုတာကလည်း ကျွန်တော်တို့ ဘုရားဟောထားပါတယ်။ ၃၁ ဘုံဆိုတာရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော့် အနေနဲ့တော့ အယုံအကြည်ရှိတယ်။ ဒီဇာတ်ကားလေးကလည်း မိဘမေတ္တာကိုဖော်ကျူးတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားလေး ရိုက်တုန်းကလည်း ကျွန်တော်တို့ အားလုံး တက်ညီလက်ညီကြိုးစားထားကြလို့ အကောင်းဆုံးဖြစ်မှာပါ'' လို့ သူကဆိုပါတယ်။

 

ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးကို 7 Sence Flim Production က ထုတ်လုပ်ပြီး ဒါရိုက်တာဝင်းထွန်းထွန်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။ ဒီဇာတ်ကားကြီးဟာ ချမ်းသာ(ရွှေမန်းသဘင်)ရဲ့ လိပ်ပြာမှာဆိုတဲ့ ဇာတ်လမ်းကို အကယ်ဒမီ ငြိမ်းမင်းက ဇာတ်ညွှန်းပြန်လည်ရေးဖွဲ့ ထားတာပဲဖြစ်ပါတယ်။ ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျော်သူ၊ ရန်အောင်၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံ နဲ့ အကယ်ဒမီစိုးမြတ်သူဇာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က