ချစ်သူသက်တမ်း ၅ နှစ်ရှိပြီဖြစ်ပေမဲ့ မထက်က သူ့ချစ်သူဘယ်သူဆိုတာ မပြောပြပါဘူး။

Photo: မထက်ဖေ့စ်ဘွတ်

 

မိတ်ကပ်ပညာရှင် မထက်(Pop Soul) ရဲ့ အချစ်ရေးက သာယာဖြောင့်ဖြူူးနေတယ်လို့ သိရပါတယ်။ ဘယ်တော့ လက်ထပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ မထက်က အခုလို တွေးတွေးဆဆလေး ဖြေခဲ့ပါတယ်။

'' အစ်မကတော့ ဖြစ်နိုင်မယ်မထင်ဘူး၊ အစ်မတို့နိုင်ငံအနေအထားနဲ့ဆိုရင် အစ်မကတော့ အမြဲတမ်းပြန်တွေးတယ်။ အစ်မက စိတ်ကူးယဉ် ရတာထက် လက်တွေ့ကို ပိုကြိုက်တယ်။ အစ်မတို့အတွက်ကတော့ သိပ်ဖြစ်နိုင်ဖို့မလွယ်ပါဘူး။ အခုလက်ရှိ အစ်မတို့အချစ်ရေးကလည်း အဆင်ပြေတယ်၊ နားလည်မှုနဲ့ ရှေ့ဆက်တယ်။ ပျော်ဖို့လည်းကောင်းတယ်။ ဒီနှစ်လပိုင်းတုန်းက အစ်မတို့ ချစ်သူသက်တမ်း ၅ နှစ်ပြည့်ပြီ'' လို့ သူက ဆိုပါတယ်။

Blanco Brand ရဲ့ ၈ နှစ်ပြည့်အောင်မြင်မှု အထိမ်းအမှတ်ပွဲကို တက်ရောက်လာတဲ့ မထက်

ချစ်သူဆီက မကြိုက်တဲ့အချက်တွေပြောလာတဲ့ မထက် 

 

ဇွန်လ ၂၄ ရက်နေ့က Blanco Brand ရဲ့ ၈ နှစ်ပြည့်အောင်မြင်မှု အထိမ်းအမှတ်ပွဲကို တက်ရောက်လာတဲ့ မထက်က သူ့ချစ်သူ ဘယ်သူဆိုတာကို ပြောမပြရတဲ့ အကြောင်းရင်းကိုလည်း ပြောပြခဲ့ပါတယ်။

'' အစ်မတို့ကတော့ ရေရှည်ချစ်ချင်တယ်။ ဘယ်သူမှမသိလေ အစ်မတို့ ရေရှည်အချစ်ရေးက ပိုပြီးတော့ အဓွန့်ရှည်မယ်လို့ အစ်မတော့ ထင်တယ်။ အဲဒါကြောင့် အစ်မဘယ်သူ့မှ မပြဘူး။ လူသိရင် ပိုပြီးအကွဲမြန်မယ်ထင်လို့။ ချစ်သူကို ဘယ်တော့ ထုတ်ပြမလဲဆိုတော့ အစ်မတို့ အခွင့်အလမ်းတွေ အများကြီးရှိပြီးတော့ အားလုံးလက်ခံနိုင်တယ်၊ သူလည်းပိုပြီးတော့ သတ္တိရှိတယ်ဆိုတဲ့ အခါမျိုးပေါ့နော်'' လို့ မထက်က ဆိုပါတယ်။

Photo: မထက်ဖေ့စ်ဘွတ်

 

မထက်အနေနဲ့ သူလိုချင်တဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားကြောင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။  မထက်ဟာ လက်ရှိ မိတ်ကပ်လောကမှာ အောင်မြင်နေသူတစ်ယောက်ပါ။

 

Share

Loading Next Article...
က္က